မိခင္ကိုယ္တိုင္ ကားေပၚမွာခ်န္ရစ္ခဲ့တဲ့ေမြးကင္းစကေလးငယ္ကို ကယ္ထုတ္ေပးခဲ့ရတဲ့လံုျခံဳေရးဝန္ထမ္း

ယခုလိုေရာဂါျဖစ္ပြားေနတဲ့အခ်ိန္ကာလမွာ မေလး႐ွားႏိုင္ငံ႐ွိကုန္တိုက္ႀကီးေတြဟာ 12 ႏွစ္ေအာက္ ကေလးေတြကိုိေခၚလာဖို႔တားျမစ္ထားပါတယ္ ။ သို႔ေပမဲ့လည္း Penang က မိခင္တစ္ေယာက္က စည္းကမ္းကိုလိုတာထက္ပိုလိုက္နာခဲ့တယ္လို႔ဆိုရမွာပါပဲ ။ အေၾကာင္းကေတာ့ ကုန္တိုက္မွာသူမေစ်းဝယ္ထြက္ေနတုန္း ေမြးကင္းစအရြယ္ကေလးငယ္ကို သူမရဲ႕ကားေပၚမွာခ်န္ရစ္ထားခဲ့လို႔ပါပဲ ။ ထို႔ေၾကာင့္ ကားအတြင္းထဲမွာ ေအာ္ဟစ္ငိုေႂကြးေနတဲ့ ကေလးငယ္ကို စံုတြဲတစ္တြဲကေတြ႔ျမင္ခဲ့လို႔ လံုျခံဳေရးဝန္ထမ္းကိုတိုင္ၾကားခဲ့ပါတယ္ ။

လံုျခံဳေရးဝန္ထမ္းကလည္း Customer Service ျပန္ၾကားေရးဌာနကေန ကေလးမိခင္ကိုအေၾကာင္းၾကားေပးဖို႔ေျပာဆိုခဲ့ေပမဲ့လည္း အသံလႊင့္စင္က ပ်က္ေနခဲ့ပါတယ္ ။ ဒါေၾကာင့္ ေနာက္ဆံုးလံုျခံဳေရးဝန္ထမ္းက Superior ကိုအေၾကာင္းၾကားၿပီး ကားေနာက္ဖက္ပုတင္းေပါက္ကို ရေအာင္ဖြင့္ခဲ့ၿပီးေနာက္ ကေလးငယ္ကိုႀကိဳးစားကယ္ထုတ္ခဲ့ရပါတယ္ ။ ကေလးငယ္မွာ ေမြးကင္းစအရြယ္သာ႐ွိေသးလို႔ အေတာ္ေလးကိုလည္း ပိန္ေနခဲ့ေသးေၾကာင္းသိ႐ွိရပါတယ္ ။

တာဝန္က်ေနတဲ့မန္ေနဂ်ာကလည္း ကေလးငယ္ရဲ႕မိခင္ကို႐ွာခဲ့ရၿပီး 15 မိနစ္အၾကာမွ မိခင္ျဖစ္သူဟာ ကေလးငယ္အနားသို႔ေရာက္႐ွိလာခဲ့ပါတယ္ ။ ထို႔ေနာက္ ေနအိမ္မွာဘယ္သူမွ႐ွိမေနတဲ့အတြက္ ကေလးငယ္ကိုအတူေခၚလာခဲ့ရတာျဖစ္ၿပီး ၊ ကုန္တိုက္ေရာက္ေတာ့ ကေလးေတြကိုေပးမဝင္လို႔ ကားထဲထားရစ္ခဲ့ရတာျဖစ္ေၾကာင္း မိခင္ျဖစ္သူက ႐ွင္းျပခဲ့ပါေတာ့တယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယခုလိုရောဂါဖြစ်ပွားနေတဲ့အချိန်ကာလမှာ မလေးရှားနိုင်ငံရှိကုန်တိုက်ကြီးတွေဟာ 12 နှစ်အောက် ကလေးတွေကိုခေါ်လာဖို့တားမြစ်ထားပါတယ် ။ သို့ပေမဲ့လည်း Penang က မိခင်တစ်ယောက်က စည်းကမ်းကိုလိုတာထက်ပိုလိုက်နာခဲ့တယ်လို့ဆိုရမှာပါပဲ ။ အကြောင်းကတော့ ကုန်တိုက်မှာသူမဈေးဝယ်ထွက်နေတုန်း မွေးကင်းစအရွယ်ကလေးငယ်ကို သူမရဲ့ကားပေါ်မှာချန်ရစ်ထားခဲ့လို့ပါပဲ ။ ထို့ကြောင့် ကားအတွင်းထဲမှာ အော်ဟစ်ငိုကြွေးနေတဲ့ ကလေးငယ်ကို စုံတွဲတစ်တွဲကတွေ့မြင်ခဲ့လို့ လုံခြုံရေးဝန်ထမ်းကိုတိုင်ကြားခဲ့ပါတယ် ။

လုံခြုံရေးဝန်ထမ်းကလည်း Customer Service ပြန်ကြားရေးဌာနကနေ ကလေးမိခင်ကိုအကြောင်းကြားပေးဖို့ပြောဆိုခဲ့ပေမဲ့လည်း အသံလွှင့်စင်က ပျက်နေခဲ့ပါတယ် ။ ဒါကြောင့် နောက်ဆုံးလုံခြုံရေးဝန်ထမ်းက Superior ကိုအကြောင်းကြားပြီး ကားနောက်ဖက်ပုတင်းပေါက်ကို ရအောင်ဖွင့်ခဲ့ပြီးနောက် ကလေးငယ်ကိုကြိုးစားကယ်ထုတ်ခဲ့ရပါတယ် ။ ကလေးငယ်မှာ မွေးကင်းစအရွယ်သာရှိသေးလို့ အတော်လေးကိုလည်း ပိန်နေခဲ့သေးကြောင်းသိရှိရပါတယ် ။

တာဝန်ကျနေတဲ့မန်နေဂျာကလည်း ကလေးငယ်ရဲ့မိခင်ကိုရှာခဲ့ရပြီး 15 မိနစ်အကြာမှ မိခင်ဖြစ်သူဟာ ကလေးငယ်အနားသို့ရောက်ရှိလာခဲ့ပါတယ် ။ ထို့နောက် နေအိမ်မှာဘယ်သူမှရှိမနေတဲ့အတွက် ကလေးငယ်ကိုအတူခေါ်လာခဲ့ရတာဖြစ်ပြီး ၊ ကုန်တိုက်ရောက်တော့ ကလေးတွေကိုပေးမဝင်လို့ ကားထဲထားရစ်ခဲ့ရတာဖြစ်ကြောင်း မိခင်ဖြစ်သူက ရှင်းပြခဲ့ပါတော့တယ် ။

Jasmine (Mckzone Daily)

  • Leave a Comment