ၾကက္ဥလိပ္ေရာင္းဖို႔ 911 ကို အႀကိမ္ေပါင္း 1,000 ေက်ာ္ခန္႔ ဖုန္းေခၚယူခဲ့လို႔ အဖမ္းခံခဲ့ရတဲ့အမ်ိဳးသား

အေမရိကန္ႏိုင္ငံ ၊ Tennessee ျပည္နယ္ Memphis ၿမိဳ႕မွာေနထိုင္တဲ့ Huu Nguyen အမည္႐ွိတဲ့အမ်ိဳးသားဟာ အမ်ိဳးသားဟာ ၾကက္ဥလိပ္ေရာင္းဖို႔ဆိုၿပီး 911 ကို အႀကိမ္ေပါင္း 10,000 မက ဖုန္းေခၚယူခဲ့ပါတယ္ ။ ဖုန္းကိုင္လိုက္တဲ့အခ်ိန္မွာ Nguyen က ၾကက္ဥလိပ္မလိုခ်င္ဘူးလားဆိုၿပီး တာဝန္႐ွိသူေတြကိုေမးျမန္းခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ July 15 ရက္ေန႔မွစၿပီး Nguyen ဟာ 911 ကို 1,171 ႀကိမ္ဖုန္းေခၚယူခဲ့ၿပီး ၊ September လထဲမွာတင္ 241 ႀကိမ္ဖုန္းထပ္မံေခၚယူခဲ့ေသးေၾကာင္း ထို႔အျပင္ ၿပီးခဲ့တဲ့ရက္ကမွ 911 ကို 32 ႀကိမ္ဖုန္းေခၚဆိုထားေသးေၾကာင္း သိ႐ွိရပါတယ္ ။

Nguyen ကိုေတာ့ shopping center တစ္ခုရဲ႕အေ႐ွ႕မွာတင္ ဖမ္းမိခဲ့ေၾကာင္း သိရပါတယ္ ။ Nguyen ဟာ အမွန္တကယ္ပဲ ၾကက္ဥလိပ္ေရာင္းတာလည္း ဒါမွမဟုတ္ စေနာက္တဲ့အေနနဲ႔ အေရးေပၚေခၚဆိုမႈကို ဖုန္းေခၚခဲ့တာလား ဆိုတာကိုေတာ့မသိရေသးပါဘူး ။ ဒါေပမဲ့ Nguyen ဖုန္းေခၚဆိုမႈဟာ အမွန္တကယ္အကူအညီလိုအပ္ေနသူေတြအေပၚ ထိခိုက္နစ္နာမႈေတြ႐ွိလာႏိုင္ပါတယ္ ။ ဒါေၾကာင့္ Nguyen ကို တာဝန္႐ွိသူမ်ားက ဖမ္းဆီးအေရးယူခဲ့တာပါ ။

Jasmine (Mckzone Daily)

Source: nextshark.

Unicode

အမေရိကန်နိုင်ငံ ၊ Tennessee ပြည်နယ် Memphis မြို့မှာနေထိုင်တဲ့ Huu Nguyen အမည်ရှိတဲ့အမျိုးသားဟာ အမျိုးသားဟာ ကြက်ဥလိပ်ရောင်းဖို့ဆိုပြီး 911 ကို အကြိမ်ပေါင်း 10,000 မက ဖုန်းခေါ်ယူခဲ့ပါတယ် ။ ဖုန်းကိုင်လိုက်တဲ့အချိန်မှာ Nguyen က ကြက်ဥလိပ်မလိုချင်ဘူးလားဆိုပြီး တာဝန်ရှိသူတွေကိုမေးမြန်းခဲ့ကြောင်း သိရှိရပါတယ် ။ July 15 ရက်နေ့မှစပြီး Nguyen ဟာ 911 ကို 1,171 ကြိမ်ဖုန်းခေါ်ယူခဲ့ပြီး ၊ September လထဲမှာတင် 241 ကြိမ်ဖုန်းထပ်မံခေါ်ယူခဲ့သေးကြောင်း ထို့အပြင် ပြီးခဲ့တဲ့ရက်ကမှ 911 ကို 32 ကြိမ်ဖုန်းခေါ်ဆိုထားသေးကြောင်း သိရှိရပါတယ် ။

Nguyen ကိုတော့ shopping center တစ်ခုရဲ့အရှေ့မှာတင် ဖမ်းမိခဲ့ကြောင်း သိရပါတယ် ။ Nguyen ဟာ အမှန်တကယ်ပဲ ကြက်ဥလိပ်ရောင်းတာလည်း ဒါမှမဟုတ် စနောက်တဲ့အနေနဲ့ အရေးပေါ်ခေါ်ဆိုမှုကို ဖုန်းခေါ်ခဲ့တာလား ဆိုတာကိုတော့မသိရသေးပါဘူး ။ ဒါပေမဲ့ Nguyen ဖုန်းခေါ်ဆိုမှုဟာ အမှန်တကယ်အကူအညီလိုအပ်နေသူတွေအပေါ် ထိခိုက်နစ်နာမှုတွေရှိလာနိုင်ပါတယ် ။ ဒါကြောင့် Nguyen ကို တာဝန်ရှိသူများက ဖမ်းဆီးအရေးယူခဲ့တာပါ ။

Jasmine (Mckzone Daily)

  • Leave a Comment