တစ္ဘဝလံုးစာစု​ေဆာင္ထားတဲ့​ေငြ​ေၾကး​ေတြအကုန္ ေဆးရံုသို႔လႉတန္းခဲ့တဲ့ အသက္ 80 အရြယ္ လင္မယား

ထိုင္းႏိုင္ငံမွာေနထိုင္တဲ့ Yenjai Wongpaiboonsri အမည္႐ွိတဲ့ အသက္80အရြယ္ အဘြားအို ႏွင့္ အသက္ 83ႏွစ္အရြယ္ Prachuap Wongpaiboonsri အမည္႐ွိတဲ့အဘိုးအိုတို႔ဟာ စုေဆာင္းထားတဲ့ေငြ 1.15 မီလီယံဘတ္ကို ၎တို႔ၿမိဳ႕႐ွိေဆးရံု 2ရံုသို႔ လႉဒါန္းခဲ့ပါတယ္ ။ ၎တို႔လင္မယားဟာ ထိုင္းႏိုင္ငံအေ႐ွ႕ဖက္ ၊ Chon Buri မွာ ဘဲသားေခါက္ဆြဲဆိုင္ေလးဖြင့္ထားၾကသူပါ ။ Queen Savang Vadhana ေဆးရံုသို႔ 500,000 ဘတ္လႉဒါန္းခဲ့ၿပီး ၊ 650,000 ဘတ္ကို Lamchabang ေဆးရံုသို႔ လႉတန္းေပးခဲ့ပါတယ္ ။

အဆိုပါလင္မယားဟာ အေတာ္ေလးကိုအိုေနၿပီျဖစ္တဲ့အတြက္ ဘယ္အခ်ိန္ေလာကႀကီးကေန ထြက္သြားရမလဲဆိုတာ မသိလို႔ ယခုလိုလႉတန္းခဲ့တာျဖစ္ပါတယ္ ။ အဘြားအိုကေတာ့ ဟိုးအရင္ခ်ိန္တုန္းက အဘိုးအိုေျခေထာက္ႏွစ္ဖက္လံုးက်ိဳးသြားခဲ့တဲ့အခ်ိန္တုန္းက ေဆးရံု႐ွိဆရာဝန္မ်ားႏွင့္ သူနာျပဳမ်ားက ဂ႐ုစိုက္ေပးၾကတဲ့အျပင္ ၊ ေဆးဖိုးကုသစရိတ္မ်ားကိုပါ ေထာက္ပံ့ေပးခဲ့လို႔ အေတာ္ေလးေက်းဇူးတင္ခဲ့ရတာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။

အဘိုးအဘြားႏွစ္ဦးဟာ အဆိုပါေခါက္ဆြဲဆိုင္ကိုဖြင့္ခဲ့တာ ႏွစ္ေပါင္း 50 ႐ွိေနၿပီျဖစ္ၿပီး ေဒသခံေတြကေတာ့ ၎တို႔ရဲ႕ေခါက္ဆြဲကိုအေတာ္ႀကိဳက္ႏွစ္သက္ၾကသူပါ ။ ထို႔အျပင္ ၎တို႔ရဲ႕ေခါက္ဆြဲခ်က္ျပဳတ္နည္းကိုေမးျမန္းခဲ့ခ်ိန္မွာလည္း လတ္ဆတ္ၿပီးသန္႔႐ွင္းတဲ့အစားအေသာက္ေတြကိုသာ အသံုးျပဳၿပီး ၊ ေစတနာအျပည့္ႏွင့္ခ်က္ျပဳတ္ထားတာျဖစ္ေၾကာင္း ႐ွင္းျပခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ထိုင်းနိုင်ငံမှာနေထိုင်တဲ့ Yenjai Wongpaiboonsri အမည်ရှိတဲ့ အသက်80အရွယ် အဘွားအို နှင့် အသက် 83နှစ်အရွယ် Prachuap Wongpaiboonsri အမည်ရှိတဲ့အဘိုးအိုတို့ဟာ စုဆောင်းထားတဲ့ငွေ 1.15 မီလီယံဘတ်ကို ၎င်းတို့မြို့ရှိဆေးရုံ 2ရုံသို့ လှူဒါန်းခဲ့ပါတယ် ။ ၎င်းတို့လင်မယားဟာ ထိုင်းနိုင်ငံအရှေ့ဖက် ၊ Chon Buri မှာ ဘဲသားခေါက်ဆွဲဆိုင်လေးဖွင့်ထားကြသူပါ ။ Queen Savang Vadhana ဆေးရုံသို့ 500,000 ဘတ်လှူဒါန်းခဲ့ပြီး ၊ 650,000 ဘတ်ကို Lamchabang ဆေးရုံသို့ လှူတန်းပေးခဲ့ပါတယ် ။

အဆိုပါလင်မယားဟာ အတော်လေးကိုအိုနေပြီဖြစ်တဲ့အတွက် ဘယ်အချိန်လောကကြီးကနေ ထွက်သွားရမလဲဆိုတာ မသိလို့ ယခုလိုလှူတန်းခဲ့တာဖြစ်ပါတယ် ။ အဘွားအိုကတော့ ဟိုးအရင်ချိန်တုန်းက အဘိုးအိုခြေထောက်နှစ်ဖက်လုံးကျိုးသွားခဲ့တဲ့အချိန်တုန်းက ဆေးရုံရှိဆရာဝန်များနှင့် သူနာပြုများက ဂရုစိုက်ပေးကြတဲ့အပြင် ၊ ဆေးဖိုးကုသစရိတ်များကိုပါ ထောက်ပံ့ပေးခဲ့လို့ အတော်လေးကျေးဇူးတင်ခဲ့ရတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

အဘိုးအဘွားနှစ်ဦးဟာ အဆိုပါခေါက်ဆွဲဆိုင်ကိုဖွင့်ခဲ့တာ နှစ်ပေါင်း 50 ရှိနေပြီဖြစ်ပြီး ဒေသခံတွေကတော့ ၎င်းတို့ရဲ့ခေါက်ဆွဲကိုအတော်ကြိုက်နှစ်သက်ကြသူပါ ။ ထို့အပြင် ၎င်းတို့ရဲ့ခေါက်ဆွဲချက်ပြုတ်နည်းကိုမေးမြန်းခဲ့ချိန်မှာလည်း လတ်ဆတ်ပြီးသန့်ရှင်းတဲ့အစားအသောက်တွေကိုသာ အသုံးပြုပြီး ၊ စေတနာအပြည့်နှင့်ချက်ပြုတ်ထားတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment