လူတွေလို စကားစမြည်းဖောင်းဖွဲ့ကာ ပြောဆိုနေကြတဲ့ ချစ်စရာကောင်းလွန်းတဲ့ ကြက်တူရွေးနှစ်ကောင်ရဲ့ (ရုပ်သံ)




Jasmine (Mckzone Daily)

Source: boredpanda

Unicode

ကြက်တူရွေးတွေဟာတကယ့်ကို ချစ်စရာကောင်းတယ်ဆိုတာသိကြမှာပါ ၊ ဒါ့အပြင်သူတို့မှာရှိတဲ့ ထူခြားတဲ့အရာတစ်ခုကတော့ သူတို့ကြားတဲ့အသံတွေကိုလိုက်တုပြီး ပြန်လိုက်ပြောတတ်ကြတာပါပဲ ။ သူတို့ရဲ့စွမ်းရည်တစ်ခုဖြစ်တဲ့ လူတွေရဲ့ဘာသာစကားကိုလိုက်ပြောတဲ့ မှတ်တမ်းတွေကိုအင်တာနက်ပေါ်မှာတွေ့နိုင်ပါတယ်။ ဒါနဲ့သူတို့တွေဟာ လူတွေရဲ့စကာသံကို ဘာကြောင့်ကောင်မွန်စွာလိုက်တုနိုင်လည်ဆိုတာသင်သိပါသလား?။ ရှင်ပြချက်တစ်ခုအရ ပြောင်းလဲဖြစ်စဉ်ကြောင့်လို့ဆိုကြပါတယ်။ Youtube နှင့် အင်တာနက်စာမျက်နှာပေါ်မှာရေပန်းစားနေတဲ့ ဒီကြက်တူရွေးနှစ်ကောင်ကို ‘relationship goals’လို့ ကြည့်ရှုသူတွေက သတ်မှတ်ခေါ်ဆိုခဲ့ကြပါတယ် ။

ကြက်တူရွေးတွေဟာ တစ်ကောင်နှင့်တစ်ကောင် စကားပြောဆိုဆက်ဆံတတ်ကျတယ်ဆိုအံဩစရာမဟုတ်ပါဘူး ။ ဒီလိုအုပ်စုလိုက်နေတတ်တဲ့ ငှက်တွေဟာ အတူစားတယ်၊အတူလာတယ်၊အတူနေတတ် ကြပါတယ် ။ သူတို့တွေဟာမုဆိုးတွေရဲ့သားကောင်တွေလဲဖြစ်ကြပါတယ်၊ ဒါ့ကြောင့်အုပ်စုလိုက်နေထိုင်ခြင်းဟာသူတို့အတွက် ပိုပြီးလုံခြုံစေပါတယ်။ ဒီကြက်တူရွေးနှစ်ကောင်ရဲ့ လူတွေလိုပြောဆိုနေကြသော video file လေးဟာ လူတွေကြားအတော်လေးပျံ့နှံ့နေလျက်ရှိပါတယ် ။

စကားပြောတာအပြင် တစ်ကောင်နှင့်တစ်ကောင် ပွေ့ဖက်တတ်ကြပါတယ်။ ဒါတွေမကသေးပါဘူး အနမ်းလည်းပေးတတ်ကြပါသေးတယ်။ အခုလို သူတို့လေတွေရဲ့ ကြည်နူးစရာစကားပြောဆိုနေပုံ၊ လူတွေလိုဘယ်လိုပြောနေလဲဆိုတာကို ကြည့်ရူလိုက်ရအောင် ။ဒီvideo file လေးကို ကြည့်ရူသူပေါင်း ၄ သန်းရှိခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment