သားျဖစ္သူေရနစ္ေနတယ္ဆိုၿပီး ဖုန္းလက္ခံရ႐ွိခဲ့တဲ့ အေရးေပၚလူနာတင္ကားေမာင္းေနတဲ့ ဖခင္

ကိုယ့္ရဲ႕တစ္ေန႔တာကို စိတ္ေသာကေရာက္ေစတဲ့ဖုန္းေတြလက္ခံရ႐ွိၿပီး လူေတြရဲ႕အသက္ကိုကယ္ဆယ္ဖို႔အတြက္ အလ်င္အျမန္သြားေရာက္ကယ္ဆယ္ေလ့႐ွိတဲ့အလုပ္မ်ိဳးနဲ႔ ျဖတ္သန္းေနခဲ့ေပမဲ့ ေနာက္ဆံုးလံုးဝမၾကားခ်င္တဲ့အရာကေတာ့ ကိုယ့္ရဲ႕မိသားစုဝင္ေတြ အဆိုပါဖုန္းကိုေခၚဆိုလာျခင္းမ်ိဳးပါပဲ ။ကံဆိုးစြာနဲ႔ပဲ Mazlan Mohammad အမည္႐ွိတဲ့အမ်ိဳးသားဟာၿပီးခဲ့တဲ့ တနဂၤေႏြေန႔က မေလး႐ွားႏိုင္ငံ Balik Pulau ေဆးရံုမွာတာဝန္က်ေနတုန္း သူ၏ဇနီးကသားျဖစ္သူေရနစ္သြားခဲ့ၿပီဆိုၿပီး စိုးရိမ္တႀကီးနဲ႔ဖုန္းေခၚတာကို လက္ခံရ႐ွိခဲ့ပါတယ္ ။အသက္ 50အရြယ္႐ွိတဲ့ လူနာတင္ကားေမာင္းႏွင္တဲ့အဆိုပါအမ်ိဳးသားဟာ သူ၏လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္အတူ အခင္းျဖစ္ပြားရာေနရာသို႔အလ်င္အျမန္သြားေရာက္ခဲ့ခ်ိန္မွာေတာ့ သားျဖစ္သူသတိလစ္ေမ့ေမ်ာေနခဲ့တာကို ေတြ႔႐ွိသြားခဲ့ပါတယ္ ။ Mazlan ႏွင့္သူ၏အေရးေပၚကယ္ဆယ္ေရးအမႈထမ္းေတြက သားျဖစ္သူျပန္ၿပီးအသက္ျပန္႐ႈလာႏိုင္ေအာင္ အႀကိမ္ေပါင္းမ်ားစြာကယ္ဆယ္မႈမ်ားျပဳလုပ္ခဲ့ေပမယ့္လည္း အေတာ္ေလးကိုေနာက္က်သြားခဲ့ၿပီျဖစ္ပါတယ္ ။ Mazlan ၏သားျဖစ္သူ အသက္23ႏွစ္အရြယ္ဟာ သူ၏ညီငယ္ႏွင့္ Pasir Panjang ကမ္းေျခအနားမွာ ငါးသြားမ်ွားရင္နဲ႔ အဆိုပါမေတာ္တဆမႈမ်ိဳးျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္ ။

Pasir Panjang ေနရာေဒသဟာ ေက်ာက္ေဆာင္ေတြေပါမ်ားလြန္းတဲ့ကမ္းေျခအျဖစ္ နာမည္ႀကီးေက်ာ္ၾကားလြန္းလို႔ လူအမ်ားစုကသြားေရာက္လည္ပတ္ျခင္းမ်ိဳးေတြ သိပ္မ႐ွိပါဘူး ။ မ်က္ျမင္သက္ေသတစ္ဦး၏ ေျပာျပခ်က္အရ ” ကြၽန္ေတာ္တို႔ထင္တာေတာ့ သူငါးစာကို ပင္လယ္ထဲပစ္ခ်ရင္း ေက်ာက္ေဆာင္ေပၚကေနေျခေခ်ာ္သြားလို႔ ျပဳတ္က်သြားခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ေခါင္းမွာ ဒဏ္ရာရ႐ွိသြားခဲ့တဲ့အတြက္ သူကိုေရနစ္သြားေစခဲ့တာလို႔ေတာ့ ထင္တယ္ ” ဆိုၿပီးေျပာျပသြားခဲ့ပါတယ္ ။

