Lockdown ခ်ခံခဲ့ရတဲ့ 8လအတြင္း အစာေရဆာငတ္ျပတ္ခဲ့လို႔ အ႐ိုးစုသာက်န္ရစ္ခဲ့တဲ့ သနားစရာလိပ္ကေလးရဲ႕အျဖစ္ (႐ုပ္သံ)

ေရာဂါကူးစက္မႈျဖစ္ပြားေနတဲ့အခ်ိန္ လူေတြဟာေနအိမ္အတြင္းမွာသာ ေနထိုင္ၾကရတာပါ ။ ဒီလိုအခ်ိန္ေတြမွာ လူေတြရဲ႕ေပးကမ္းစြန္႔က်ဲမႈကိုသာ အားကိုးၿပီးေနထိုင္ေနရတဲ့ တိရစာၦန္ေလးေတြဟာ အေတာ္ေလးကိုဒုကၡေရာက္ၾကရပါတယ္ ။ ထို႔အတူ အိမ္ေမြးတိရစာၦန္ေလးေတြလည္း အလားတူဒုကၡေရာက္ၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း အမ်ိဳးသားတစ္ေယာက္ဟာ စင္ကာပူႏိုင္ငံမွာအေတာ္ၾကာေအာင္ပိတ္မိေနခဲ့လို႔ သူ၏အိမ္ေမြး ေခြးေလးေတြနဲ႔ လိပ္ တို႔ဟာေနအိမ္အတြင္မွာသာ ပိတ္ေလွာင္က်န္ရစ္ခဲ့ရပါတယ္ ။ ကံေကာင္စြာနဲ႔ ဝူဟန္ၿမိဳ႕ကေနအိမ္မွာက်န္ရစ္ခဲ့တဲ့ ေခြးေလးေတြကိုေတာ့ အိမ္နီးခ်င္းေတြက အစားအစာေကြၽးၿပီးၾကည့္႐ႈေစာင့္ေ႐ွာက္ထားေပမဲ့ လိပ္ကေလးမွာေတာ့ မည္သူကမွသတိမထားမိလို႔ အေတာ္ေလးကိုအစာေရဆာျပတ္လပ္ၿပီး ေသဆံုးခဲ့ကာ ေနာက္ဆံုးအ႐ိုးစုသာက်န္ရစ္ခဲ့ရပါတယ္ ။

လိပ္ကေလးကို ဝူဟန္ၿမိဳ႕မွာတကၠသိုလ္တက္ေရာက္ေနတဲ့ ေက်ာင္းသားတစ္ဦးကပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး ၊ January လကစၿပီး ေရာဂါအေျခအေနေၾကာင့္ ၿမိဳ႕ကေနထြက္ခြာခဲ့ရတာပါ ။ ထိုအခ်ိန္တုန္းက လိပ္ကေလးအတြက္ ရက္ေပါင္း 40 အထိလံုေလာက္တဲ့ အစားအစာနဲ႔ ေသာက္ေရတို႔ ခ်န္ရစ္ထားခဲ့ေပမဲ့လည္း ကံဆိုးစြာနဲ႔ lockdown အခ်ိန္ကၾကာျမင့္ခဲ့ၿပီး ၿပီးခဲ့တဲ့ August လကမွ ေက်ာင္းသားေလးဟာ ဝူဟန္ၿမိဳ႕သို႔ျပန္ေရာက္လာႏိုင္ခဲ့တာပါ ။

ေနအိမ္ရဲ႕လသာေဆာင္မွာ လိပ္ကေလးရဲ႕အ႐ိုးစုကိုေတြ႔႐ွိခဲ့ရတာပါ ။ အခ်ိန္အေတာ္ၾကာ အစားအေသာက္မ႐ွိဘဲ လိပ္ကေလးအသက္မ႐ွင္ႏိုင္ဘူးဆိုတာကို သခင္ျဖစ္သူက သိ႐ွိၿပီးသားပါ ။ ထို႔ေၾကာင့္ လိပ္ကေလးရဲ႕အ႐ိုးစုကို သူ၏စာၾကည့္စားပြဲခံုေပၚမွာ ထား႐ွိသြားမည္ျဖစ္ေၾကာင္း သခင္ျဖစ္သူက ေျပာျပသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ရောဂါကူးစက်မှုဖြစ်ပွားနေတဲ့အချိန် လူတွေဟာနေအိမ်အတွင်းမှာသာ နေထိုင်ကြရတာပါ ။ ဒီလိုအချိန်တွေမှာ လူတွေရဲ့ပေးကမ်းစွန့်ကျဲမှုကိုသာ အားကိုးပြီးနေထိုင်နေရတဲ့ တိရစ္ဆာန်လေးတွေဟာ အတော်လေးကိုဒုက္ခရောက်ကြရပါတယ် ။ ထို့အတူ အိမ်မွေးတိရစ္ဆာန်လေးတွေလည်း အလားတူဒုက္ခရောက်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း အမျိုးသားတစ်ယောက်ဟာ စင်ကာပူနိုင်ငံမှာအတော်ကြာအောင်ပိတ်မိနေခဲ့လို့ သူ၏အိမ်မွေး ခွေးလေးတွေနဲ့ လိပ် တို့ဟာနေအိမ်အတွင်မှာသာ ပိတ်လှောင်ကျန်ရစ်ခဲ့ရပါတယ် ။ ကံကောင်စွာနဲ့ ဝူဟန်မြို့ကနေအိမ်မှာကျန်ရစ်ခဲ့တဲ့ ခွေးလေးတွေကိုတော့ အိမ်နီးချင်းတွေက အစားအစာကျွေးပြီးကြည့်ရှုစောင့်ရှောက်ထားပေမဲ့ လိပ်ကလေးမှာတော့ မည်သူကမှသတိမထားမိလို့ အတော်လေးကိုအစာရေဆာပြတ်လပ်ပြီး သေဆုံးခဲ့ကာ နောက်ဆုံးအရိုးစုသာကျန်ရစ်ခဲ့ရပါတယ် ။

လိပ်ကလေးကို ဝူဟန်မြို့မှာတက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသားတစ်ဦးကပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ၊ January လကစပြီး ရောဂါအခြေအနေကြောင့် မြို့ကနေထွက်ခွာခဲ့ရတာပါ ။ ထိုအချိန်တုန်းက လိပ်ကလေးအတွက် ရက်ပေါင်း 40 အထိလုံလောက်တဲ့ အစားအစာနဲ့ သောက်ရေတို့ ချန်ရစ်ထားခဲ့ပေမဲ့လည်း ကံဆိုးစွာနဲ့ lockdown အချိန်ကကြာမြင့်ခဲ့ပြီး ပြီးခဲ့တဲ့ August လကမှ ကျောင်းသားလေးဟာ ဝူဟန်မြို့သို့ပြန်ရောက်လာနိုင်ခဲ့တာပါ ။

နေအိမ်ရဲ့လသာဆောင်မှာ လိပ်ကလေးရဲ့အရိုးစုကိုတွေ့ရှိခဲ့ရတာပါ ။ အချိန်အတော်ကြာ အစားအသောက်မရှိဘဲ လိပ်ကလေးအသက်မရှင်နိုင်ဘူးဆိုတာကို သခင်ဖြစ်သူက သိရှိပြီးသားပါ ။ ထို့ကြောင့် လိပ်ကလေးရဲ့အရိုးစုကို သူ၏စာကြည့်စားပွဲခုံပေါ်မှာ ထားရှိသွားမည်ဖြစ်ကြောင်း သခင်ဖြစ်သူက ပြောပြသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment