ႏွစ္ေပါင္းေထာင္ခ်ီသက္တမ္း႐ွိေနတဲ့ ေရႊဒဂၤါးေတြကို တူေဖာ္ေတြ႔႐ွိခဲ့ၾကတဲ့ ဆယ္ေက်ာ္သက္လူငယ္ေတြ

ေ႐ွးေဟာင္းသုေတသနတူးေဖာ္ေရးလုပ္ငန္းမွာတာဝန္ထမ္းေဆာင္ေနတဲ့ ဆယ္ေက်ာ္သက္ေစတနာ့ဝန္ထမ္းေလးေတြဟာ ၿပီးခဲ့တဲ့ August 24 ရက္ေန႔က ႏွစ္ေပါင္း 1100 သက္တမ္း႐ွိေနၿပီျဖစ္တဲ့ ေရႊဒဂၤါး 425 ခုကို တူးေဖာ္ေတြ႔႐ွိခဲ့ၾကပါတယ္ ။ အဆိုပါ႐ွားပါးလြန္းတဲ့ေရႊဒဂၤါးေတြဟာ 9ရာစုႏွစ္ေလာက္က Abbasid Caliphate နန္းဆက္တုန္းက ေရႊဒဂၤါးမ်ားျဖစ္ေၾကာင္း ဒဂၤါးျပားေတြရဲ႕ကြၽမ္းက်င္ပညာ႐ွင္ Robert Kool ကေျပာဆိုခဲ့ပါတယ္ ။ ေရႊဒဂၤါးေတြဟာ 845 g အေလးခ်ိန္႐ွိၿပီး အဆိုပါေခတ္အခါက အီဂ်စ္ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ျဖစ္တဲ့ Fustat ၿမိဳ႕ရဲ႕ အခမ္းနားဆံုးေသာေနအိမ္ႀကီးမ်ိဳးကို ဝယ္ယူႏိုင္တဲ့ေငြပမာဏျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

ဒဂၤါးျပားေတြေတြ႔႐ွိခဲ့တဲ့ေနရာဟာ Abbasid Caliphate မင္းဆက္ႀကီးစိုးခဲ့တဲ့ေနရာျဖစ္ခဲ့ၿပီး ၊ Persia ကေန အာဖရိကေျမာက္ပိုင္းအထိ က်ယ္ျပန္႔စြာ ႀကီးစိုးခဲ့တဲ့မင္းဆက္လည္းျဖစ္ပါတယ္ ။

ေရႊဒဂၤါးေတြကို႐ွာေဖြေတြ႔႐ွိခဲ့တဲ့ ေစတနာ့ဝန္ထမ္းဆယ္ေက်ာ္သက္ေလးေတြကေတာ့ ” ေျမႀကီးကိုတူးလိုက္တဲ့အခ်ိန္မွာ ပါးလႊာတဲ့ အႂကြင္းအက်န္ေလးေတြေတြ႔႐ွိခဲ့တယ္ ၊ ေနာက္တစ္ေခါက္ၾကည့္လိုက္တဲ့ခ်ိန္မွ ေရႊဒဂၤါးေတြျဖစ္ေနတယ္ ၊ ေ႐ွးေဟာင္းရတနာေလးေတြကို႐ွာေတြ႔ခဲ့လို႔ အေတာ္ေလးကိုစိတ္လႈပ္႐ွားမိပါတယ္ ” ဆိုၿပီး ေျပာျပသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

ရှေးဟောင်းသုတေသနတူးဖော်ရေးလုပ်ငန်းမှာတာဝန်ထမ်းဆောင်နေတဲ့ ဆယ်ကျော်သက်စေတနာ့ဝန်ထမ်းလေးတွေဟာ ပြီးခဲ့တဲ့ August 24 ရက်နေ့က နှစ်ပေါင်း 1100 သက်တမ်းရှိနေပြီဖြစ်တဲ့ ရွှေဒင်္ဂါး 425 ခုကို တူးဖော်တွေ့ရှိခဲ့ကြပါတယ် ။ အဆိုပါရှားပါးလွန်းတဲ့ရွှေဒင်္ဂါးတွေဟာ 9ရာစုနှစ်လောက်က Abbasid Caliphate နန်းဆက်တုန်းက ရွှေဒင်္ဂါးများဖြစ်ကြောင်း ဒင်္ဂါးပြားတွေရဲ့ကျွမ်းကျင်ပညာရှင် Robert Kool ကပြောဆိုခဲ့ပါတယ် ။ ရွှေဒင်္ဂါးတွေဟာ 845 g အလေးချိန်ရှိပြီး အဆိုပါခေတ်အခါက အီဂျစ်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ Fustat မြို့ရဲ့ အခမ်းနားဆုံးသောနေအိမ်ကြီးမျိုးကို ဝယ်ယူနိုင်တဲ့ငွေပမာဏဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

ဒင်္ဂါးပြားတွေတွေ့ရှိခဲ့တဲ့နေရာဟာ Abbasid Caliphate မင်းဆက်ကြီးစိုးခဲ့တဲ့နေရာဖြစ်ခဲ့ပြီး ၊ Persia ကနေ အာဖရိကမြောက်ပိုင်းအထိ ကျယ်ပြန့်စွာ ကြီးစိုးခဲ့တဲ့မင်းဆက်လည်းဖြစ်ပါတယ် ။

ရွှေဒင်္ဂါးတွေကိုရှာဖွေတွေ့ရှိခဲ့တဲ့ စေတနာ့ဝန်ထမ်းဆယ်ကျော်သက်လေးတွေကတော့ ” မြေကြီးကိုတူးလိုက်တဲ့အချိန်မှာ ပါးလွှာတဲ့ အကြွင်းအကျန်လေးတွေတွေ့ရှိခဲ့တယ် ၊ နောက်တစ်ခေါက်ကြည့်လိုက်တဲ့ချိန်မှ ရွှေဒင်္ဂါးတွေဖြစ်နေတယ် ၊ ရှေးဟောင်းရတနာလေးတွေကိုရှာတွေ့ခဲ့လို့ အတော်လေးကိုစိတ်လှုပ်ရှားမိပါတယ် ” ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment