ေကာင္မေလးကို ငွက္ေပ်ာသီးပန္းစည္းနဲ႔ ခ်စ္ခြင့္ပန္ခဲ့တဲ့အမ်ိဳးသားရဲ႕အျဖစ္

ေကာင္မေလးေတြကိုခ်စ္ခြင့္ပန္ရင္ ပိုက္ဆံပန္းစည္းေလးေတြ ၊ ေကာင္မေလးေတြႀကိဳက္ႏွစ္သက္မဲ့အရာေလးေတြနဲ႔ ခ်စ္ခြင့္ပန္ၾကေပမယ့္လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ တ႐ုတ္ႏိုင္ငံကအမ်ိဳးသားတစ္ေယာက္ရဲ႕ ခ်စ္ခြင့္ပန္တဲ့ပံုစံဟာ ထူးျခားလြန္းလို႔ social media ေပၚမွာေရပန္းစားေနလ်က္႐ွိပါတယ္ ။ အေၾကာင္းကေတာ့ လူစည္းကားလြန္းလွတဲ့ shopping center တစ္ခုမွာ ေယာက်ၤားေလးသူငယ္ခ်င္းတစ္ေယာက္နဲ႔ ထိုင္ေနခဲ့တဲ့ ေကာင္မေလးကို ခ်စ္ခြင့္ပန္ခဲ့တာပါ ။ အဆိုပါေကာင္ေလးက ေကာင္မေလးအနားေရာက္လာၿပီး ” ငါနင့္အတြက္ အထူးလက္ေဆာင္ယူလာတယ္ ၊ ၿပီးေတာ့ ငါနင့္ကိုဝန္ခံခ်င္တယ္ ၊ ငါနင့္ကို တစ္ဖက္သတ္ခ်စ္ေနခဲ့တာ အေတာ္ေလးကိုၾကာေနၿပီ ၊ နင္ ငွက္ေပ်ာသီးႀကိဳက္မွန္းသိလို႔ ငါမင္းအတြက္အထူးအေနနဲ႔ လုပ္လာေပးတာ ” ဆိုၿပီး ေကာင္မေလးထံ ငွက္ေပ်ာသီးပန္းစည္းေပးကာ ဒူးေထာက္ၿပီး ခ်စ္ခြင့္ပန္ခဲ့တာပါ ။

ေကာင္မေလးကေတာ့ လူဝိုင္းၾကည့္တာခံေနရလို႔ အေတာ္ေလးကို႐ွက္ေနပံုရၿပီး ျငင္းဆန္ေနခဲ့ေပမဲ့လည္း ၊ ေကာင္ေလးကေတာ့ သူ႔ကိုလက္မခံေပးလို႔ဆိုၿပီး ၾကမ္းျပင္ေပၚထိုင္ခ်ကာ ကေလးတစ္ေယာက္လိုစိတ္ဆိုးေဒါသထြက္ျပခဲ့ပါတယ္ ။ ေကာင္ေလးက” နင္ငါ့ကို ခ်စ္တယ္လို႔ မေျပာမခ်င္း ငါမထႏိုင္ဘူး ” ဆိုၿပီး စိတ္ဆိုးေဒါသထြက္ျပခဲ့လို႔ ေကာင္မေလးဟာ စိတ္မထိန္းႏိုင္ေလာက္ေအာင္႐ွက္လြန္းၿပီး အႀကီးအက်ယ္ေဒါသထြက္ခဲ့ပါေတာ့တယ္ ။

