အလုပ်အရမ်းကြိုးစားလုပ်နေရတဲ့မိခင်ကို ဆူရှီဝယ်ကျွေးချင်လို့ပါဆိုတဲ့ သားငယ်လေး




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံက ဆူရှီဆိုင်လေးတစ်ဆိုင်ဟာ ၎င်းတို့ဆိုင်ကိုလာရောက်အားပေးခဲ့တဲ့ဧည့်သည်တစ်ယောက်အကြောင်း Facebook စာမျက်နှာမှာ ဝေမျှခဲ့ပါတယ် ။ ကောင်လေးဟာ ၎င်းတို့ဆိုင်သို့လာရောက်ခဲ့ချိန်မှာတော့ ကျန်းမာရေးလုံခြုံစိတ်ချရအောင် ကိုယ်ရေးအချက်အလက် ၊ နေရပ်လိပ်စာ ၊ အမည် ၊ ဖုန်းနံပတ်တို့ ပေးထားရပါတယ် ။ ထို့နောက်ဆိုင်ရှင်က စားပွဲခုံနေရာချပေးလို့ရအောင် ကောင်လေးကိုဘယ်သူတွေနဲ့လာတာလည်းဆိုပြီး မေးမြန်းခဲ့ပါတယ် ။ သို့ပေမဲ့လည်း ကောင်လေးပြန်ဖြေခဲ့တဲ့ စကားလေးတစ်ခွန်းက ဆိုင်ရှင်ရဲ့ရင်ထဲကိုလှုပ်ခါသွားစေခဲ့ပါတယ် ။

‘ ကျွန်တော် အမေ့အတွက်ဆူရှီဝယ်ပေးဖို့ တစ်ယောက်တည်းလာတာပါ ၊ အမေက အလုပ်အရမ်းကြိုးစားလွန်းလို့ အမေ့ကိုဝယ်ကျွေးချင်လို့ပါ ‘ ဆိုပြီး ကောင်လေးက ပြန်ဖြေခဲ့တာဖြစ်ပါတယ် ။

ကောင်လေးရဲ့စိတ်သဘောထားကို ဆိုင်ရှင်ကအတော်သဘောကျခဲ့ပြီး ဆူရှီတစ်ပွဲ RM17.15 ကျပေမဲ့လည်း ကောင်လေးဆီက RM16 တည်းကိုသာ လက်ခံခဲ့ပါတယ် ။ ကောင်လေးကလည်း ယဉ်ကျေးစွာနဲ့’ ကျေးဇူးပါဗျာ ‘ဆိုပြီးပြောဆိုကာ ထွက်သွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment