သူငယ္တန္းအရြယ္ကေလးငယ္ေတြရဲ႕ စည္းလံုးညီၫြတ္စြာပူးေပါင္းေဆာင္ရြက္ခဲ့တဲ့ကစားပြဲေၾကာင့္ အံ့မခန္းႏိုင္ေအာင္ျဖစ္ခဲ့ရတဲ့အျဖစ္ (႐ုပ္သံ)

တ႐ုတ္ႏိုင္ငံမွ သူငယ္တန္းေက်ာင္းသားတစ္ဖြဲ႔ဟာ ဒီတစ္ပတ္မွာေတာ့ ၎တို႔ရဲ႕မယံုႏိုင္ေလာက္တဲ့ပူးေပါင္းေဆာင္ရြက္တတ္တဲ့ အစြမ္းအစေတြေၾကာင့္ အေတာ္ေလးကိုေရပန္းစားေနလ်က္႐ွိပါတယ္ ။ အေၾကာင္းကေတာ့ လူေပါင္းမ်ားစြာပါဝင္ေဆာ့ကစားတဲ့ game ေလးကို ဟန္ခ်က္ညီစြာထိန္းခ်ဳပ္ေဆာ့ကစားခဲ့လို႔ပါပဲ ။ ဂိမ္းေလးကို ‘Cooperation’ လို႔မွည့္ေခၚထားၿပီး ၊ တစ္ႀကိမ္တည္းမွာ ကေလးငယ္ေတြက ေဘာ္လံုးႏွစ္လံုးကို ေျမျပင္ေပၚသို႔ 4ခ်က္ ႐ိုက္ပုတ္ရၿပီးေနာက္ ၊ ညာဖက္သို႔ေရႊ႔ၿပီး အျခားသူပုတ္ခတ္ထားတဲ့ေဘာ္လံုးကို အခ်ိန္မီျပန္ထိန္းေဆာ့ေပးရတာပါ ။

Video ထဲမွာေတာ့ ကေလးငယ္ေတြဟာ စက္ဝိုင္းပံုအက်ယ္ႀကီးျပဳလုပ္ၿပီး ဝိုင္းပတ္ေဆာ့ကစားခဲ့ၾကတာပါ ။ ၾကည့္လိုက္ရင္ေတာ့ အေတာ္ေလးကိုလြယ္ကူေနပံုရေပမဲ့လည္း ၊ ပူးေပါင္းေဆာင္ရြက္လိုစိတ္မ႐ွိရင္ ၊ တစ္ခဏတာ ဟန္ခ်က္မထိန္ႏိုင္လိုက္တာနဲ႔ ခ်က္ခ်င္းကိုပ်က္စီးသြားမဲ့ အသင္းအဖြဲ႔ေဆာ့ကစားနည္းေလးပါ ။

အဆိုပါ video ေလးဟာ အေတာ္ေလးကိုေရပန္းစားခဲ့ၿပီး လူအမ်ားက ကေလးငယ္ေတြရဲ႕စြမ္းရည္ကိုခ်ီးက်ဴးခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း အခ်ိဳ႕ေသာသူမ်ားကေတာ့ ကေလးငယ္ေတြကေဆာ့ကစားတာနဲ႔မတူေနဘဲ ၊ လူႀကီးေတြရဲ႕သင္ၾကားေလ့က်င္မႈအတိုင္း လိုက္နာေဆာင္ရြက္ေနရတာနဲ႔တူညီေနေၾကာင္း ေဝဖန္ေနၾကစျမဲပါပဲ ။ သို႔ေပမဲ့လည္း အဆိုးထက္ ၊ အေကာင္းဖက္ကေတြးထင္ေပးတဲ့သူေတြက ပိုမ်ားလို႔႐ွိေနပါတယ္ ။

 

asmine (Mckzone Daily)

Source: nextshark.

Unicode

တရုတ်နိုင်ငံမှ သူငယ်တန်းကျောင်းသားတစ်ဖွဲ့ဟာ ဒီတစ်ပတ်မှာတော့ ၎င်းတို့ရဲ့မယုံနိုင်လောက်တဲ့ပူးပေါင်းဆောင်ရွက်တတ်တဲ့ အစွမ်းအစတွေကြောင့် အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ အကြောင်းကတော့ လူပေါင်းများစွာပါဝင်ဆော့ကစားတဲ့ game လေးကို ဟန်ချက်ညီစွာထိန်းချုပ်ဆော့ကစားခဲ့လို့ပါပဲ ။ ဂိမ်းလေးကို ‘Cooperation’ လို့မှည့်ခေါ်ထားပြီး ၊ တစ်ကြိမ်တည်းမှာ ကလေးငယ်တွေက ဘော်လုံးနှစ်လုံးကို မြေပြင်ပေါ်သို့ 4ချက် ရိုက်ပုတ်ရပြီးနောက် ၊ ညာဖက်သို့ရွှေ့ပြီး အခြားသူပုတ်ခတ်ထားတဲ့ဘော်လုံးကို အချိန်မီပြန်ထိန်းဆော့ပေးရတာပါ ။

Video ထဲမှာတော့ ကလေးငယ်တွေဟာ စက်ဝိုင်းပုံအကျယ်ကြီးပြုလုပ်ပြီး ဝိုင်းပတ်ဆော့ကစားခဲ့ကြတာပါ ။ ကြည့်လိုက်ရင်တော့ အတော်လေးကိုလွယ်ကူနေပုံရပေမဲ့လည်း ၊ ပူးပေါင်းဆောင်ရွက်လိုစိတ်မရှိရင် ၊ တစ်ခဏတာ ဟန်ချက်မထိန်နိုင်လိုက်တာနဲ့ ချက်ချင်းကိုပျက်စီးသွားမဲ့ အသင်းအဖွဲ့ဆော့ကစားနည်းလေးပါ ။

အဆိုပါ video လေးဟာ အတော်လေးကိုရေပန်းစားခဲ့ပြီး လူအများက ကလေးငယ်တွေရဲ့စွမ်းရည်ကိုချီးကျူးခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း အချို့သောသူများကတော့ ကလေးငယ်တွေကဆော့ကစားတာနဲ့မတူနေဘဲ ၊ လူကြီးတွေရဲ့သင်ကြားလေ့ကျင်မှုအတိုင်း လိုက်နာဆောင်ရွက်နေရတာနဲ့တူညီနေကြောင်း ဝေဖန်နေကြစမြဲပါပဲ ။ သို့ပေမဲ့လည်း အဆိုးထက် ၊ အကောင်းဖက်ကတွေးထင်ပေးတဲ့သူတွေက ပိုများလို့ရှိနေပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment