အဖ်ား႐ွိေနတဲ့ 11ႏွစ္အရြယ္ေက်ာင္းသူေလးကို ဆရာဝန္ကသားအိမ္ေခါင္းကင္ဆာကာကြယ္ေဆးထိုးေပးခဲ့လို႔ ေသဆံုးခဲ့ရတဲ့အျဖစ္

ၿပီးခဲ့တဲ့ August 30 ရက္ေန႔က သားအိမ္ေခါင္းကင္ဆာေရာဂါကာကြယ္ေဆးထိုးေပးလိုက္လို႔ 11ႏွစ္အရြယ္သမီးေလးေသဆံုးခဲ့ရတဲ့အျဖစ္ကို မိခင္ျဖစ္သူက social media ေပၚေဝမ်ွခဲ့ပါတယ္ ။ မိခင္ျဖစ္သူေျပာျပခ်က္အရ အဖ်ား႐ွိေနတဲ့သမီးေလးက ေက်ာင္းသို႔သြားခဲ့ပါတယ္ ။ ထိုအခ်ိန္ေက်ာင္းမွာ ကာကြယ္ေဆးထိုးေပးခဲ့တဲ့ဆရာဝန္ဟာ ကေလးငယ္ရဲ႕ကိုယ္အပူခ်ိန္ကိုမစစ္ေဆး ၊ မေမးျမန္းခဲ့ပဲ သားအိမ္ေခါင္းကာကြယ္ေဆးထိုးေပးခဲ့တာပါ ။

‘ ကြၽန္မကေလးက ရင္ေခါင္းေအာင့္ၿပီးအသက္႐ႈမဝျဖစ္လာတယ္ ၊ ေအာ့အန္ၿပီး မၾကာခင္မွာပဲေသဆံုးသြားခဲ့ရပါတယ္ ၊ ကြၽန္မကေလးက ေရာဂါအခံမ႐ွိဖူးပါဘူး ၊ ပံုမွန္ကေလးေတြလို က်န္းမာသူပါ ၊ ဒီကိစၥကို share ေပးၿပီး ကြၽန္မကိုကူညီေပးၾကပါ ‘ ဆိုၿပီး ကေလးမိခင္က ဓာတ္ပံုႏွင့္တကြ post တင္ခဲ့တာပါ ။

ထိုအခ်ိန္မွာေတာ့ ကေလးမိဘေတြရဲ႕အျဖစ္ကို လူအမ်ားကအေတာ္ေလးစာနာသနားခဲ့ၾကၿပီး ၊ ေမးျမန္းစစ္ေဆးျခင္းလံုးဝမျပဳလုပ္ခဲ့ဘဲ ကာကြယ္ေဆးထိုးေပးခဲ့တဲ့ ဆရာဝန္ ကိုျပစ္တင္ေဝဖန္ခဲ့ၾကပါတယ္ ။ ယခုကိစၥရပ္ကေတာ့ ေက်ာင္းတြင္း ဆရာ ၊ ဆရာမေတြရဲ႕ေပါ့ဆမႈေၾကာင့္လို႔ လူအမ်ားကယူဆၾကၿပီး ေက်ာင္းဖက္ကတာဝန္ယူေပးဖို႔ ေျပာဆိုလာၾကပါတယ္ ။ ကေလးငယ္ေတြ သားအိမ္ေခါင္းကင္ဆာေရာဂါကေနကာကြယ္ႏိုင္ေအာင္ ထိုင္းႏိုင္ငံကက်န္းမာေရးဝန္ႀကီးဌာနက ငါးတန္းအရြယ္ေက်ာင္းသူေတြကို ကာကြယ္ေဆးထိုးေပးဖို႔ၫြန္ၾကားထားတာပါ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ August 30 ရက်နေ့က သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးပေးလိုက်လို့ 11နှစ်အရွယ်သမီးလေးသေဆုံးခဲ့ရတဲ့အဖြစ်ကို မိခင်ဖြစ်သူက social media ပေါ်ဝေမျှခဲ့ပါတယ် ။ မိခင်ဖြစ်သူပြောပြချက်အရ အဖျားရှိနေတဲ့သမီးလေးက ကျောင်းသို့သွားခဲ့ပါတယ် ။ ထိုအချိန်ကျောင်းမှာ ကာကွယ်ဆေးထိုးပေးခဲ့တဲ့ဆရာဝန်ဟာ ကလေးငယ်ရဲ့ကိုယ်အပူချိန်ကိုမစစ်ဆေး ၊ မမေးမြန်းခဲ့ပဲ သားအိမ်ခေါင်းကာကွယ်ဆေးထိုးပေးခဲ့တာပါ ။

‘ ကျွန်မကလေးက ရင်ခေါင်းအောင့်ပြီးအသက်ရှုမဝဖြစ်လာတယ် ၊ အော့အန်ပြီး မကြာခင်မှာပဲသေဆုံးသွားခဲ့ရပါတယ် ၊ ကျွန်မကလေးက ရောဂါအခံမရှိဖူးပါဘူး ၊ ပုံမှန်ကလေးတွေလို ကျန်းမာသူပါ ၊ ဒီကိစ္စကို share ပေးပြီး ကျွန်မကိုကူညီပေးကြပါ ‘ ဆိုပြီး ကလေးမိခင်က ဓာတ်ပုံနှင့်တကွ post တင်ခဲ့တာပါ ။

ထိုအချိန်မှာတော့ ကလေးမိဘတွေရဲ့အဖြစ်ကို လူအများကအတော်လေးစာနာသနားခဲ့ကြပြီး ၊ မေးမြန်းစစ်ဆေးခြင်းလုံးဝမပြုလုပ်ခဲ့ဘဲ ကာကွယ်ဆေးထိုးပေးခဲ့တဲ့ ဆရာဝန် ကိုပြစ်တင်ဝေဖန်ခဲ့ကြပါတယ် ။ ယခုကိစ္စရပ်ကတော့ ကျောင်းတွင်း ဆရာ ၊ ဆရာမတွေရဲ့ပေါ့ဆမှုကြောင့်လို့ လူအများကယူဆကြပြီး ကျောင်းဖက်ကတာဝန်ယူပေးဖို့ ပြောဆိုလာကြပါတယ် ။ ကလေးငယ်တွေ သားအိမ်ခေါင်းကင်ဆာရောဂါကနေကာကွယ်နိုင်အောင် ထိုင်းနိုင်ငံကကျန်းမာရေးဝန်ကြီးဌာနက ငါးတန်းအရွယ်ကျောင်းသူတွေကို ကာကွယ်ဆေးထိုးပေးဖို့ညွန်ကြားထားတာပါ ။

Jasmine (Mckzone Daily)

  • Leave a Comment