ေသာကေတြအျပည့္နဲ႔ ဖခင္ျဖစ္သူမွာေတာ့ အသက္မဲ့ေနၿပီျဖစ္တဲ့သားျဖစ္သူရဲ႕႐ုပ္အေလာင္းကို ေဆးရံုသို႔ျပန္လည္သယ္ေဆာင္သြားခဲ့ပါတယ္ ။သားျဖစ္သူရဲ႕ ေသဆံုးမႈကိုေတာ့ မေတာ္တဆျဖစ္ၿပီး႐ုတ္တရက္ေသဆံုးမႈဆိုၿပီးေတာ့သာ စာရင္းသြင္းခဲ့ၾကေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုယ့်ရဲ့တစ်နေ့တာကို စိတ်သောကရောက်စေတဲ့ဖုန်းတွေလက်ခံရရှိပြီး လူတွေရဲ့အသက်ကိုကယ်ဆယ်ဖို့အတွက် အလျင်အမြန်သွားရောက်ကယ်ဆယ်လေ့ရှိတဲ့အလုပ်မျိုးနဲ့ ဖြတ်သန်းနေခဲ့ပေမဲ့ နောက်ဆုံးလုံးဝမကြားချင်တဲ့အရာကတော့ ကိုယ့်ရဲ့မိသားစုဝင်တွေ အဆိုပါဖုန်းကိုခေါ်ဆိုလာခြင်းမျိုးပါပဲ ။ကံဆိုးစွာနဲ့ပဲ Mazlan Mohammad အမည်ရှိတဲ့အမျိုးသားဟာပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ Balik Pulau ဆေးရုံမှာတာဝန်ကျနေတုန်း သူ၏ဇနီးကသားဖြစ်သူရေနစ်သွားခဲ့ပြီဆိုပြီး စိုးရိမ်တကြီးနဲ့ဖုန်းခေါ်တာကို လက်ခံရရှိခဲ့ပါတယ် ။အသက် 50အရွယ်ရှိတဲ့ လူနာတင်ကားမောင်းနှင်တဲ့အဆိုပါအမျိုးသားဟာ သူ၏လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့အလျင်အမြန်သွားရောက်ခဲ့ချိန်မှာတော့ သားဖြစ်သူသတိလစ်မေ့မျောနေခဲ့တာကို တွေ့ရှိသွားခဲ့ပါတယ် ။ Mazlan နှင့်သူ၏အရေးပေါ်ကယ်ဆယ်ရေးအမှုထမ်းတွေက သားဖြစ်သူပြန်ပြီးအသက်ပြန်ရှုလာနိုင်အောင် အကြိမ်ပေါင်းများစွာကယ်ဆယ်မှုများပြုလုပ်ခဲ့ပေမယ့်လည်း အတော်လေးကိုနောက်ကျသွားခဲ့ပြီဖြစ်ပါတယ် ။ Mazlan ၏သားဖြစ်သူ အသက်23နှစ်အရွယ်ဟာ သူ၏ညီငယ်နှင့် Pasir Panjang ကမ်းခြေအနားမှာ ငါးသွားမျှားရင်နဲ့ အဆိုပါမတော်တဆမှုမျိုးဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ် ။

Pasir Panjang နေရာဒေသဟာ ကျောက်ဆောင်တွေပေါများလွန်းတဲ့ကမ်းခြေအဖြစ် နာမည်ကြီးကျော်ကြားလွန်းလို့ လူအများစုကသွားရောက်လည်ပတ်ခြင်းမျိုးတွေ သိပ်မရှိပါဘူး ။ မျက်မြင်သက်သေတစ်ဦး၏ ပြောပြချက်အရ ” ကျွန်တော်တို့ထင်တာတော့ သူငါးစာကို ပင်လယ်ထဲပစ်ချရင်း ကျောက်ဆောင်ပေါ်ကနေခြေချော်သွားလို့ ပြုတ်ကျသွားခဲ့တာဖြစ်ပြီး သူ့ရဲ့ခေါင်းမှာ ဒဏ်ရာရရှိသွားခဲ့တဲ့အတွက် သူကိုရေနစ်သွားစေခဲ့တာလို့တော့ ထင်တယ် ” ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

သောကတွေအပြည့်နဲ့ ဖခင်ဖြစ်သူမှာတော့ အသက်မဲ့နေပြီဖြစ်တဲ့သားဖြစ်သူရဲ့ရုပ်အလောင်းကို ဆေးရုံသို့ပြန်လည်သယ်ဆောင်သွားခဲ့ပါတယ် ။သားဖြစ်သူရဲ့ သေဆုံးမှုကိုတော့ မတော်တဆဖြစ်ပြီးရုတ်တရက်သေဆုံးမှုဆိုပြီးတော့သာ စာရင်းသွင်းခဲ့ကြကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သားျဖစ္သူေရနစ္ေနတယ္ဆိုၿပီး ဖုန္းလက္ခံရ႐ွိခဲ့တဲ့ အေရးေပၚလူနာတင္ကားေမာင္းေနတဲ့ ဖခင္"

Leave a comment

Your email address will not be published.


*