လမ်းကိုခွပြီမမောင်းအောင် ကျောက်တုံးကြီးချပြီးဟန့်တားထားကာမှ ကားတွေဆက်တိုက်ကျော်ခွနေကြတဲ့အဖြစ်




Jasmine (Mckzone Daily)

Source: boredpanda

Unicode

အမေရိကန်နိုင်ငံ ၊ Omaha မြို့ရဲ့အနောက်ဖက်ခြမ်းမှာရှိနေတဲ့ ကျောက်တုံးကြီးတစ်တုံးဟာဆိုရင် ကားတွေကိုဖျက်ဆီးနိုင်တဲ့အစွမ်းအစရှိတယ်ဆိုပြီး လူအများရဲ့အာရုံစိုက်ခြင်းကိုခံနေရပါတယ် ။ အကြောင်းကတော့ အဆိုပါကျောက်တုံးကြီးကို လမ်းဒေါင့်တွေမှာ ကျော်ခွပြီးကားမောင်နှင်တာမျိုးရပ်တန့်အောင် ရည်ရွယ်ပြီးထားရှိခဲ့တာဖြစ်ပေမဲ့ ယာဉ်မောင်းတွေကတော့ ဂရုမစိုက်လို့ မကြာခဏ ကျောက်တုံးကြီးကို ကားတွေဝင်တိုက်မိနေဆဲပါပဲ ။ ဒေသခံတွေကတော့ အဆိုပါနေရာမှာဖြစ်ပျက်ခဲ့တဲ့ ယာဉ်မတော်တဆမှုတွေကိုတောင် Facebook group ဖွဲ့ပြီး ဝေမျှနေကြတဲ့အထိပါပဲ ။

လူတွေဟာ အဆိုပါနေရာရောက်တိုင် လမ်းထောင့်အသေးလေးမို့ အမြဲကျော်ခွပြီးမောင်းနင်နေလို့ ကြာလာတော့ မြက်ခင်းပြင်တွေပျက်ဆီးပြီး ရေအိုင်ငယ်လေးတွေဖြစ်လာခဲ့တဲ့အထိပါပဲ ။ အဆိုပါလုပ်ရပ်မျိုးဟန့်တာနိုင်အောင် ကျောက်တုံးကြီးကို လမ်းဘေးဒေါင့်လေးမှာချထားရတာဖြစ်ပါတယ် ။ ဒီအဖြစ်အပျက်ကတော့ လူတွေကားမောင်းနေတဲ့အချိန် သတိဝီရိယမရှိကြတာကို ဖော်ပြနေတာပါပဲ ။

အဆိုပါကျောက်တုံးကြီးဟာ လမ်းဘေးဒေါင့်လေးမှာ ရှိနေတာအတော်ကြာပါပြီ ။ ကားတွေက တိုက်မိပြီး ပျက်ဆီးသွားတာမျိုးမရှိဘဲ ၊ ကျောက်တုံးကြီးပေါ်မှာ ကားတွေကခံနေခဲ့ကြတာပါ ။

Jasmine (Mckzone Daily)

  • Leave a Comment