တကယ့္ညီအစ္ကိုေတြလို မခြဲႏိုင္ ၊ မခြာရက္ ျဖစ္ခဲ့ၾကတဲ့ ျခေသၤ့ ၊ က်ား နဲ႔ ဝက္ဝံတို႔ရဲ႕ အတိတ္ျဖစ္ရပ္အေၾကာင္းေလး (႐ုပ္သံ)

Baloo အမည္႐ွိတဲ့ ဝက္ဝံအမဲေရာင္ ၊ Leo အမည္နဲ႔ ျခေသၤ့ ၊ Shere Khan အမည္႐ွိတဲ့က်ား စတဲ့တိရစာၦန္ 3ေကာင္ရဲ႕ မခြဲႏိုင္မခြာႏိုင္ေအာင္ အခ်င္းခ်င္းသံေယာဇဥ္တြယ္ခဲ့ၾကတဲ့အျဖစ္ဟာ အေတာ္ေလးကိုလူသိမ်ားခဲ့ၾကတာပါ ။ 3ေကာင္လံုးဟာ ငယ္ရြယ္စဥ္ကတည္းက အတူေဆာ့ကစားခဲ့ၾကၿပီး အခ်င္းခ်င္းရန္လိုစိတ္မ်ိဳး လံုးဝမ႐ွိခဲ့ပါဘူး ။ အစပိုင္းမွာေတာ့ ၎တို႔ကိုခြဲထားဖို႔ဆံုးျဖတ္ခဲ့ေပမဲ့ မိသားစုလိုျဖစ္ေနခဲ့တဲ့အတြက္ ေနာက္ဆံုးတိရစာၦန္ရံုဖက္က အတူထားဖို႔စီစဥ္ခဲ့တာျဖစ္ပါတယ္ ။ ၿပီးခဲ့တဲ့ 2001 ခုႏွစ္က အေမရိကန္ႏိုင္ငံ Atlanta ၿမိဳ႕႐ွိ မူးယစ္ေဆးဝါးေရာင္းဝယ္ေဖာက္ကားတဲ့ေနအိမ္ကို ရဲအရာ႐ွိမ်ားက အငိုက္ဝင္ေရာက္ဖမ္းသဆီးခဲ့ရင္းနဲ႔ သားေပါက္အရြယ္သာ႐ွိေသးတဲ့ ၎တို႔ 3ေကာင္ကို ကယ္ထုတ္ႏိုင္ခဲ့တာျဖစ္ပါတယ္ ။

ခက္ခဲလြန္းတဲ့အခ်ိန္ကတည္းက အတူတူ႐ွိေနခဲ့တာေၾကာင့္ ၎တို႔ 3ေကာင္လံုးဟာ မခြဲႏိုင္ ၊ မခြာရက္ျဖစ္ခဲ့ရတာပါ ။ ဝက္ဝံမဲ Baloo ေလးကေတာ့ တည္ၿငိမ္စြာေနထိုင္တတ္ေလ့႐ွိၿပီး ၊ အခ်စ္ခံရတာကိုႀကိဳက္သူပါ ။ က်ားေလး Shere Khan ကေတာ့ အဖြဲ႔ထဲမွာ အေဆာ့သန္လြန္းသူျဖစ္ၿပီး သူ႔ရဲ႕ေခါင္းေလးနဲ႔ အျခားသူေတြကို တစ္ရက္မွာ အႀကိမ္ေပါင္းမ်ားစြာပြတ္သပ္ေလ့႐ွိပါတယ္ ။ ျခေသၤ့ Leo ကေတာ့ ဝက္ဝံ Baloo အနားတိုးေဝွ့ပူးကပ္ၿပီးေနရတာကိုႀကိဳက္ႏွစ္သက္ၿပီး နံနတ္သီးလည္းအေတာ္ေလးႀကိဳက္သူပါ ။

သို႔ေပမဲ့လည္း အရာအားလံုးကမတည္ျမဲႏိုင္ခဲ့ပါဘူး ။ 15 ႏွစ္အၾကာ August 11,2016 မွာေတာ့ Leo ေလးဟာ အသည္းေရာဂါနဲ႔ေသဆံုးသြားခဲ့ရၿပီး ၊ Leo အသည္းအသန္ေနမေကာင္းျဖစ္ေနတာကိုလည္း Baloo နဲ႔ Shere Khan တို႔က ႀကိဳသိေနခဲ့တာပါ ။ 2ႏွစ္အၾကာမွာေတာ့ က်ားေလး Shere Khan ကေသဆံုးသြားခဲ့ျပန္ပါတယ္ ။ Shere Khan ကိုေျမျမဳပ္တဲ့အခ်ိန္ထိကို ဝက္ဝံ Baloo က အနီးကပ္ေစာင့္ေ႐ွာက္ေပးေနခဲ့တာပါ ။ တိရစာၦန္ေလးေတြရဲ႕သံေယာဇဥ္မွာလည္း နက္႐ႈိန္းလြန္းပါတယ္ ။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

Baloo အမည်ရှိတဲ့ ဝက်ဝံအမဲရောင် ၊ Leo အမည်နဲ့ ခြင်္သေ့ ၊ Shere Khan အမည်ရှိတဲ့ကျား စတဲ့တိရစ္ဆာန် 3ကောင်ရဲ့ မခွဲနိုင်မခွာနိုင်အောင် အချင်းချင်းသံယောဇဉ်တွယ်ခဲ့ကြတဲ့အဖြစ်ဟာ အတော်လေးကိုလူသိများခဲ့ကြတာပါ ။ 3ကောင်လုံးဟာ ငယ်ရွယ်စဉ်ကတည်းက အတူဆော့ကစားခဲ့ကြပြီး အချင်းချင်းရန်လိုစိတ်မျိုး လုံးဝမရှိခဲ့ပါဘူး ။ အစပိုင်းမှာတော့ ၎င်းတို့ကိုခွဲထားဖို့ဆုံးဖြတ်ခဲ့ပေမဲ့ မိသားစုလိုဖြစ်နေခဲ့တဲ့အတွက် နောက်ဆုံးတိရစ္ဆာန်ရုံဖက်က အတူထားဖို့စီစဉ်ခဲ့တာဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ 2001 ခုနှစ်က အမေရိကန်နိုင်ငံ Atlanta မြို့ရှိ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့နေအိမ်ကို ရဲအရာရှိများက အငိုက်ဝင်ရောက်ဖမ်းသဆီးခဲ့ရင်းနဲ့ သားပေါက်အရွယ်သာရှိသေးတဲ့ ၎င်းတို့ 3ကောင်ကို ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ် ။

ခက်ခဲလွန်းတဲ့အချိန်ကတည်းက အတူတူရှိနေခဲ့တာကြောင့် ၎င်းတို့ 3ကောင်လုံးဟာ မခွဲနိုင် ၊ မခွာရက်ဖြစ်ခဲ့ရတာပါ ။ ဝက်ဝံမဲ Baloo လေးကတော့ တည်ငြိမ်စွာနေထိုင်တတ်လေ့ရှိပြီး ၊ အချစ်ခံရတာကိုကြိုက်သူပါ ။ ကျားလေး Shere Khan ကတော့ အဖွဲ့ထဲမှာ အဆော့သန်လွန်းသူဖြစ်ပြီး သူ့ရဲ့ခေါင်းလေးနဲ့ အခြားသူတွေကို တစ်ရက်မှာ အကြိမ်ပေါင်းများစွာပွတ်သပ်လေ့ရှိပါတယ် ။ ခြင်္သေ့ Leo ကတော့ ဝက်ဝံ Baloo အနားတိုးဝှေ့ပူးကပ်ပြီးနေရတာကိုကြိုက်နှစ်သက်ပြီး နံနတ်သီးလည်းအတော်လေးကြိုက်သူပါ ။

သို့ပေမဲ့လည်း အရာအားလုံးကမတည်မြဲနိုင်ခဲ့ပါဘူး ။ 15 နှစ်အကြာ August 11,2016 မှာတော့ Leo လေးဟာ အသည်းရောဂါနဲ့သေဆုံးသွားခဲ့ရပြီး ၊ Leo အသည်းအသန်နေမကောင်းဖြစ်နေတာကိုလည်း Baloo နဲ့ Shere Khan တို့က ကြိုသိနေခဲ့တာပါ ။ 2နှစ်အကြာမှာတော့ ကျားလေး Shere Khan ကသေဆုံးသွားခဲ့ပြန်ပါတယ် ။ Shere Khan ကိုမြေမြုပ်တဲ့အချိန်ထိကို ဝက်ဝံ Baloo က အနီးကပ်စောင့်ရှောက်ပေးနေခဲ့တာပါ ။ တိရစ္ဆာန်လေးတွေရဲ့သံယောဇဉ်မှာလည်း နက်ရှိုန်းလွန်းပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment