စာေမးပြဲေအာင္ဖို႔ ေက်ာင္းဆရာကလက္ေတြ႔သုေတသနလုပ္ခိုင္းလိုက္လို႔ မီးေလာင္ကြၽမ္းသြားခဲ့တဲ့ ေက်ာင္းသူေလး

ေက်ာင္းဆရာဆိုတာ အနာဂတ္ေခါင္းေဆာင္လူရည္ခြၽန္ေတြကို ျပဳစုပ်ိဳးေထာင္ၿပီးအားေပးျမင့္တင္ေပးၾကတဲ့သူေတြျဖစ္ပါတယ္ ။ သင္ၾကားမႈအဓိကအပိုင္းအျဖစ္ စည္းကမ္းခ်က္ ေတြပါဝင္ၿပီး ၊ အဆိုပါအရာကလည္း ေက်ာင္းသားေတြရဲ႕ေလ့လာမႈေတြကို လမ္းမွန္ေပၚသို႔ေရာက္ေစဖို႔ပဲျဖစ္ပါတယ္ ။သို႔ေပမဲ့လည္း တစ္ခါတေလမွာေတာ့ စည္းကမ္းဆိုတဲ့အရာဟာ ဆရာေတြအတြက္ေက်ာင္းသာေတြကို ပညာျပဖို႔ျဖစ္ေစခဲ့ၿပီး ဒုကၡေရာက္သြားေလာက္တဲ့အထိေရာက္႐ွိေစခဲ့ပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ထိုင္းႏိုင္ငံက Shana အမည္႐ွိတဲ့ေက်ာင္းသူမေလးဟာ သူမ၏ေျခလက္ေတြမွာ ဆိုးဆိုးဝါးဝါးမီးေလာင္ကြၽမ္းျခင္းခံခဲ့ရလို႔ ေဆးရံုတက္ခဲ့ရပါတယ္ ။ အသက္ 17ႏွစ္အရြယ္သာ႐ွိေသးတဲ့သူမဟာ မၾကာေသးခင္ကမွ သူမ ႐ူပေဗဒ ဘာသာစာေမးပြဲက်သြားခဲ့တာကိုသိ႐ွိသြားခဲ့ၿပီး သူမစာေမးပြဲေအာင္မွတ္ရ႐ွိဖို႔အတြက္ သူမ၏႐ူပေဗဒဆရာႏွင့္ အေပးအယူလုပ္ရန္ဆံုးျဖတ္ခ်က္ခ်ခဲ့ပါေတာ့တယ္ ။ထို႔ေၾကာင့္ ေက်ာင္းဆရာက သူမကိုေရြးစရာ 3မ်ိဳးေပးခဲ့ပါတယ္ ။ အဲတာေတြကေတာ့ (1) စာေမးပြဲေအာင္မွတ္ရ႐ွိတဲ့အထိ စာေမးပြဲကိုထပ္ကာသလဲလဲ ျပန္လည္ေျဖဆိုဖို႔ျဖစ္ပါတယ္ ။ (2) ဆရာ့အတြက္ လက္ေဆာင္ပစၥည္းဝယ္ေပးဖို႔ ႏွင့္ (3) သိပၸံလက္ေတြ႔သုေတသနကိုအေျခခံၿပီး မီးေသြးျပဳလုပ္ဖို႔ျဖစ္ပါတယ္ ။

အဆိုပါစာေမးပြဲေအာင္မွတ္ရဖို႔ အႀကိမ္ႀကိမ္ျပန္ေျဖခဲ့ရင္မေအာင္ႏိုင္မွန္း သူမကိုယ္တိုင္သိေနခဲ့ၿပီး ၊ ဆရာ့ကိုလာဘ္ထိုးဖို႔ လက္ေဆာင္ဝယ္ေပးဖို႔ကလည္း ပိုက္ဆံမ႐ွိတဲ့အတြက္ ေနာက္ဆံုးစာေမးပြဲေအာင္ဖို႔အတြက္ မီးေသြးကိုလက္ေတြ႔သုေတသနျပဳလုပ္ဖို႔ ဆံုးျဖတ္လိုက္ပါေတာ့တယ္ ။ သို႔ေပမဲ့လည္း လက္ေတြ႔ျပဳလုပ္ေနတုန္း မေမ်ွာ္လင့္ထားတဲ့အျဖစ္အပ်က္တစ္ခုျဖစ္ပြားခဲ့တာပါ ။Shana ဟာမီးေသြးကို မီးၿငိမ္းဖို႔လုပ္ေနတုန္း မီးေသြးထည့္ထားေသာမီးဖိုမွ ႐ုတ္တရက္ေပါက္ကြဲၿပီးမီးေတာက္ေလာင္ကြၽမ္းခဲ့ပါေတာ့တယ္ ။ အဆိုပါေနရာမွာ အေရးေပၚကာကြယ္ေပးတဲ့ပစၥည္းကိရိယာမ်ား႐ွိမေနခဲ့တဲ့အတြက္ Shana ဟာ သူမ၏ေျခလက္ေတြအကုန္လံုး မီးေလာင္ကြၽမ္းျခင္းခံခဲ့ရပါတယ္ ။

ေက်ာင္ဆရာမွာလည္း အဆိုပါအျဖစ္အပ်က္အတြက္ သူႏွင့္လံုးဝမသက္ဆိုင္ေၾကာင္းေျပာဆိုၿပီး တာဝန္ယူဖို႔ျငင္းပယ္ခဲ့ပါတယ္ ။၎အျဖစ္အပ်က္ဟာ အမွန္တကယ္ေတာ့ ေက်ာင္းဆရာ၏ေပါ့ဆမႈ ႏွင့္ ႀကီးၾကပ္မႈ ညံ့ဖ်င္းျခင္းေၾကာင့္ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္ ။ Shana ၏မိသားစုမ်ားကလည္း အဆိုပါအျဖစ္အပ်က္အတြက္ ေက်ာင္းဆရာကိုအာဏာပိုင္းမ်ားထံသို႔တိုင္ၾကားထားခဲ့ၿပီး သမီးျဖစ္သူအတြက္တရားမ်ွတမႈရ႐ွိဖို႔ ေမ်ွာ္လင့္ေနလ်က္႐ွိေၾကာင္းသိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကျောင်းဆရာဆိုတာ အနာဂတ်ခေါင်းဆောင်လူရည်ချွန်တွေကို ပြုစုပျိုးထောင်ပြီးအားပေးမြင့်တင်ပေးကြတဲ့သူတွေဖြစ်ပါတယ် ။ သင်ကြားမှုအဓိကအပိုင်းအဖြစ် စည်းကမ်းချက် တွေပါဝင်ပြီး ၊ အဆိုပါအရာကလည်း ကျောင်းသားတွေရဲ့လေ့လာမှုတွေကို လမ်းမှန်ပေါ်သို့ရောက်စေဖို့ပဲဖြစ်ပါတယ် ။သို့ပေမဲ့လည်း တစ်ခါတလေမှာတော့ စည်းကမ်းဆိုတဲ့အရာဟာ ဆရာတွေအတွက်ကျောင်းသာတွေကို ပညာပြဖို့ဖြစ်စေခဲ့ပြီး ဒုက္ခရောက်သွားလောက်တဲ့အထိရောက်ရှိစေခဲ့ပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက Shana အမည်ရှိတဲ့ကျောင်းသူမလေးဟာ သူမ၏ခြေလက်တွေမှာ ဆိုးဆိုးဝါးဝါးမီးလောင်ကျွမ်းခြင်းခံခဲ့ရလို့ ဆေးရုံတက်ခဲ့ရပါတယ် ။ အသက် 17နှစ်အရွယ်သာရှိသေးတဲ့သူမဟာ မကြာသေးခင်ကမှ သူမ ရူပဗေဒ ဘာသာစာမေးပွဲကျသွားခဲ့တာကိုသိရှိသွားခဲ့ပြီး သူမစာမေးပွဲအောင်မှတ်ရရှိဖို့အတွက် သူမ၏ရူပဗေဒဆရာနှင့် အပေးအယူလုပ်ရန်ဆုံးဖြတ်ချက်ချခဲ့ပါတော့တယ် ။ထို့ကြောင့် ကျောင်းဆရာက သူမကိုရွေးစရာ 3မျိုးပေးခဲ့ပါတယ် ။ အဲတာတွေကတော့ (1) စာမေးပွဲအောင်မှတ်ရရှိတဲ့အထိ စာမေးပွဲကိုထပ်ကာသလဲလဲ ပြန်လည်ဖြေဆိုဖို့ဖြစ်ပါတယ် ။ (2) ဆရာ့အတွက် လက်ဆောင်ပစ္စည်းဝယ်ပေးဖို့ နှင့် (3) သိပ္ပံလက်တွေ့သုတေသနကိုအခြေခံပြီး မီးသွေးပြုလုပ်ဖို့ဖြစ်ပါတယ် ။

အဆိုပါစာမေးပွဲအောင်မှတ်ရဖို့ အကြိမ်ကြိမ်ပြန်ဖြေခဲ့ရင်မအောင်နိုင်မှန်း သူမကိုယ်တိုင်သိနေခဲ့ပြီး ၊ ဆရာ့ကိုလာဘ်ထိုးဖို့ လက်ဆောင်ဝယ်ပေးဖို့ကလည်း ပိုက်ဆံမရှိတဲ့အတွက် နောက်ဆုံးစာမေးပွဲအောင်ဖို့အတွက် မီးသွေးကိုလက်တွေ့သုတေသနပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။ သို့ပေမဲ့လည်း လက်တွေ့ပြုလုပ်နေတုန်း မမျှော်လင့်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့တာပါ ။Shana ဟာမီးသွေးကို မီးငြိမ်းဖို့လုပ်နေတုန်း မီးသွေးထည့်ထားသောမီးဖိုမှ ရုတ်တရက်ပေါက်ကွဲပြီးမီးတောက်လောင်ကျွမ်းခဲ့ပါတော့တယ် ။ အဆိုပါနေရာမှာ အရေးပေါ်ကာကွယ်ပေးတဲ့ပစ္စည်းကိရိယာများရှိမနေခဲ့တဲ့အတွက် Shana ဟာ သူမ၏ခြေလက်တွေအကုန်လုံး မီးလောင်ကျွမ်းခြင်းခံခဲ့ရပါတယ် ။

ကျောင်ဆရာမှာလည်း အဆိုပါအဖြစ်အပျက်အတွက် သူနှင့်လုံးဝမသက်ဆိုင်ကြောင်းပြောဆိုပြီး တာဝန်ယူဖို့ငြင်းပယ်ခဲ့ပါတယ် ။၎င်းအဖြစ်အပျက်ဟာ အမှန်တကယ်တော့ ကျောင်းဆရာ၏ပေါ့ဆမှု နှင့် ကြီးကြပ်မှု ညံ့ဖျင်းခြင်းကြောင့်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။ Shana ၏မိသားစုများကလည်း အဆိုပါအဖြစ်အပျက်အတွက် ကျောင်းဆရာကိုအာဏာပိုင်းများထံသို့တိုင်ကြားထားခဲ့ပြီး သမီးဖြစ်သူအတွက်တရားမျှတမှုရရှိဖို့ မျှော်လင့်နေလျက်ရှိကြောင်းသိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "စာေမးပြဲေအာင္ဖို႔ ေက်ာင္းဆရာကလက္ေတြ႔သုေတသနလုပ္ခိုင္းလိုက္လို႔ မီးေလာင္ကြၽမ္းသြားခဲ့တဲ့ ေက်ာင္းသူေလး"

Leave a comment

Your email address will not be published.


*