Credit Cardပေါင်း 1300 ကျော်ရဲ့ နံပတ်တွေကိုအကုန်မှတ်မိနေခဲ့ပြီး မသမာတဲ့လုပ်ငန်းမှာအသုံးချခဲ့တဲ့ အမျိုးသား

တစ်ခါတစ်လေမှာဆိုရင် အခုကိုယ့်ရှေ့မှာတွေ့နေရတဲ့သူတွေရဲ့ နာမည်ကိုတောင်မှမေ့သွားတတ်ပါတယ် ။ ဒါပေမဲ့ ဒီအမျိုးသားကတော့ Credit Card ပေါင်း 1300 ကျော်ရဲ့နံပတ်တွေကို အကုန်လုံးမှတ်မိနေခဲ့တာပါ ။ Yusuke Taniguchi အမည်ရှိတဲ့ အသက်34နှစ်အရွယ် အဆိုပါအမျိုးသားဟာ လူအယောက်ပေါင်း 1300 ကျော်ရဲ့ Credit Card အချက်အလက်တွေကိုခိုးယူပြီး online ပေါ်ကနေပစ္စည်းတွေဝယ်ယူတဲ့အချိန်တွေမှာငွေပေးချေဖို့အသုံးပြုနေခဲ့တဲ့အတွက် ရဲအရာရှိတွေရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ် ။ ရဲအရာရှိတွေရဲ့ ပြောဆိုချက်အရ Yusuke ဟာ တိုကျို မြို့မှာရှိတဲ့ shopping mall တစ်ခုမှာငွေကိုင်တစ်ယောက်အနေနဲ့ အချိန်ပိုင်းအလုပ်ဝင်လုပ်ခဲ့ပါတယ် ။ သူ၏မှတ်ဥာဏ်မှာ အလွန်မြင့်မားလွန်းတဲ့အတွက် Credit Card တစ်ခုအသေးစိတ်အချက်အလက်များဖြစ်တဲ့ ( ကတ်နံပတ် ၊ သက်တမ်းကုန်ဆုံးတဲ့ရက် ၊ cvv နှင့် နာမည်) စသည်တို့ကို အလုပ်လုပ်နေစဉ် သူ့ကိုကတ်ပေးလိုက်သည့် အချိန်တစ်ခဏအတွင်းမှာ အကုန်လုံးကိုမှတ်မိနိုင်ခဲ့ပါတယ် ။

Yusuke ကိုရဲအရာရှိတွေဖမ်းမိပြီးနောက်မှာတော့ ထောင်ပေါင်းများစွာသောလူတွေရဲ့နာမည် နှင့် ၎င်းတို့ကတ်များ၏အသေးစိတ်အချက်အလက်များကို မှတ်ထားသည့် မှတ်စုစာအုပ်အသေးလေးကိုပါ ရဲအရာရှိများကတွေ့ရှိသွားခဲ့ပါတယ် ။ ရဲအရာရှိများကတော့ Yusuke. ယခုကဲ့လုပ်ကိုင်နေသည်မှာ မည်မျှကြာမြင့်နေပြီလဲဆိုတာကိုသိရှိဖို့အတွက် လုပ်ငန်းအတွက်အသုံးပြုခဲ့တဲ့ငွေပမာဏကို စစ်ဆေးခဲ့ကြပါတယ် ။ Yusuke ဟာဥာဏ်ရည်ထူးချွန်တဲ့သူဖြစ်ပေမဲ့လည်း အရူးတစ်ယောက်လိုမိုက်မဲတဲ့အရာတစ်ခုလုပ်ခဲ့မိတဲ့အတွက် ဖမ်းဆီးခြင်းခံခဲ့ရပါတယ် ။ ၎င်းအရာကတော့ တစ်စုံတစ်ယောက်ရဲ့ Credit Card ကိုအသုံးပြုပြီး 270,000 yan (မြန်မာငွေ 38သိန်းဝန်းကျင်) ခန့်ရှိတဲ့လွယ်အိတ်ကို online ကနေမှာယူခဲ့ပြီး ၊ အမြန်ချောပို့မည့်လိပ်စာကို သူ၏အိမ်လိပ်စာပေးခဲ့လို့ဖြစ်ပါတယ် ။

ထိုလုပ်ရပ်က ရဲအရာရှိများကို Yusuke ၏နေအိမ်သို့ခေါ်ဆောင်လာခဲ့သလိုဖြစ်ခဲ့ပြီး Yusuke အဖမ်းခံခဲ့ရခြင်းဖြစ်ပါတယ် ။ရဲအရာရှိတွေစုံစမ်းစစ်ဆေးခဲ့ချိန်မှာတော့ Yusuke ဟာအပေါင်ဆိုင်တစ်ခုမှပစ္စည်းများကိုပြန်လည်ဝယ်ယူပြီး ပြန်လည်ရောင်ချခဲ့ကာ အဆိုပါလုပ်ငန်မှရရှိလာတဲ့အမြတ်ငွေများကို သူ၏အသုံးစရိတ်တွေဖြစ်တဲ့ အိမ်ငှါးခ နှင့် စားစရိတ်တွေမှာ အသုံးပြုခဲ့ကြောင်း ရဲအရာရှိများကို ဝန်ခံခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "Credit Cardပေါင်း 1300 ကျော်ရဲ့ နံပတ်တွေကိုအကုန်မှတ်မိနေခဲ့ပြီး မသမာတဲ့လုပ်ငန်းမှာအသုံးချခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*