ႏွာေခါင္းထဲကိုပိုက္ထိုးထည့္ထားရေပမဲ့လည္း ကားေမာင္းကာေဆးဖိုး႐ွာေနရတဲ့ ကားဆရာ

ကိုယ့္ရဲ႕တစ္ဘဝလံုးအတြက္ သံုးနိုင္ ၊ ျဖဳန္းႏိုင္ဖို႔ မကုန္ဆံုးႏိုင္တဲ့အသံုးစရိတ္ေတြ ႐ွာေဖြေနရတာဟာ တစ္ကယ္တမ္းလံုးဝမလြယ္ကူတဲ့အရာတစ္ခုပါပဲ ။အခ်ိဳ႕လူေတြက်ေတာ့ အတည္တက်အလုပ္ ၊ ကိုယ့္အတြက္လံုေလာက္တဲ့အတည္တက် ဝင္ေငြေတြနဲ႔အဆင္ေျပေနေပမဲ့လည္း တစ္ခ်ိဳ႕ေသာသူေတြကေတာ့ ကိုယ့္ရဲ႕အသံုးစရိတ္ေတြအတြက္စိုးရိမ္ေနရတုန္းပါပဲ ။ အထူးသျဖင့္ေတာ့ ကိုယ္ေတြလိုက်န္းမာ ၾကံ့ခိုင္တဲ့ခႏၶာကိုယ္မ်ိဳးနဲ႔မဟုတ္ပဲ အလုပ္လုပ္ေနၾကရတဲ့သူေတြပါ ။ မၾကာေသးခင္က Niramon Shicam အမည္႐ွိတဲ့ ထိုင္ႏိုင္ငံကမိန္းကေလးဟာ သူမ၏Facebook စာမ်က္ႏွာမွာ မ်က္တြင္းေခ်ာင္က်ေနၿပီးဖ်ားနာေနေသာအမ်ိဳးသားတစ္ဦးဟာ သူ၏စားဝတ္ေနေရးအတြက္ Taxi ေမာင္းေနရတဲ့အျဖစ္အပ်က္တစ္ခုကို ေဝမ်ွသြားခဲ့ပါတယ္ ။ အဆိုပါအမ်ိဳးသားဟာ mask တပ္ထားတယ္လို႔ျမင္ေနရေပမဲ့ ေသခ်ာၾကည့္လိုက္မယ္ဆိုရင္ေတာ့ သူ၏ႏွာေခါင္းထဲမွာ ပိုက္ထိုးထည့္ထားတာကိုျမင္ေနရၿပီး သူ၏ခႏၶာကိုယ္မွာလည္းအေတာ္ေလးအားနည္းေနတဲ့ပံုစံျဖစ္ေနကာ သူ၏အေရးျပားမွာအ႐ိုးေတြထင္းေနရေလာက္တဲ့အထိ ပိန္႐ႈံးေနခဲ့ပါတယ္ ။

Niramon ၏ေျပာျပခ်က္အရ အဆိုပါအမ်ိဳးသား၏ က်န္းမာေရးအေျခအေနမွာ မေကာင္းမြန္သည့္အျပင္ လိုအပ္ေနသည့္ေဆးကုသမႈအတြက္ ေငြမလံုေလာက္ေသာေၾကာင့္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ေနာက္ဆံုးမွာေတာ့ က်န္မာေရးအေျခအေနမေကာင္းေပမဲ့လည္း ေဆးကုသမႈစရိတ္အတြက္ Taxi ေမာင္းၿပီးေငြ႐ွာဖို႔ဆံုးျဖတ္ခဲ့ျခင္းျဖစ္ပါတယ္ ။အဆိုပါအမ်ိဳးသား၏ အေၾကာင္းကို ၾကားသိရၿပီးေနာက္ကားချပန္အမ္းေငြ 100 Baht ျပန္မယူေတာ့ဘဲ ထားခဲ့ေပးလိုက္ၿပီး Facebook အသံုးျပဳသူမ်ားကိုလည္း အဆိုပါအမ်ိဳးသား၏ေဆးဝါးကုသမႈစရိတ္ကိုလွဴ ဒါန္းၿပီး အကူအညီေပးႏိုင္ရန္အတြက္ တိုက္တြန္းခဲ့ပါေသးတယ္ ။

လူအမ်ားစု၏ အားရံုစိုက္မႈကိုခံရၿပီးေနာက္မွာေတာ့ Facebook အသံုးျပဳသူမ်ားက ေနမေကာင္းတဲ့လူတစ္ေယာက္ကားေမာင္းတာကိုအေနာက္ကေန လိုက္ပါစီးႏွင္းလာၾကတဲ့ခရီးသည္ေတြအတြက္အေတာ္ေလး အႏၱရာယ္မ်ားလြန္းေၾကာင္း ႏွင့္ လမ္းေပၚတြင္ယာဥ္မေတာ္တဆမႈမ်ားလည္းျဖစ္ပြားႏိုင္ေၾကာင္း ေထာက္ျပခဲ့ၾကပါတယ္ ။ အျခားေသာ Facebook အသံုးျပဳသူမ်ားကလည္း အဆိုပါအမ်ိဳးသား၏တကယ့္က်န္းမားေရးအေျခအေန အေသးစိတ္ကို Facebook post တြင္ေဖာ္ျပထားျခင္းမ်ိဳးမ႐ွိေသာေၾကာင့္ အယံုမလြယ္ဖို႔လည္း သတိေပးေျပာဆိုခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုယ့်ရဲ့တစ်ဘဝလုံးအတွက် သုံးနိုင် ၊ ဖြုန်းနိုင်ဖို့ မကုန်ဆုံးနိုင်တဲ့အသုံးစရိတ်တွေ ရှာဖွေနေရတာဟာ တစ်ကယ်တမ်းလုံးဝမလွယ်ကူတဲ့အရာတစ်ခုပါပဲ ။အချို့လူတွေကျတော့ အတည်တကျအလုပ် ၊ ကိုယ့်အတွက်လုံလောက်တဲ့အတည်တကျ ဝင်ငွေတွေနဲ့အဆင်ပြေနေပေမဲ့လည်း တစ်ချို့သောသူတွေကတော့ ကိုယ့်ရဲ့အသုံးစရိတ်တွေအတွက်စိုးရိမ်နေရတုန်းပါပဲ ။ အထူးသဖြင့်တော့ ကိုယ်တွေလိုကျန်းမာ ကြံ့ခိုင်တဲ့ခန္ဓာကိုယ်မျိုးနဲ့မဟုတ်ပဲ အလုပ်လုပ်နေကြရတဲ့သူတွေပါ ။ မကြာသေးခင်က Niramon Shicam အမည်ရှိတဲ့ ထိုင်နိုင်ငံကမိန်းကလေးဟာ သူမ၏Facebook စာမျက်နှာမှာ မျက်တွင်းချောင်ကျနေပြီးဖျားနာနေသောအမျိုးသားတစ်ဦးဟာ သူ၏စားဝတ်နေရေးအတွက် Taxi မောင်းနေရတဲ့အဖြစ်အပျက်တစ်ခုကို ဝေမျှသွားခဲ့ပါတယ် ။ အဆိုပါအမျိုးသားဟာ mask တပ်ထားတယ်လို့မြင်နေရပေမဲ့ သေချာကြည့်လိုက်မယ်ဆိုရင်တော့ သူ၏နှာခေါင်းထဲမှာ ပိုက်ထိုးထည့်ထားတာကိုမြင်နေရပြီး သူ၏ခန္ဓာကိုယ်မှာလည်းအတော်လေးအားနည်းနေတဲ့ပုံစံဖြစ်နေကာ သူ၏အရေးပြားမှာအရိုးတွေထင်းနေရလောက်တဲ့အထိ ပိန်ရှုံးနေခဲ့ပါတယ် ။

Niramon ၏ပြောပြချက်အရ အဆိုပါအမျိုးသား၏ ကျန်းမာရေးအခြေအနေမှာ မကောင်းမွန်သည့်အပြင် လိုအပ်နေသည့်ဆေးကုသမှုအတွက် ငွေမလုံလောက်သောကြောင့်ဖြစ်ကြောင်း သိရှိရပါတယ် ။ နောက်ဆုံးမှာတော့ ကျန်မာရေးအခြေအနေမကောင်းပေမဲ့လည်း ဆေးကုသမှုစရိတ်အတွက် Taxi မောင်းပြီးငွေရှာဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ် ။အဆိုပါအမျိုးသား၏ အကြောင်းကို ကြားသိရပြီးနောက်ကားခပြန်အမ်းငွေ 100 Baht ပြန်မယူတော့ဘဲ ထားခဲ့ပေးလိုက်ပြီး Facebook အသုံးပြုသူများကိုလည်း အဆိုပါအမျိုးသား၏ဆေးဝါးကုသမှုစရိတ်ကိုလှူ ဒါန်းပြီး အကူအညီပေးနိုင်ရန်အတွက် တိုက်တွန်းခဲ့ပါသေးတယ် ။

လူအများစု၏ အားရုံစိုက်မှုကိုခံရပြီးနောက်မှာတော့ Facebook အသုံးပြုသူများက နေမကောင်းတဲ့လူတစ်ယောက်ကားမောင်းတာကိုအနောက်ကနေ လိုက်ပါစီးနှင်းလာကြတဲ့ခရီးသည်တွေအတွက်အတော်လေး အန္တရာယ်များလွန်းကြောင်း နှင့် လမ်းပေါ်တွင်ယာဉ်မတော်တဆမှုများလည်းဖြစ်ပွားနိုင်ကြောင်း ထောက်ပြခဲ့ကြပါတယ် ။ အခြားသော Facebook အသုံးပြုသူများကလည်း အဆိုပါအမျိုးသား၏တကယ့်ကျန်းမားရေးအခြေအနေ အသေးစိတ်ကို Facebook post တွင်ဖော်ပြထားခြင်းမျိုးမရှိသောကြောင့် အယုံမလွယ်ဖို့လည်း သတိပေးပြောဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ႏွာေခါင္းထဲကိုပိုက္ထိုးထည့္ထားရေပမဲ့လည္း ကားေမာင္းကာေဆးဖိုး႐ွာေနရတဲ့ ကားဆရာ"

Leave a comment

Your email address will not be published.


*