3ႏွစ္အရြယ္ကေလးငယ္ကိုမိသားစုဝင္ေတြဆီကေန ျပန္ေပးဆြဲဖို႔အတြက္ဖခင္ဟန္ေဆာင္ခဲ့တဲ့အမ်ိဳးသား

ကေလးငယ္ကိုျပန္ေပးဆြဲတာကေတာ့ ေတာ္ေတာ္ေလးကိုေၾကာက္ဖို႔ေကာင္းလွပါတယ္ ။ ၿပီးခဲ့တဲ့ September 9 ရက္ေန႔တုန္းက မေလး႐ွားႏိုင္ငံက Johor Bahru ၿမိဳ႕မွာ 3ႏွစ္အရြယ္သမီးေလးတစ္ေယာက္ဟာသူမရဲ႕မိဘေတြနဲ႔ေဆာ့ကစားေနတုန္း ျပန္ေပးဆြဲခံရေတာ့မယ့္ အျဖစ္အပ်က္နဲ႔ၾကံဳေတြ႔ခဲ့ရပါတယ္ ။ အမဲေရာင္အနားကြပ္ထားတဲ့မ်က္မွန္ ၊ အမဲေရာင္ t -shirt ၊ အနီေရာင္အစင္းေၾကာင္းပါတဲ့အျဖဴေရာင္ေဘာင္းဘီတို႔ကိုဝတ္ဆင္ထားၿပီး အမဲေရာင္ဦးထုပ္ေဆာင္းထားခဲ့တဲ့ သူစိမ္းအမ်ိဳးသားတစ္ေယာက္ဟာ ညေန 5:30 အခ်ိန္ေလာက္မွာကေလးငယ္အနားသို႔ ခ်ဥ္ကပ္သြားခဲ့ၿပီး အဆိုပါကေလးငယ္မွာ အမွန္တကယ္ေတာ့ သူ၏သမီးျဖစ္ေၾကာင္း ကေလးငယ္၏မိဘရင္းေတြအေ႐ွ႕မွာ ရဲရဲတင္းတင္းေျပာဆိုခဲ့ပါတယ္ ။ Facebook စာမ်က္ႏွာေပၚမွာေဖာ္ျပထားခ်က္အရ အဆိုပါအမ်ိဳးသားဟာကေလးငယ္၏မိသားစုေတြဆီသို႔ ခ်ဥ္းကပ္သြားခဲ့ၿပီး ကေလးငယ္ကိုလုယူခ်င္ေနခဲ့တဲ့အတြက္ ကေလးငယ္မွာသူ၏သမီးျဖစ္ေၾကာင္းေျပာဆိုခဲ့ျခင္းျဖစ္ပါတယ္ ။ အံ့ၾသထိတ္လန္႔သြားခဲ့တဲ့ ကေလးငယ္ရဲ႕ဖခင္အရင္းျဖစ္သူမွာေတာ့ သမီးေလးကိုျမဲေနေအာင္ ဆုပ္ကိုင္ထားခဲ့ပါေတာ့တယ္ ။ကေလးငယ္ကိုျပန္ေပးဆြဲဖို႔ အစီအစဥ္မေအာင္ျမင္ေတာ့တဲ့အဆံုးမွာေတာ့၎အမ်ိဳးသားဟာ အဆိုပါေနရာေတြမွာ႐ွိေနေသးတဲ့ အျခားကေလးငယ္ေလးေတြကို လွည့္ပတ္ၾကည့္ေနပါေတာ့တယ္ ။

မိသားစုဝင္ေတြနဲ႔ ေပ်ာ္ရႊင္ေနၾကတဲ့ကေလးငယ္ရဲ႕မိဘေတြမွာေတာ့ အဆိုပါသူစိမ္းအမ်ိဳးသား၏အျပဳအမႈေတြေၾကာင့္ အေတာ္ေလးကိုထိတ္လန္႔သြားခဲ့ၾကပါတယ္ ။
ကေလးငယ္၏ဖခင္ရင္းမွာေတာ့ သူ၏မိသားစုဝင္မ်ားကို အဆိုပါျပန္ေပးဆြဲတဲ့အမ်ိဳးသားက ေစာင့္ၾကည္ေနႏိုင္ေသးတဲ့အတြက္ သူ႔၏မိသားစုအႏၱရာယ္ကင္းၿပီး လံုျခံဳေစဖို႔အတြက္ ရဲအရာ႐ွိမ်ားကိုတိုင္ၾကားခဲ့ပါတယ္ ။

ကံဆိုးစြာနဲ႔ပဲ ရဲအရာ႐ွိေတြေရာက္႐ွိမလာခင္မွာပဲ အဆိုပါအမ်ိဳးသားဟာ ထြက္ေျပးတိမ္းေ႐ွာင္သြားခဲ့ပါတယ္ ။ကေလးငယ္၏ဖခင္ရင္းမွာေတာ့ အဆိုပါအျဖစ္အပ်က္ျဖစ္ပြားၿပီး ခ်က္ခ်င္းရဲစခန္းသို႔တိုင္ၾကားခဲ့တာျဖစ္ၿပီး ၊ ရဲအရာ႐ွိမ်ားကလည္း အသက္30အရြယ္ခန္႔႐ွိေနၿပီျဖစ္တဲ့အဆိုပါအမ်ိဳးသားကို လိုက္လံ႐ွာေဖြေနလ်က္႐ွိေၾကာင္းသိ႐ွိရပါတယ္ ။ ထို႔ေၾကာင့္ ကေလးငယ္ေတြရဲ႕မိဘမ်ားအေနျဖင့္ ကေလးေတြကိုအျပင္ေခၚသြားမယ္ဆိုၿပီး မ်က္ေျခမပ်က္သြားေအာင္ အထူးဂ႐ုစိုက္သင့္ေၾကာင္း မွာၾကားလိုပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကလေးငယ်ကိုပြန်ပေးဆွဲတာကတော့ တော်တော်လေးကိုကြောက်ဖို့ကောင်းလှပါတယ် ။ ပြီးခဲ့တဲ့ September 9 ရက်နေ့တုန်းက မလေးရှားနိုင်ငံက Johor Bahru မြို့မှာ 3နှစ်အရွယ်သမီးလေးတစ်ယောက်ဟာသူမရဲ့မိဘတွေနဲ့ဆော့ကစားနေတုန်း ပြန်ပေးဆွဲခံရတော့မယ့် အဖြစ်အပျက်နဲ့ကြုံတွေ့ခဲ့ရပါတယ် ။ အမဲရောင်အနားကွပ်ထားတဲ့မျက်မှန် ၊ အမဲရောင် t -shirt ၊ အနီရောင်အစင်းကြောင်းပါတဲ့အဖြူရောင်ဘောင်းဘီတို့ကိုဝတ်ဆင်ထားပြီး အမဲရောင်ဦးထုပ်ဆောင်းထားခဲ့တဲ့ သူစိမ်းအမျိုးသားတစ်ယောက်ဟာ ညနေ 5:30 အချိန်လောက်မှာကလေးငယ်အနားသို့ ချဉ်ကပ်သွားခဲ့ပြီး အဆိုပါကလေးငယ်မှာ အမှန်တကယ်တော့ သူ၏သမီးဖြစ်ကြောင်း ကလေးငယ်၏မိဘရင်းတွေအရှေ့မှာ ရဲရဲတင်းတင်းပြောဆိုခဲ့ပါတယ် ။ Facebook စာမျက်နှာပေါ်မှာဖော်ပြထားချက်အရ အဆိုပါအမျိုးသားဟာကလေးငယ်၏မိသားစုတွေဆီသို့ ချဉ်းကပ်သွားခဲ့ပြီး ကလေးငယ်ကိုလုယူချင်နေခဲ့တဲ့အတွက် ကလေးငယ်မှာသူ၏သမီးဖြစ်ကြောင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ် ။ အံ့သြထိတ်လန့်သွားခဲ့တဲ့ ကလေးငယ်ရဲ့ဖခင်အရင်းဖြစ်သူမှာတော့ သမီးလေးကိုမြဲနေအောင် ဆုပ်ကိုင်ထားခဲ့ပါတော့တယ် ။ကလေးငယ်ကိုပြန်ပေးဆွဲဖို့ အစီအစဉ်မအောင်မြင်တော့တဲ့အဆုံးမှာတော့၎င်းအမျိုးသားဟာ အဆိုပါနေရာတွေမှာရှိနေသေးတဲ့ အခြားကလေးငယ်လေးတွေကို လှည့်ပတ်ကြည့်နေပါတော့တယ် ။

မိသားစုဝင်တွေနဲ့ ပျော်ရွှင်နေကြတဲ့ကလေးငယ်ရဲ့မိဘတွေမှာတော့ အဆိုပါသူစိမ်းအမျိုးသား၏အပြုအမှုတွေကြောင့် အတော်လေးကိုထိတ်လန့်သွားခဲ့ကြပါတယ် ။
ကလေးငယ်၏ဖခင်ရင်းမှာတော့ သူ၏မိသားစုဝင်များကို အဆိုပါပြန်ပေးဆွဲတဲ့အမျိုးသားက စောင့်ကြည်နေနိုင်သေးတဲ့အတွက် သူ့၏မိသားစုအန္တရာယ်ကင်းပြီး လုံခြုံစေဖို့အတွက် ရဲအရာရှိများကိုတိုင်ကြားခဲ့ပါတယ် ။

ကံဆိုးစွာနဲ့ပဲ ရဲအရာရှိတွေရောက်ရှိမလာခင်မှာပဲ အဆိုပါအမျိုးသားဟာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ် ။ကလေးငယ်၏ဖခင်ရင်းမှာတော့ အဆိုပါအဖြစ်အပျက်ဖြစ်ပွားပြီး ချက်ချင်းရဲစခန်းသို့တိုင်ကြားခဲ့တာဖြစ်ပြီး ၊ ရဲအရာရှိများကလည်း အသက်30အရွယ်ခန့်ရှိနေပြီဖြစ်တဲ့အဆိုပါအမျိုးသားကို လိုက်လံရှာဖွေနေလျက်ရှိကြောင်းသိရှိရပါတယ် ။ ထို့ကြောင့် ကလေးငယ်တွေရဲ့မိဘများအနေဖြင့် ကလေးတွေကိုအပြင်ခေါ်သွားမယ်ဆိုပြီး မျက်ခြေမပျက်သွားအောင် အထူးဂရုစိုက်သင့်ကြောင်း မှာကြားလိုပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "3ႏွစ္အရြယ္ကေလးငယ္ကိုမိသားစုဝင္ေတြဆီကေန ျပန္ေပးဆြဲဖို႔အတြက္ဖခင္ဟန္ေဆာင္ခဲ့တဲ့အမ်ိဳးသား"

Leave a comment

Your email address will not be published.


*