အဘိုးအဘြားရဲ႕ 54ႏွစ္ျပည့္ မဂၤလာပြဲႏွစ္ပတ္လည္ကို Surprises လုပ္ေပးခဲ့တဲ့ မိန္းကေလး

အာ႐ွနိုင္ငံေတြကလူအမ်ားစုဟာ သူတို႔ရဲ႕မဂၤလာပြဲႏွစ္ပတ္လည္ေတြကို သတိသရနဲ႔လုပ္ေလ့လုပ္ထသိပ္မ႐ွိပါဘူး ။ ဒါေပမဲ့လည္း မၾကာေသးခင္ကမွ စင္ကာပူႏိုင္ငံက စံုတြဲတစ္တြဲဟာ သူတို႔ရဲ႕ 54ႏွစ္ျပၫ့္မဂၤလာႏွစ္ပတ္လည္ပြဲကို Sentosa ကြၽန္မွာ ေဆြမ်ိဳးေတြနဲ႔အတူက်င္းပခဲ့ပါတယ္ ။ ၎ပြဲကိုေတာ့ သူတို႔၏ အသက္ 23ႏွစ္အရြယ္ေျမးမေလးက တိတ္တဆိတ္ Surprises အေနနဲ႔က်င္းပေပးခဲ့ျခင္းျဖစ္ပါတယ္ ။ ” ကြၽန္မရဲ႕မိဘေတြက သိုသိုသိပ္သိပ္ေနထိုင္ေလ့႐ွိၿပီး ၊ သူတို႔မဂၤလာပြဲရဲ႕ႏွစ္ပတ္လည္ကို က်င္းပေလ့သိပ္မ႐ွိပါဘူး ၊ အဲ့ေၾကာင့္ ဒီတစ္ေခါက္မွာေတာ့ ကြၽန္မတို႔ရဲ႕ အဘိုးအဘြားေတြအတြက္ က်င္းပေပးခ်င္ပါတယ္ “ဆိုၿပီး သူမကေျပာဆိုသြားခဲ့ပါတယ္ ။ထို႔ေနာက္ ေျမးမေလးက အဘိုးအဘြားေတြကို ေစ်းဝယ္ထြက္ရန္ႏွင့္ အခ်ိန္ျဖဳန္းႏိုင္ရန္အတြက္ဆိုၿပီး Santosa သို႔ေခၚလာခဲ့ပါတယ္ ။ Surprise လုပ္ရန္အတြက္ အဘိုးအဘြားကိုေတာ့လံုးဝဖံုးကြယ္ထားခဲ့ၿပီး ႐ိုမန္းတစ္ဆန္ဆန္အလွဆင္ထားသည့္ခန္းမအတြင္းသို႔ ေျမးမေလးကေခၚသြားခဲ့တဲ့အခ်ိန္မွာမွ အဘိုးအဘြားက ရိပ္မိခဲ့ပါတယ္ ။ အဆိုပါပြဲသို႔ ဖိတ္ၾကားထားေသာ ေဆြမ်ိဳးအေယာက္ 20ခန္႔တက္ေရာက္ခဲ့ေၾကာင္းလည္းသိ႐ွိရပါတယ္ ။

ပိုၿပီးခ်စ္ဖို႔ေကာင္းတဲ့အရာကေတာ့ အဘိုးအဘြားက အဆင္သင့္ျပင္ဆင္ထားေပးတဲ့မဂၤလာဝတ္စံုကိုဝတ္ဆင္ခဲ့ၾကၿပီး လက္ခ်င္းခ်ိတ္ၿပီးခန္းမအတြင္းသို႔ဝင္လာခဲ့ပံုကေတာ့ ဧည့္သည္ေတြကိုအေတာ္ေလးပီတိျဖာသြားေစခဲ့ပါတယ္ ။အဆိုပါ အသက္ 80အရြယ္အဘိုး ႏွင့္ အသက္ 74ႏွစ္အရြယ္အဘြားတို႔ဟာ 1965 ခုႏွစ္ စက္တင္ဘာလမွာ လက္ထပ္ခဲ့ၾကတာျဖစ္ၿပီး မဂၤလာသက္တမ္း 54ႏွစ္အထိ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ အတူတူျဖတ္သန္းခဲ့ၾကပါတယ္ ။ ဇနီးျဖစ္သူမွာ အစ္ကိုေတြရဲ႕မိတ္ဆက္ေပးမႈေၾကာင့္ ခင္ပြန္းျဖစ္သူနဲ႔ေတြ႔ဆံုခဲ့တာျဖစ္ၿပီး ၊ ေနာက္ 2ႏွစ္အၾကာမွာမွ လက္ထပ္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အာရှနိုင်ငံတွေကလူအများစုဟာ သူတို့ရဲ့မင်္ဂလာပွဲနှစ်ပတ်လည်တွေကို သတိသရနဲ့လုပ်လေ့လုပ်ထသိပ်မရှိပါဘူး ။ ဒါပေမဲ့လည်း မကြာသေးခင်ကမှ စင်ကာပူနိုင်ငံက စုံတွဲတစ်တွဲဟာ သူတို့ရဲ့ 54နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်ပွဲကို Sentosa ကျွန်မှာ ဆွေမျိုးတွေနဲ့အတူကျင်းပခဲ့ပါတယ် ။ ၎င်းပွဲကိုတော့ သူတို့၏ အသက် 23နှစ်အရွယ်မြေးမလေးက တိတ်တဆိတ် Surprises အနေနဲ့ကျင်းပပေးခဲ့ခြင်းဖြစ်ပါတယ် ။ ” ကျွန်မရဲ့မိဘတွေက သိုသိုသိပ်သိပ်နေထိုင်လေ့ရှိပြီး ၊ သူတို့မင်္ဂလာပွဲရဲ့နှစ်ပတ်လည်ကို ကျင်းပလေ့သိပ်မရှိပါဘူး ၊ အဲ့ကြောင့် ဒီတစ်ခေါက်မှာတော့ ကျွန်မတို့ရဲ့ အဘိုးအဘွားတွေအတွက် ကျင်းပပေးချင်ပါတယ် “ဆိုပြီး သူမကပြောဆိုသွားခဲ့ပါတယ် ။ထို့နောက် မြေးမလေးက အဘိုးအဘွားတွေကို ဈေးဝယ်ထွက်ရန်နှင့် အချိန်ဖြုန်းနိုင်ရန်အတွက်ဆိုပြီး Santosa သို့ခေါ်လာခဲ့ပါတယ် ။ Surprise လုပ်ရန်အတွက် အဘိုးအဘွားကိုတော့လုံးဝဖုံးကွယ်ထားခဲ့ပြီး ရိုမန်းတစ်ဆန်ဆန်အလှဆင်ထားသည့်ခန်းမအတွင်းသို့ မြေးမလေးကခေါ်သွားခဲ့တဲ့အချိန်မှာမှ အဘိုးအဘွားက ရိပ်မိခဲ့ပါတယ် ။ အဆိုပါပွဲသို့ ဖိတ်ကြားထားသော ဆွေမျိုးအယောက် 20ခန့်တက်ရောက်ခဲ့ကြောင်းလည်းသိရှိရပါတယ် ။

ပိုပြီးချစ်ဖို့ကောင်းတဲ့အရာကတော့ အဘိုးအဘွားက အဆင်သင့်ပြင်ဆင်ထားပေးတဲ့မင်္ဂလာဝတ်စုံကိုဝတ်ဆင်ခဲ့ကြပြီး လက်ချင်းချိတ်ပြီးခန်းမအတွင်းသို့ဝင်လာခဲ့ပုံကတော့ ဧည့်သည်တွေကိုအတော်လေးပီတိဖြာသွားစေခဲ့ပါတယ် ။အဆိုပါ အသက် 80အရွယ်အဘိုး နှင့် အသက် 74နှစ်အရွယ်အဘွားတို့ဟာ 1965 ခုနှစ် စက်တင်ဘာလမှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး မင်္ဂလာသက်တမ်း 54နှစ်အထိ ပျော်ပျော်ရွှင်ရွှင် အတူတူဖြတ်သန်းခဲ့ကြပါတယ် ။ ဇနီးဖြစ်သူမှာ အစ်ကိုတွေရဲ့မိတ်ဆက်ပေးမှုကြောင့် ခင်ပွန်းဖြစ်သူနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး ၊ နောက် 2နှစ်အကြာမှာမှ လက်ထပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အဘိုးအဘြားရဲ႕ 54ႏွစ္ျပည့္ မဂၤလာပြဲႏွစ္ပတ္လည္ကို Surprises လုပ္ေပးခဲ့တဲ့ မိန္းကေလး"

Leave a comment

Your email address will not be published.


*