ႏွစ္ေပါင္းမ်ားစြာ စုေဆာင္းလာခဲ့တဲ့အေႂကြေစ့ေလးေတြနဲ႔သားေလးကို ဖိနပ္ဝယ္ေပးခဲ့တဲ့ ဖခင္

လက္ေတြ႔ဘဝမွာလည္း သားသမီးအတြက္ဘာမဆိုလုပ္ေပးႏိုင္တဲ့ မိဘေတြမ်ားစြာ႐ွိပါတယ္ ။ ေငြေၾကးမတတ္ႏိုင္ဘူးဆိုရင္ေတာင္မွ သားသမီးေတြရဲ႕လိုအပ္ခ်က္ေတြကိုျဖည့္စည္းေပးႏိုင္ဖို႔ အျပင္မွာအလုပ္မ်ိဳးစံုထြက္လုပ္ၾကတဲ့မိဘေတြရဲ႕ ရင္ထဲကိုထိမိလြန္းတဲ့ အေၾကာင္းေတြလည္းမ်ားစြာ ၾကားဖူးၾကမွာပါ ။ ဒီတစ္ေခါက္မွာလည္း ဖိလစ္ပိုင္ႏိုင္ငံက ဆင္းရဲလြန္းတဲ့ဖခင္တစ္ဦးဟာသူ၏သားေလးကို ဖိနပ္ဝယ္ေပးဖို႔အတြက္ဆိုၿပီး ဖိနပ္ဆိုင္ေခၚသြားခဲ့ပါတယ္ ။ ဒါေပမဲ့ ပိုက္ဆံအိတ္ထုတ္ၿပီးေငြ႐ွင္းရမယ့္အစား ႏွစ္ေပါင္းမ်ားစြာစုေဆာင္းထားခဲ့တဲ့အေႂကြေစ့ေတြနဲ႔ျပည့္ေနခဲ့တဲ့ ေသတၱာေလးကိုထုတ္လာပါတယ္ ။ ပိုက္ဆံ႐ွင္းမည့္ ေကာင္တာမွာ႐ွိေနတဲ့ ဖခင္ျဖစ္သူ ႏွင့္ သားျဖစ္သူတို႔၏ ဓာတ္ပံုမ်ားစြာကို Facebook စာမ်က္ႏွာမွာေဖာ္ျပခဲ့ၾကပါတယ္ ။ ဖခင္ျဖစ္သူကေတာ့ သူ၏ေသတၱာထဲမွ အေႂကြးေစ့ေလးမ်ားကို တစ္ခုၿပီးတစ္ခုထုတ္ယူကာ ေရတြက္ေနခဲ့ၿပီး သားျဖစ္သူအတြက္ဖိနပ္တစ္စံုဝယ္ေပးဖို႔ ပိုက္ဆံလံုေလာက္သြားၿပီဆိုတာကိုသိလိုက္တဲ့အခ်ိန္မွာေတာ့ သူ၏မ်က္ႏွာေလးဟာ ဝမ္သာပီတိျဖစ္သြားၿပီး အားရပါးရျပံဳးသြားခဲ့ပါေတာ့တယ္ ။

သားအဖ ႏွစ္ဦး၏ဓာတ္ပံုကိုျမင္ေတြ႔ခဲ့ၾကတဲ့ လူအမ်ားစုကလည္း ဖခင္ျဖစ္သူ၏သားသမီးျဖစ္သူအေပၚထား႐ွိတဲ့ ခ်စ္ျခင္းေမတၱာေတြေၾကာင့္ ဝမ္းသာပီတိျဖစ္သြားၾကကာ ဆုေတာင္းေမတၱာပို႔ေပးခဲ့တဲ့ Comment ေတြအမ်ားအျပား ေရးသားခဲ့ၾကပါတယ္ ။ ထို႔အျပင္ အျခားသူမ်ားမွာလည္း အဆိုပါ သားအဖ ကိုသြားေရာက္ကူညီခ်င္ခဲ့တဲ့အတြက္ ၎တို႔၏အမည္ ၊ ေနရိပ္လိပ္စာ ႏွင့္ ဖုန္းနံပတ္တို႔ကိုပါ ေတာင္းဆိုခဲ့ၾကပါတယ္ ။ဒါေၾကာင့္ ဖခင္တစ္ေယာက္ရဲ႕သားသမီးေတြအေပၚထား႐ွိတဲ့ေမတၱာတရား ဟာလံုးဝအကန္႔အသတ္မ႐ွိတာကိုေဖာ္ျပေပးလိုက္သလို ပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လက်တွေ့ဘဝမှာလည်း သားသမီးအတွက်ဘာမဆိုလုပ်ပေးနိုင်တဲ့ မိဘတွေများစွာရှိပါတယ် ။ ငွေကြေးမတတ်နိုင်ဘူးဆိုရင်တောင်မှ သားသမီးတွေရဲ့လိုအပ်ချက်တွေကိုဖြည့်စည်းပေးနိုင်ဖို့ အပြင်မှာအလုပ်မျိုးစုံထွက်လုပ်ကြတဲ့မိဘတွေရဲ့ ရင်ထဲကိုထိမိလွန်းတဲ့ အကြောင်းတွေလည်းများစွာ ကြားဖူးကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း ဖိလစ်ပိုင်နိုင်ငံက ဆင်းရဲလွန်းတဲ့ဖခင်တစ်ဦးဟာသူ၏သားလေးကို ဖိနပ်ဝယ်ပေးဖို့အတွက်ဆိုပြီး ဖိနပ်ဆိုင်ခေါ်သွားခဲ့ပါတယ် ။ ဒါပေမဲ့ ပိုက်ဆံအိတ်ထုတ်ပြီးငွေရှင်းရမယ့်အစား နှစ်ပေါင်းများစွာစုဆောင်းထားခဲ့တဲ့အကြွေစေ့တွေနဲ့ပြည့်နေခဲ့တဲ့ သေတ္တာလေးကိုထုတ်လာပါတယ် ။ ပိုက်ဆံရှင်းမည့် ကောင်တာမှာရှိနေတဲ့ ဖခင်ဖြစ်သူ နှင့် သားဖြစ်သူတို့၏ ဓာတ်ပုံများစွာကို Facebook စာမျက်နှာမှာဖော်ပြခဲ့ကြပါတယ် ။ ဖခင်ဖြစ်သူကတော့ သူ၏သေတ္တာထဲမှ အကြွေးစေ့လေးများကို တစ်ခုပြီးတစ်ခုထုတ်ယူကာ ရေတွက်နေခဲ့ပြီး သားဖြစ်သူအတွက်ဖိနပ်တစ်စုံဝယ်ပေးဖို့ ပိုက်ဆံလုံလောက်သွားပြီဆိုတာကိုသိလိုက်တဲ့အချိန်မှာတော့ သူ၏မျက်နှာလေးဟာ ဝမ်သာပီတိဖြစ်သွားပြီး အားရပါးရပြုံးသွားခဲ့ပါတော့တယ် ။

သားအဖ နှစ်ဦး၏ဓာတ်ပုံကိုမြင်တွေ့ခဲ့ကြတဲ့ လူအများစုကလည်း ဖခင်ဖြစ်သူ၏သားသမီးဖြစ်သူအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် ဝမ်းသာပီတိဖြစ်သွားကြကာ ဆုတောင်းမေတ္တာပို့ပေးခဲ့တဲ့ Comment တွေအများအပြား ရေးသားခဲ့ကြပါတယ် ။ ထို့အပြင် အခြားသူများမှာလည်း အဆိုပါ သားအဖ ကိုသွားရောက်ကူညီချင်ခဲ့တဲ့အတွက် ၎င်းတို့၏အမည် ၊ နေရိပ်လိပ်စာ နှင့် ဖုန်းနံပတ်တို့ကိုပါ တောင်းဆိုခဲ့ကြပါတယ် ။ဒါကြောင့် ဖခင်တစ်ယောက်ရဲ့သားသမီးတွေအပေါ်ထားရှိတဲ့မေတ္တာတရား ဟာလုံးဝအကန့်အသတ်မရှိတာကိုဖော်ပြပေးလိုက်သလို ပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "ႏွစ္ေပါင္းမ်ားစြာ စုေဆာင္းလာခဲ့တဲ့အေႂကြေစ့ေလးေတြနဲ႔သားေလးကို ဖိနပ္ဝယ္ေပးခဲ့တဲ့ ဖခင္"

Leave a comment

Your email address will not be published.


*