(၄)လကြာ ကိုမာဖြစ်ပြီး မေ့မျောနေသောအမျိုးသမီးက Jay Chou ရဲ့သီချင်းသံကြောင့် နိုးထလာတဲ့အဖြစ် (ရုပ်သံ)




Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်နိုင်ငံ ဟူဘိုင် ပြည်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့သောနှစ်နောင်းပိုင်းလောက်က ကိုမာ ဖြစ်ပြီးမေ့မျောနေရာမှ နာမည်ကြီး ထိုင်ဝမ် အဆိုတော် Jay Chou ရဲ့သီချင် “Rosemary” ဆိုတဲ့သီချင်ကြောင့် ပြန်သတိရလာခဲ့ပါတယ် ။ အမည်မဖေါ်လိုသူ အသက်(၂၄) နှစ်အရွယ် အမျိုးသမီးသည် ၂၀၁၇ နိုဝင်ဘာလ တွင်ဦးနှောက်ထဲသို့ oxygen မရရှိမူဖြစ်ပြီး ကိုမာဖြစ်သွားကြောင်း Wuhan အခြေစိုက် South China Morning Post မှဖော်ပြထားပါတယ်။ အဆိုပါအမျိုးသမီးရဲ့ကျန်မာရေအခြေအနေက ဘယ်လောက်ထိတောင်ဆိုးခဲ့လည်းဆိုရင် သူမဟာ ၃ခါလောက် နှလုံးခုန်ရပ်ပြီး၊ သူမရဲ့ကျောက်ကပ် နှင် အဆုပ်လည်းဆိုးရွားစွာ ပျက်စီးခဲ့သည်။ သူမကိုအချိန်ပြည့် စောင့်ရှောက်ပေးနေသော နပ်စ်က အမျိုးမျိုးကြိုးစားခဲ့ရပါတယ်၊ သီချင်းတွေဖွင်ပြလိုက်၊ ဟာသတွေကိုပြေားပြလိုက် ပြီးတော့ ဖျော်ဖြေရေးစာတွေကိုဖတ်ပြလိုက်နှင်သူမပြန် သတ္တိဝင် လာအောင်ကြိုးစားခဲ့ပါတယ်။

တစ်နေ့မှာတော့ သူမရဲ့နပ်စ်က အကြံရခဲ့ပါတယ် “ငါငယ်ငယ်တုန်ကအဆိုတော် Jay Cho သီချင်းတွေကို နားထောင်ပြီး ကြီးပြင်ခဲ့တယ်၊ ကိုမာရနေတဲ့သူမလည် ကြိုက်မယ်ထင်တယ်ပေါ့” ဒါနဲ့သူမရဲ့နပ်စ် သည် Jay Cho ရဲ့သီချင်တွေကို သူမကို ၃လတိုင်တိုင်ဖွင့်ပြခဲ့သည်။ နောက်ဆုံးမှာတော့ သူမသည် မျက်စိတွေကိုဖွင့်လာပြီး သူမရဲ့နပ်စ်က ညွန်ကြားသော လက်မြှောက်ခိုင်းတာတွေ၊ ခြေမြှောက်ခိုင်းတာတွေ၊လက်ညိုးထိုးဒါတွေကို လိုက်လုပ်လာနိုင်ခဲ့ပါတယ် ။

သူမရဲ့ နပ်စ်က “ကျွန်တော်သူမရဲ့ အကြိုက်သီချင်းတွေကိုဆိုပြစဉ် ဆရာဝန်တွေအာလုံးလာကြည့်ကြတယ်၊” ပြီးတော့ ကျွန်တော် သူမကိုမေးတယ် “ကျွန်တော့အသံဘယ်လိုနေလဲလိုမေးတော့” သူမကဖြေးညှင်စွာနဲ့ “မဆိုးဘူး”လို့ ပြန်ဖြေခဲ့တယ်။ပြန်လည်သတိရလာနောက် သူမကို အထူကုဆောင်မှ ရိုးရိုးကုသဆောင်သို့ ပြောင်းရွှေ့ပြီး ပြန်လည်ကောင်းမွန်လာသည်အထိ သူမကိုဆက်လက်ပြီးကုသပေးခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "(၄)လကြာ ကိုမာဖြစ်ပြီး မေ့မျောနေသောအမျိုးသမီးက Jay Chou ရဲ့သီချင်းသံကြောင့် နိုးထလာတဲ့အဖြစ် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*