ရုပ်ရှင်ကြည့်နေတုန်း လေဝင်လေထွက်ပြွန်ချောင်းကြီးပြုတ်ကျလာလို့ ထိခိုက်ဒဏ်ရာရခဲ့ကြသူများအဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့ August 30 ရက်နေ့က စင်ကာပူမှာရှိတဲ့ Shaw Theatres NEX ရုပ်ရှင်ရုံမှာဖြစ်ပျက်ခဲ့တာပါ ။ ကံဆိုးလွန်းတဲ့ သူတွေကတော့ အေးအေးဆေးဆေးရုပ်ရှင်ကြည့်တာတောင် ပြင်ထန်းတဲ့ဒဏ်ရာရရှိတဲ့အထိ ထိခိုက်မှုဖြစ်ရတာပါပဲ ။ ရုပ်ရှင်ကြည့်နေတုန်း လေဝင်လေထွက်ပြွန်ချောင်းကြီးပြုတ်ကျလာလို့ လူနှစ်ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့လို့ ၊ ရုပ်ရှင်ရုံရှိဝန်ထမ်းများက ချက်ချင်းအပြေးအလွှာကူညီခဲ့ပြီးနောက် ၊ ဆေးရုံသို့ပို့ခဲ့ရကြောင်း သိရှိရပါတယ် ။ တာဝန်ရှိသူများကတော့ ရုပ်ရှင်ရုံပိုင်ရှင်ကို အဆောက်အအုံနှင့်ပက်သက်ပြီးမလုံခြုံမှုအတွက် စစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

အဆိုပါမတော်တဆမှုဖြစ်ပွားပြီးတာနဲ့ချက်ချင်း ရုပ်ရှင်ရုံသို့လာရောက်ကြည့်ရှုကြသူများအကုန်လုံးကို ရုပ်ရှင်ရုံအပြင်သို့ထွက်ခိုင်ခဲ့ပြီးနောက် ၊ ငွေပြန်အမ်းဖို့ ရုပ်ရှင်လာကြည့်ကြသူတွေရဲ့ အမည် နှင့် ဖုန်းနံပတ်ကိုတောင်းထားခဲ့ကြသေးကြောင်း သိရှိရပါတယ် ။

ဓာတ်ပုံထဲမှာမြင်တွေ့ရတဲ့အတိုင်း လေဝင်လေထွက်ပိုက်လုံးကြီးဟာ ရုပ်ရှင်ရုံအတွင်းရှိထိုင်ခုံတွေပေါ် ပျက်ကျနေခဲ့တဲ့အပြင် ၊ ကောင်မလေးတစ်ယောက်မှာလည်း ထိခိုက်ဒဏ်ရာကြောင့် ခေါင်းကိုကိုင်ထားပြီး ကြမ်းပြင်ပေါ်လဲကျနေခဲ့တာပါ ။ အချို့သောသူများကတော့ ရုပ်ရှင်ကြည့်တာတောင် ဆိုင်ကယ်ဦးထုပ်ဆောင်းထားရမဲ့ပုံပဲဆိုပြီး နောက်ပြောင်ခဲ့ကြပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment