အိပ္မေပ်ာ္လို႔ဆိုၿပီး ၾကက္သြန္ျဖဴကိုနားထဲထိုးထည့္လိုက္လို႔ ညပ္ေနၿပီးဒုကၡေရာက္ခဲ့တဲ့ အမ်ိဳးသား

ၾကက္သြန္ျဖဴ ကိုတစ္ခ်ိဳ႕ေသာသူေတြက အရသာမႀကိဳက္ဘူးဆိုေပမဲ့လည္း က်န္းမာေရးအတြက္အက်ိဳးေက်းဇူးမ်ားစြာရ႐ွိေစတဲ့ အရာတစ္မ်ိဳးျဖစ္ပါတယ္ ။ သို႔ေပမဲ့လည္း တစ္ခ်ိဳ႕ေသာသူမ်ားကေတာ့ က်န္မာေရးအတြက္ေဆးဖက္ဝင္တယ္ဆိုတာနဲ႔ပဲ လြန္လြန္ကဲကဲ အသံုးျပဳမိတတ္ၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း Wang ဆိုတဲ့ တ႐ုတ္ႏိုင္ငံကအမ်ိဳးသားတစ္ေယာက္ဟာ သူ၏နားႏွစ္ဖက္လံုးဟာ အလြန္ကိုက္ခဲလြန္းေသာေၾကာင့္ ညဖက္ေတြမွာအိပ္လို႔မရေတာ့တဲ့အထိ ျဖစ္ခဲ့ပါတယ္ ။ တစ္ရက္မွာေတာ့ ၾကက္သြန္ျဖဴ ဟာ ေရာင္ရမ္းျခင္းကိုကုသေပးႏိုင္တယ္ဆိုတဲ့ Video တစ္ခုကို Internet ေပၚမွာေတြ႔မိသြားခဲ့ပါတယ္ ။ Video ထဲမွာေဖာ္ျပထားတာကေတာ့ ၾကက္သြန္ျဖဴ ကို ခြဲလိုက္ရင္ ဒါမွမဟုတ္ ပိုင္းလိုက္မယ္ဆိုရင္ ထြက္ေပၚလာတဲ့ ျဒပ္ေပါင္းတစ္မ်ိဳးျဖစ္တဲ့ allicin ဟာေရာင္ရမ္းျခင္းကိုသက္သာေစၿပီး နားနာက်င္ကိုက္ခဲတာ ၊ ေခါင္းကိုက္တာ ႏွင့္ အျခားေသာေရာဂါမ်ားကိုလည္း သက္သာေပ်ာက္ကင္းေစႏိုင္တယ္ဆိုၿပီး ၾကက္သြန္ျဖဴ ၏အက်ိဳးအာနိသင္ကို ေဖာ္ျပထားပါတယ္ ။

ထို႔ေၾကာင့္ အဆိုပါအမ်ိဳးသားဟာ အခြံႏႊာထားတဲ့ၾကက္သြန္ျဖဴ တစ္စိတ္ကို ပိုင္းၿပီး သူ၏နားတစ္ဖက္စီမွာ နားၾကပ္ထည့္သလို နားထဲသို႔ထိုးထည့္ခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း နားတစ္ဖက္မွာထိုးထည့္ထားခဲ့တဲ့ ၾကက္သြန္အစိတ္ေလးဟာ ထုတ္လို႔မရေတာ့ဘဲ လံုးဝကိုညပ္ၿပီးခံေနပါေတာ့တယ္ ။ထို႔ေၾကာင့္ Wang ဟာေဆးရံုသို႔အလ်င္အျမန္သြားေရာက္ခဲ့ၿပီး ဆရာဝန္၏အကူအညီျဖင့္ နားထဲမွၾကက္သြန္ျဖဴ အစိတ္ေလးကို ျပန္ထုတ္ခဲ့ရပါတယ္ ။

ဆရာဝန္ကေတာ့ ၾကက္သြန္ျဖဴ ဟာ နားကိုက္ခဲျခင္းႏွင့္ ေရာင္ရမ္းျခင္းကိုကုသေပးတယ္ဆိုသည့္ အေျခခံအေၾကာင္းအရင္းေဖာ္ျပထားျခင္းမ်ိဴ းမ႐ွိသည့္အတြက္ Wang ကို ေဆးပညာႏွင့္သာကုသဖို႔ အၾကံဥာဏ္ေပးခဲ့ပါတယ္ ။ ထို႔ေၾကာင့္ Wang ဟာ မူလဇာစ္ျမစ္အေၾကာင္းရင္းကိုမသိ႐ွိပဲ ကုသမႈမ်ိဳးကိုမျပဳလုပ္သင့္ေၾကာင္း ထပ္ေလာင္းေျပာဆိုခဲ့ပါတယ္ ။အေစာပိုင္းတုန္းကလည္း UK မွာ႐ွိတဲ့အမ်ိဳးသမီးဟာလည္း Online ေပၚမွာဖတ္မိခဲ့တဲ့ အေၾကာင္းအရာအခ်ိဳ႕ေၾကာင့္ လုိက္လုပ္ရင္းနဲ႔ သူမ၏သားအိမ္လမ္းေၾကာင္းမွာ ၾကက္သြန္ျဖဴ အစိမ္းခံေနတာကို ခံစားခဲ့ရပါတယ္ ။ ထို႔ေၾကာင့္ အဆိုပါအျဖစ္အပ်က္ဟာ သူမ၏သားအိမ္လမ္းေၾကာင္းကိုအေတာ္ေလးကို ပူစပ္သြားေစခဲ့ၿပီး ေရာင္ကိုင္းသြားေစခဲ့ပါေတာ့တယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကြက်သွန်ဖြူ ကိုတစ်ချို့သောသူတွေက အရသာမကြိုက်ဘူးဆိုပေမဲ့လည်း ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရရှိစေတဲ့ အရာတစ်မျိုးဖြစ်ပါတယ် ။ သို့ပေမဲ့လည်း တစ်ချို့သောသူများကတော့ ကျန်မာရေးအတွက်ဆေးဖက်ဝင်တယ်ဆိုတာနဲ့ပဲ လွန်လွန်ကဲကဲ အသုံးပြုမိတတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း Wang ဆိုတဲ့ တရုတ်နိုင်ငံကအမျိုးသားတစ်ယောက်ဟာ သူ၏နားနှစ်ဖက်လုံးဟာ အလွန်ကိုက်ခဲလွန်းသောကြောင့် ညဖက်တွေမှာအိပ်လို့မရတော့တဲ့အထိ ဖြစ်ခဲ့ပါတယ် ။ တစ်ရက်မှာတော့ ကြက်သွန်ဖြူ ဟာ ရောင်ရမ်းခြင်းကိုကုသပေးနိုင်တယ်ဆိုတဲ့ Video တစ်ခုကို Internet ပေါ်မှာတွေ့မိသွားခဲ့ပါတယ် ။ Video ထဲမှာဖော်ပြထားတာကတော့ ကြက်သွန်ဖြူ ကို ခွဲလိုက်ရင် ဒါမှမဟုတ် ပိုင်းလိုက်မယ်ဆိုရင် ထွက်ပေါ်လာတဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ allicin ဟာရောင်ရမ်းခြင်းကိုသက်သာစေပြီး နားနာကျင်ကိုက်ခဲတာ ၊ ခေါင်းကိုက်တာ နှင့် အခြားသောရောဂါများကိုလည်း သက်သာပျောက်ကင်းစေနိုင်တယ်ဆိုပြီး ကြက်သွန်ဖြူ ၏အကျိုးအာနိသင်ကို ဖော်ပြထားပါတယ် ။

ထို့ကြောင့် အဆိုပါအမျိုးသားဟာ အခွံနွှာထားတဲ့ကြက်သွန်ဖြူ တစ်စိတ်ကို ပိုင်းပြီး သူ၏နားတစ်ဖက်စီမှာ နားကြပ်ထည့်သလို နားထဲသို့ထိုးထည့်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း နားတစ်ဖက်မှာထိုးထည့်ထားခဲ့တဲ့ ကြက်သွန်အစိတ်လေးဟာ ထုတ်လို့မရတော့ဘဲ လုံးဝကိုညပ်ပြီးခံနေပါတော့တယ် ။ထို့ကြောင့် Wang ဟာဆေးရုံသို့အလျင်အမြန်သွားရောက်ခဲ့ပြီး ဆရာဝန်၏အကူအညီဖြင့် နားထဲမှကြက်သွန်ဖြူ အစိတ်လေးကို ပြန်ထုတ်ခဲ့ရပါတယ် ။

ဆရာဝန်ကတော့ ကြက်သွန်ဖြူ ဟာ နားကိုက်ခဲခြင်းနှင့် ရောင်ရမ်းခြင်းကိုကုသပေးတယ်ဆိုသည့် အခြေခံအကြောင်းအရင်းဖော်ပြထားခြင်းမျိူ းမရှိသည့်အတွက် Wang ကို ဆေးပညာနှင့်သာကုသဖို့ အကြံဉာဏ်ပေးခဲ့ပါတယ် ။ ထို့ကြောင့် Wang ဟာ မူလဇာစ်မြစ်အကြောင်းရင်းကိုမသိရှိပဲ ကုသမှုမျိုးကိုမပြုလုပ်သင့်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ် ။အစောပိုင်းတုန်းကလည်း UK မှာရှိတဲ့အမျိုးသမီးဟာလည်း Online ပေါ်မှာဖတ်မိခဲ့တဲ့ အကြောင်းအရာအချို့ကြောင့် လိုက်လုပ်ရင်းနဲ့ သူမ၏သားအိမ်လမ်းကြောင်းမှာ ကြက်သွန်ဖြူ အစိမ်းခံနေတာကို ခံစားခဲ့ရပါတယ် ။ ထို့ကြောင့် အဆိုပါအဖြစ်အပျက်ဟာ သူမ၏သားအိမ်လမ်းကြောင်းကိုအတော်လေးကို ပူစပ်သွားစေခဲ့ပြီး ရောင်ကိုင်းသွားစေခဲ့ပါတော့တယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အိပ္မေပ်ာ္လို႔ဆိုၿပီး ၾကက္သြန္ျဖဴကိုနားထဲထိုးထည့္လိုက္လို႔ ညပ္ေနၿပီးဒုကၡေရာက္ခဲ့တဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*