ဆိုင္မွာသြားစားရင္း ေခါက္ဆြဲပန္းကန္ထဲ ပိုးဟပ္ပါလာလို႔ ငိုရမလိုျဖစ္ခဲ့တဲ့အမ်ိဳးသမီး

တစ္ခါတစ္ေလ ေခါက္ဆြဲႀကိဳက္တတ္တဲ့သူေတြအဖို႔ ေခါက္ဆြဲတစ္ပြဲကိုအားရပါးရ ပူပူစပ္စပ္ေလးစားရရင္ျဖင့္ စိတ္ေက်နပ္မႈအျပည့္ရေစမွာပါ ။ သို႔ေပမဲ့ အဆိုပါစားေသာက္ဆိုင္က သန္႔႐ွင္းသပ္ရပ္မႈမ႐ွိရင္ေတာ့ ေခါက္ဆြဲစားခ်င္စိတ္ တစ္သက္လံုးေပ်ာက္သြားပါလိမ့္မယ္ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံမွာ႐ွိတဲ့ ေခါက္ဆြဲေကာင္းေကာင္းေလးရႏိုင္တဲ့ Kopitiam ဆိုတဲ့ဆိုင္ကို Ling Yean ဆိုတဲ့အမ်ိဳးသမီးက သြားေရာက္စားေသာက္ခဲ့ပါတယ္ ။ ေခါက္ဆြဲအရသာေကာင္းေပမဲ့ ဆိုင္ကသန္႔႐ွင္းသပ္ရပ္မႈက အေတာ္ေလးကိုညံ့ၿပီးဆိုးဝါးလြန္းတယ္လို႔ေျပာရမွာပါပဲ ။ အေၾကာင္းကေတာ့ သူမမွာယူစားေသာက္ခဲ့တဲ့ ေခါက္ဆြဲပန္းကန္ထဲမွာ ပိုးဟပ္ႀကီးတစ္ေကာင္ပါလာလို႔ပါပဲ ။

‘ ဧရာမပိုးဟပ္ႀကီးကို ကြၽန္မေခါက္ဆြဲပန္းကန္လံုးထဲမွာေတြ႔ခဲ့တယ္ ၊ ျပန္အန္ထြက္ေတာ့မလို႔ပဲ ၊ အဲ့ ေကာ္ဖီဆိုင္ကေတာ္ေတာ္ညစ္ပတ္တာပဲ ၊ အဲ့ဆိုင္မွာစားမယ္ဆိုရင္ေတာ့ ႏွစ္ႀကိမ္ေလာက္ေတာ့ျပန္စဥ္းစားရမယ္ ‘ ဆိုၿပီး သူမရဲ႕ Facebook စာမ်က္ႏွာမွာ ဓာတ္ပံုႏွင့္တကြ ေဝမ်ွခဲ့ပါတယ္ ။

ဓာတ္ပံုထဲမွာျမင္ေတြ႔ရတဲ့အတိုင္း ပိုးဟပ္ဟာအေတာ္ေလးႀကီးလြန္းၿပီး ၊ ေျခလက္မပ်က္႐ွိေနတုန္းပါပဲ ။ ဒါေၾကာင့္ အျပင္ဆိုင္မွာ ဘာပဲစားစား ကိုယ့္ရဲ႕ပန္းကန္ထဲက အစားအစာကိုေသခ်ာၾကည့္ၿပီးမွ စားဖို႔ မွာလိုက္ပါရေစ ။ ကံေကာင္းရင္ေတာ့ မစားခင္ ပန္းကန္ထဲမွာပိုးဟပ္႐ွိ ၊ မ႐ွိ သတိထားမိလိုက္မွာပါ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ခါတစ်လေ ခေါက်ဆွဲကြိုက်တတ်တဲ့သူတွေအဖို့ ခေါက်ဆွဲတစ်ပွဲကိုအားရပါးရ ပူပူစပ်စပ်လေးစားရရင်ဖြင့် စိတ်ကျေနပ်မှုအပြည့်ရစေမှာပါ ။ သို့ပေမဲ့ အဆိုပါစားသောက်ဆိုင်က သန့်ရှင်းသပ်ရပ်မှုမရှိရင်တော့ ခေါက်ဆွဲစားချင်စိတ် တစ်သက်လုံးပျောက်သွားပါလိမ့်မယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံမှာရှိတဲ့ ခေါက်ဆွဲကောင်းကောင်းလေးရနိုင်တဲ့ Kopitiam ဆိုတဲ့ဆိုင်ကို Ling Yean ဆိုတဲ့အမျိုးသမီးက သွားရောက်စားသောက်ခဲ့ပါတယ် ။ ခေါက်ဆွဲအရသာကောင်းပေမဲ့ ဆိုင်ကသန့်ရှင်းသပ်ရပ်မှုက အတော်လေးကိုညံ့ပြီးဆိုးဝါးလွန်းတယ်လို့ပြောရမှာပါပဲ ။ အကြောင်းကတော့ သူမမှာယူစားသောက်ခဲ့တဲ့ ခေါက်ဆွဲပန်းကန်ထဲမှာ ပိုးဟပ်ကြီးတစ်ကောင်ပါလာလို့ပါပဲ ။

‘ ဧရာမပိုးဟပ်ကြီးကို ကျွန်မခေါက်ဆွဲပန်းကန်လုံးထဲမှာတွေ့ခဲ့တယ် ၊ ပြန်အန်ထွက်တော့မလို့ပဲ ၊ အဲ့ ကော်ဖီဆိုင်ကတော်တော်ညစ်ပတ်တာပဲ ၊ အဲ့ဆိုင်မှာစားမယ်ဆိုရင်တော့ နှစ်ကြိမ်လောက်တော့ပြန်စဉ်းစားရမယ် ‘ ဆိုပြီး သူမရဲ့ Facebook စာမျက်နှာမှာ ဓာတ်ပုံနှင့်တကွ ဝေမျှခဲ့ပါတယ် ။

ဓာတ်ပုံထဲမှာမြင်တွေ့ရတဲ့အတိုင်း ပိုးဟပ်ဟာအတော်လေးကြီးလွန်းပြီး ၊ ခြေလက်မပျက်ရှိနေတုန်းပါပဲ ။ ဒါကြောင့် အပြင်ဆိုင်မှာ ဘာပဲစားစား ကိုယ့်ရဲ့ပန်းကန်ထဲက အစားအစာကိုသေချာကြည့်ပြီးမှ စားဖို့ မှာလိုက်ပါရစေ ။ ကံကောင်းရင်တော့ မစားခင် ပန်းကန်ထဲမှာပိုးဟပ်ရှိ ၊ မရှိ သတိထားမိလိုက်မှာပါ ။

Jasmine (Mckzone Daily)

  • Leave a Comment