မတန်မဆများပြားလွန်းတဲ့ ကုန်အလေးချိန်တွေင်ပြီး အန္တရာယ်များလွန်းတဲ့ယာဉ်မျိုးမောင်းနှင်နေကြသူများ


1

2

3

4

5

6

7

8

9

10

11

12

13

14

Jasmine (Mckzone Daily)

Source: Metro

Unicode

တရုတ်နိုင်ငံက သုံးဘီးမော်တော်ယာဉ်တွေ နဲ့ ကုန်တင်ကားအသေးလေးတွေဟာ မတန်မဆများပြားလွန်းတဲ့ကုန်တွေကိုတင်ပြီး ၊ မိသားစုလိုက် မြို့ထဲရှိလမ်းမကြီးတွေဆီဖြတ်မောင်းတာမျိုးပြုလုပ်လေ့ရှိကြပါတယ် ။ ယာဉ်မောင်းတွေကတော့ နေ့တိုင်းလုပ်နေကျအလုပ်လို သက်သောင့်သက်သာအေးဆေးနေတဲ့ပုံစံမျိုးတွေနဲ့ပါ ။ အချို့ဆိုရင် ယာဉ်အထက် 15ပေအမြင့်အထိ ကုန်တွေကိုတင်ပြီး မီးပွိုင့်တွေကိုဖြတ်မောင်းကြတဲ့အထိပါပဲ ။ တရုတ်နိုင်ငံအနှံ့မှာတွေ့ရလေ့ရှိတဲ့ တန်ချိန်လွန်ကဲစွာကုန်တွေတင်ကြတဲ့ယာဉ်တွေဟာဆိုရင် recycle ပစ္စည်းတွေဖြစ်တဲ့ ပလပ်စတစ်တွေ ၊ ကတ်ထူဖာတွေ တင်ကြပြီး တစ်နေ့လုပ်တစ်နေ့စား အလုပ်သမားတွေများပါတယ် ။ ၎င်းတို့အတွက် အချိန်ဟာတန်ဖိုးရှိတဲ့အတွက် ၊ အချိန်ကုန်နည်းပြီး သယ်ယူပို့ဆောင်ရတဲ့အခေါက်ရေနည်းအောင် ယခုလိုသယ်ယူနေကြတာဖြစ်ပါတယ် ။ အဆိုပါယာဉ်တွေကြောင့် ယာဉ်မတော်တဆမှုတွေမကြာခဏဖြစ်ပွားလေ့ရှိပြီး ၊ ပြီးခဲ့တဲ့နှစ်ကဆိုရင် တန်ချိန်လွန်ပြီးကုန်တင်တဲ့ကားတစ်စီးဟာ တံတားကိုဖြတ်ကူးခဲ့လို့ တံတားပြိုကျကာ တံတားကိုပြန်လည်ပြုပြင်ဖို့ ငွေပေါင်းမြောက်များစွာကုန်ကျခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment