သနားစရာလမ္းေဘးေခြးကိုမွ က်ားလိုေဆးေရာင္ဆိုးခဲ့ၾကသူေတြရဲ႕လုပ္ရပ္

မေလး႐ွားႏိုင္ငံရဲ႕ Facebook စာမ်က္ႏွာေပၚမွာ က်ားတစ္ေကာင္လိုေဆးေရာင္ဆိုးခံထားရတဲ့ လမ္းေဘးေခြးတစ္ေကာင္ရဲ႕အျဖစ္ဟာ အေတာ္ေလးကိုေရပန္းစားေနလ်က္႐ွိပါတယ္ ။ တိရစာၦန္ေတြအေပၚ သနားညႇာတာမႈမ႐ွိတဲ့အခ်ိဳ႕ေသာသူေတြရဲ႕လုပ္ရပ္ဟာ အေတာ္ေလးကိုစိတ္ပ်က္ဖို႔ေကာင္းလြန္းလွပါတယ္ ။ က်ားတစ္ေကာင္လို ေဆးေရာင္ဆိုးထားလို႔ က်ားအစစ္လို႔မွားယြင္းၿပီး႐ုတ္တရက္ထင္ျမင္မိၾကရင္ အရင္ဆံုးေခြးေလးဟာ လူေတြရဲ႕လက္ခ်က္ေၾကာင့္ပဲ ဒုကၡေရာက္သြားႏိုင္ပါတယ္ ။ ဒါေၾကာင့္မို႔ တိရစာၦန္ေတြကို ကူညီေစာင့္ေ႐ွာက္ေပးေနတဲ့အဖြဲ႔အစည္းက ေခြးေလးကိုေဆးေရာင္ဆိုးခဲ့ၾကသူေတြရဲ႕သတင္းအခ်က္အလက္ကို ေဝမ်ွေပးႏိုင္ပါက ဆုေငြခ်ီးျမင့္ေပးမည္ျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္ ။ လက္ေဆာ့လြန္းတဲ့သူေတြကိုေတာ့ ထိုက္တန္တဲ့အျပစ္မ်ိဳးေပးႏိုင္ဖို႔ႀကိဳးစားေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

1

2

3

4

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံရဲ့ Facebook စာမျက်နှာပေါ်မှာ ကျားတစ်ကောင်လိုဆေးရောင်ဆိုးခံထားရတဲ့ လမ်းဘေးခွေးတစ်ကောင်ရဲ့အဖြစ်ဟာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ တိရစ္ဆာန်တွေအပေါ် သနားညှာတာမှုမရှိတဲ့အချို့သောသူတွေရဲ့လုပ်ရပ်ဟာ အတော်လေးကိုစိတ်ပျက်ဖို့ကောင်းလွန်းလှပါတယ် ။ ကျားတစ်ကောင်လို ဆေးရောင်ဆိုးထားလို့ ကျားအစစ်လို့မှားယွင်းပြီးရုတ်တရက်ထင်မြင်မိကြရင် အရင်ဆုံးခွေးလေးဟာ လူတွေရဲ့လက်ချက်ကြောင့်ပဲ ဒုက္ခရောက်သွားနိုင်ပါတယ် ။ ဒါကြောင့်မို့ တိရစ္ဆာန်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့အဖွဲ့အစည်းက ခွေးလေးကိုဆေးရောင်ဆိုးခဲ့ကြသူတွေရဲ့သတင်းအချက်အလက်ကို ဝေမျှပေးနိုင်ပါက ဆုငွေချီးမြင့်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ် ။ လက်ဆော့လွန်းတဲ့သူတွေကိုတော့ ထိုက်တန်တဲ့အပြစ်မျိုးပေးနိုင်ဖို့ကြိုးစားနေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment