ဆင်ငယ်လေးကို သီချင်းဆိုပြီးချော့သိပ်နိုင်အောင် ဆင်ထိန်းအနားမှာရှိနေတဲ့လူတွေကို တွန်းဖယ်ခဲ့တဲ့ ဆင်မကြီး (ရုပ်သံ)




Jasmine (Mckzone Daily)

Source: boredpanda

Unicode

လူတွေ နဲ့ ၎င်းတို့ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ချစ်ခင်းဟာ အတော်လေးကိုနက်နဲခိုင်မြဲလွန်းလှပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံ ၊ Chiang Mai မြို့အနီးမှာရှိတဲ့ ဆင်စခန်းတစ်ခုမှ ဆင်ထိန်း နဲ့ ဆင်မတစ်ကောင်ရဲ့ချစ်ခြင်းမေတ္တာခိုင်မြဲပုံကိုပြောပြပါရစေ ။ Lek Chailert အမည်ရှိတဲ့ ဆင်ထိန်းအမျိုးသမီးရဲ့ပြောပြချက်အရ ” ကျွန်မဧည့်သည်တွေနဲ့ တွေ့ဆုံနေတုန်း ဆင်မကြီး Faa Mai ကကျွန်မကိုရုတ်တရက်လာခေါ်ထုတ်သွားတယ် ၊ သူကျွန်မကို ဘယ်ခေါ်သွားမလို့လဲဆိုပြီး ကျွန်မအံ့သြနေခဲ့တာ ၊ နောက်ဆုံးတော့ Faa Mai က ကျွန်မကိုဆင်ပေါက်လေး Thong Ae ဆီခေါ်သွားပြီး ကလေးချော့တေးဆိုခိုင်းခဲ့ပါတယ် ၊ သူရဲ့ကလေးမဟုတ်ပေးမဲ့ ဆင်ပေါက်လေးကိုဂရုစိုက်လွန်းတဲ့ ဆင်မကြီးရဲ့လုပ်ရပ်ကို ဂုဏ်ယူမိတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ် ။

Lek Chailert ဟာ ဆင်မကြီး Faa Mai ကို မွေးကင်းစအရွယ်ကတည်းက ထိန်းကျောင်းပေးခဲ့တဲ့အတွက် သူတို့နှစ်ယောက်ကြားမှာတော့ ခိုင်မြဲလွန်တဲ့သံယောဇဉ်ရှိနေပြီးသားပါ ။

ဆင်ပေါက်လေးကိုလည်း ဆင်စခန်းကပဲ ကယ်ဆယ်ပြီးစောင့်ရှောက်ထားပေးခဲ့တာဖြစ်တဲ့အတွက် Faa Mai က ဆင်ပေါက်လေးကို သူ့အတိုင်း ချစ်ခြင်းမေတ္တာ ၊ ဂရုစိုက်မှုတွေကို ဆင်ထိန်း Lek Chailertဆီကနေ ရစေချင်လို့ ယခုလိုပြုမှုခဲ့တာဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဆင်ငယ်လေးကို သီချင်းဆိုပြီးချော့သိပ်နိုင်အောင် ဆင်ထိန်းအနားမှာရှိနေတဲ့လူတွေကို တွန်းဖယ်ခဲ့တဲ့ ဆင်မကြီး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*