ကျားရဲ့ မဖွယ်မရာနေရာကို လက်နဲ့ဆုပ်ကိုင်ပြီး ဓာတ်ပုံရိုက်ယူခဲ့တဲ့ အမျိုးသမီး




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

သက်ရှိသတ္တဝါတွေတိုင်း ကောင်းမွန်စွာဆက်ဆံခံရဖို့ သင့်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း Chiang Mai တိရစ္ဆာန်ရုံသို့ လာရောက်လည်ပတ်တဲ့ ကိုယ့်ကိုတိရစ္ဆာန်ချစ်သူပါလို့ ပြောဆိုသတ်မှတ်ထားတဲ့အမျိုးသမီးဟာ ကျားလေးရဲ့လိင်အင်္ဂါကို ကိုင်ပြီးဓာတ်ပုံရိုက်ကာ social media သို့ဝေမျှခဲ့ပါတယ် ။ Waraschaya Akkarachaiyapas အမည်ရှိတဲ့ အဆိုပါအမျိုးသမီးဟာ သူမရဲ့ ကျားတစ်ကောင်အပေါ် မလေးမစား အန္တရာယ်များလွန်းတဲ့အပြုအမှုနဲ့ဆက်ဆံခဲ့တဲ့ လုပ်ရပ်ဟာ ယခုအချိန်မှာတော့ အတော်လေးကိုဝေဖန်ခံနေရလျက်ရှိပါတယ် ။

Waraschaya Akkarachaiyapas အမည်ရှတဲ့အမျိုးသမီးကလည်း သူမရဲ့ Facebook စာမျက်နှာပေါ်မှာ သူမဟာတိရစ္ဆာန်တွေကိုချစ်ခင်မြတ်နိုးတဲ့သူတစ်ယောက်ဖြစ်ကြောင်း နှင့် ” ကျွန်မအမြဲတမ်း တိရစ္ဆာန်ရုံက စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပြီး ဝန်ထမ်းတွေရဲ့အကြံပေးချက်ကို အမြဲနားထောင်သူပါ ။ အဲဒါက ကျွန်မကော တိရစ္ဆာန်တွေရောရဲ့ လုံခြုံစိတ်ချမှုအတွက်ကြောင့်ပါ ။ ဒီလိုကိုင်ပြီး ရိုက်ဖို့ကျွန်မခွင့်ပြုချက်ရပြီးသားပါ ။ တာဝန်ရှိသူတွေကလည်း ကျားလေးက လုံခြုံစိတ်ချရတယ်လို့ ပြောခဲ့လို့ပါ ” ဆိုပြီး ပြန်လည်ဖြေရှင်းထားခဲ့ပါတယ် ။

တိရစ္ဆာန်ချစ်တဲ့သူဖြစ်ဖြစ် ၊ ဘယ်လိုလူပဲဖြစ်နေပါစေ အန္တရာယ်များလွန်းပြီး ယခုလိုလုံခြုံစိတ်ချမှုမရှိတဲ့လုပ်ရပ်ကို ဓာတ်ပုံရိုက်ရန်အတွက်နဲ့ မစွန့်စားသင့်ပါဘူး ။

Jasmine (Mckzone Daily)

  • Leave a Comment