အဆိုပါအျဖစ္အပ်က္ video ဟာ social media ေပၚမွာ အေတာ္ေလးပ်ံ့ႏွံ႔သြားခဲ့ၿပီး လူအေတာ္အမ်ားက ” ငွက္ေပ်ာသီးပန္းစည္း ” ဆိုၿပီး ဟာသေႏွာၿပီး ေကာင္ေလးကိုေနာက္ေျပာင္ခဲ့ပါတယ္ ။ အဆိုပါေကာင္ေလးကေတာ့ “လူတစ္ေယာက္ကိုခ်စ္မိရင္ အျခားသူေတြကိုယ့္ကိုဘယ္လိုေတြးထင္ေနမလဲဆိုတာ သတိထားမိမွာေတာင္မဟုတ္ဘူး ” ဆိုၿပီးေျပာဆိုကာ ျပန္လည္ေျဖ႐ွင္းခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကောင်မလေးတွေကိုချစ်ခွင့်ပန်ရင် ပိုက်ဆံပန်းစည်းလေးတွေ ၊ ကောင်မလေးတွေကြိုက်နှစ်သက်မဲ့အရာလေးတွေနဲ့ ချစ်ခွင့်ပန်ကြပေမယ့်လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံကအမျိုးသားတစ်ယောက်ရဲ့ ချစ်ခွင့်ပန်တဲ့ပုံစံဟာ ထူးခြားလွန်းလို့ social media ပေါ်မှာရေပန်းစားနေလျက်ရှိပါတယ် ။ အကြောင်းကတော့ လူစည်းကားလွန်းလှတဲ့ shopping center တစ်ခုမှာ ယောင်္ကျားလေးသူငယ်ချင်းတစ်ယောက်နဲ့ ထိုင်နေခဲ့တဲ့ ကောင်မလေးကို ချစ်ခွင့်ပန်ခဲ့တာပါ ။ အဆိုပါကောင်လေးက ကောင်မလေးအနားရောက်လာပြီး ” ငါနင့်အတွက် အထူးလက်ဆောင်ယူလာတယ် ၊ ပြီးတော့ ငါနင့်ကိုဝန်ခံချင်တယ် ၊ ငါနင့်ကို တစ်ဖက်သတ်ချစ်နေခဲ့တာ အတော်လေးကိုကြာနေပြီ ၊ နင် ငှက်ပျောသီးကြိုက်မှန်းသိလို့ ငါမင်းအတွက်အထူးအနေနဲ့ လုပ်လာပေးတာ ” ဆိုပြီး ကောင်မလေးထံ ငှက်ပျောသီးပန်းစည်းပေးကာ ဒူးထောက်ပြီး ချစ်ခွင့်ပန်ခဲ့တာပါ ။

ကောင်မလေးကတော့ လူဝိုင်းကြည့်တာခံနေရလို့ အတော်လေးကိုရှက်နေပုံရပြီး ငြင်းဆန်နေခဲ့ပေမဲ့လည်း ၊ ကောင်လေးကတော့ သူ့ကိုလက်မခံပေးလို့ဆိုပြီး ကြမ်းပြင်ပေါ်ထိုင်ချကာ ကလေးတစ်ယောက်လိုစိတ်ဆိုးဒေါသထွက်ပြခဲ့ပါတယ် ။ ကောင်လေးက” နင်ငါ့ကို ချစ်တယ်လို့ မပြောမချင်း ငါမထနိုင်ဘူး ” ဆိုပြီး စိတ်ဆိုးဒေါသထွက်ပြခဲ့လို့ ကောင်မလေးဟာ စိတ်မထိန်းနိုင်လောက်အောင်ရှက်လွန်းပြီး အကြီးအကျယ်ဒေါသထွက်ခဲ့ပါတော့တယ် ။

အဆိုပါအဖြစ်အပျက် video ဟာ social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီး လူအတော်အများက ” ငှက်ပျောသီးပန်းစည်း ” ဆိုပြီး ဟာသနှောပြီး ကောင်လေးကိုနောက်ပြောင်ခဲ့ပါတယ် ။ အဆိုပါကောင်လေးကတော့ “လူတစ်ယောက်ကိုချစ်မိရင် အခြားသူတွေကိုယ့်ကိုဘယ်လိုတွေးထင်နေမလဲဆိုတာ သတိထားမိမှာတောင်မဟုတ်ဘူး ” ဆိုပြီးပြောဆိုကာ ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment