သခင်ဖြစ်သူ အလုပ်ကနေအပြန်ကို 12နာရီကြာမြင့်သည်အထိ နေ့စဉ်ရထားဘူတာမှာ အမြဲသစ္စာရှိစွာစောင့်ဆိုင်းနေလေ့ရှိတဲ့ ခွေးလေး (ရုပ်သံ)




Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်နိုင်ငံ အနောက်တောင်ပိုင် ချုံကွင်ပြည်နယ်တွင်နေထိုင်သောခွေးလေးတစ်ကောင်ဟာ သူ့သခင်အလုပ်မှအပြန်ကို နေ့တိုင် မြေအောက်ရထားဘူတာမှာ စောင့်နေခဲ့တဲ့အကြောင်း ဒေသအတွင်းနှင့် အင်တာနက် စာမျက်နှာ ပေါ်မှာအတော်လေး နာမည်ကြီးခဲ့ပါတယ်။ Xiongxiong လို့နာမည်ပေးထာသော၊ တရုတ်လိုဆိုရင် ဝက်ဝံကလေးလိုအဓိပ္ပါယ်ရသော ဒီခွေးလေးရဲ့video file ကို Pear Video Media မှမျှဝေခဲ့ပါတယ်။ ဒီvideo file လေမှာ ခွေးလေဟာ သူသခင်အလုပ်မှအပြန်ကို ဘူတာရုံမှ စိတ်ရှည်လက်ရှည် စောင့်နေခဲ့တဲ့အကြောင်းပါ ။ ဒေသခံတွေရဲ့ပြောကြားချက်အရ ၁၅နှစ်ရှိပြီဖြစ်သော ဒီခွေးလေဟာ လည်ပတ်လည်းမရှိသလို ကြိုးနှင့်ချည်ထားဒါလဲ မရှိပဲ သူ့ပါသာသူကောင်ကောင် နေတတ်ပါတယ်။ ဒေသခံတစ်ယောက်ကပြောတယ် ‘တခြားသူကျွေးသောအစာကို ဘယ်တော့မှမစားဘူး၊ သူ့နေရာလေးမှာပဲထိုင်ပြီးသခင့်အပြန်ကိုစောင့်နေတယ်၊ နေ့တိုင်းသူ့သခင် ပြန်လာပြီဆို မြူးတူးစွာဖြင့်ကြိုဆိုတယ် ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။

Xiongxiong ဟာဘူတာဝင်ပေါက်ဘေးနာလေမှာထိုင်ပြီး သူ့သခင်ကို ၁၂ နာရီကြာကြာ၊ နံနက် ၇-၈နာရီ ကနေသူ့သခင်အလုပ်ပြန်သည့် အချိန်ထိစောင့်ပါတယ်။ သူ့သခင်ကပြောတယ် ဒီခွေးလေကို မွေးထာဒါ ၈နှစ်ရှိတော့မယ်။ ‘ဒီခွေလေသူ့ဆီရောက်လာကတည်က အမြဲတမ်းသူကို့ဘူတာရုံမှာစောင့်ပေးတယ်။’ ဆိုပြီး သခင်ဖြစ်သူကပြောပြခဲ့ပါတယ်။ Xiongxion ကို ၁၉၂၀ ဝန်ကျင်ကရှိခဲ့သော ဂျပန်နိုင်ငံကခွေးလေနဲ့နိုင်းယှဉ်ကြပါတယ်၊ ဒီခွေးလေဟာဆိုရင်လဲ သူ့သခင်အလုပ်မှအပြန်ကို ရထားဘူတာမှာ နေ့တိုင်းစောင့်ခဲ့တာပါ ၊ သူ့သခင်သေသွာပြီးတဲ့နောက်လည် နေ့တိုင်သူ့သခင်အပြန်ကို ဘူတာရုံမှာစောင့်ခဲ့ပါတယ် ။

ခွေးလေးကိုနေတိုင်း တွေ့နေကြတဲ့လူတွေက ခွေးလေးရဲ့သစ္စာရှိမူ အကြောင်းကို online ပေါ်မှာတင်ကြပါတယ်။ ဒီvideo လေးမှာတော့ ကြည့်ရှူ့သူ ၁၀ million အထိရှိခဲ့ပါတယ်၊ Xiongxiong ရဲ့သူ့သခင်ပြန်လာချိန် ဟောင်နေသောအသံ၊ စိတ်လှုပ်ရှာစွာ အမြှီးရမ်းနေပုံကိုတွေ့ရမှာပါ။

Jasmine (Mckzone Daily)

  • Leave a Comment