တိရစ္ဆန်ရုံသို့လာရောက်လှည်ပတ်ခဲ့တဲ့ဧည့်သည်က သမင်ကို နှာခေါင်စည်း mask ကျွေးခဲ့တဲ့အဖြစ် (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယခုအချိန်ထိ လူတွေဟာအပြင်ထွက်တဲ့အချိန်တိုင်း mask ကိုအမြဲတပ်လေ့ရှိကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ပေကျင်းမြို့မှာရှိတဲ့တိရစ္ဆာန်ရုံသို့လာရောက်လည်ပတ်တဲ့ ဧည့်သည်ဟာ သမင်တစ်ကောင်ကို နှာခေါင်းစည်း mask ပစ်ကျွေးခဲ့တဲ့အဖြစ်မျိုး ဖြစ်ပွားခဲ့ပါတယ် ။ Video ထဲမှာတော့ ကားထဲသို့ ခေါင်းထိုးဝင်သွားတဲ့သမင်ကို ကားထဲကလူက mask ကျွေးခဲ့တာပါ ။ ဝန်ထမ်းတွေက တားကြပေမဲ့ သမင်ကို mask ဆက်ကျွေးနေခဲ့တာပါ ။

ကံကောင်းထောက်မစွာနဲ့ တိရစ္ဆာန်ရုံရှိဝန်ထမ်းက သမင်အနားအချိန်မီရောက်ရှိလာခဲ့ပြီး ၊ သမင်ရဲ့ပါးစပ်ထဲက mask ကိုဆွဲထုတ်ပေးနိုင်ခဲ့ပါတယ် ။ အနည်းငယ်နောက်ကျသွားရင်တော့ အဆိုပါသမင်ဟာ ခွဲစိတ်ကုသမှုခံယူရမှာပါ ။

ပြီးခဲ့တဲ့ August 31 ရက်နေ့က တိရစ္ဆာန်ရုံရှိ customer service မှ ဝန်ထမ်းတွေရဲ့ပြောပြချက်အရ ကားထဲကလူကပဲ တမင်သက်သက်လုပ်ခဲ့တာလား ဆိုတာမသိရသေးပါဘူး ၊ ပြီးတော့ သမင်ပါးစပ်ထဲကအရာကို လှမ်းဆွဲလိုက်တဲ့ဝန်ထမ်းရဲ့လက်ထဲကအရာဟာလည်း မသေချာမရေရာကြောင်း ဖြေရှင်းပြောကြားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment