ေဖာက္ျပန္ေနတဲ့ခင္ပြန္းရဲ႕ ဆိုင္ကယ္ေသာ့ကိုဖြတ္ထားလို႔ဆိုၿပီး ႐ိုက္ႏွက္ႏွိပ္စက္ခံခဲ့ရတဲ့အမ်ိဳးသမီး

အင္ဒိုနီး႐ွားႏိုင္ငံက အမ်ိဳးသမီးတစ္ဦးဟာခင္ပြန္းျဖစ္သူ ေနာက္ကြယ္မွာေဖာက္ျပန္ေနခဲ့တာကို သည္းခံခြင့္လြတ္ေပးခဲ့သည့္အျပင္ ခင္ပြန္းျဖစ္သူစိတ္ဆိုးေဒါသထြက္ရင္လည္း ႐ိုက္ႏွက္ႏွိပ္စက္ေလ့႐ွိတာကိုခံစားခဲ့ရပါတယ္ ။ ခင္ပြန္းျဖစ္သူ ေဖာက္ျပန္ဖို႔သြားမယ့္အခ်ိန္မွာ ၎အမ်ိဳးသမီးကခင္ပြန္း၏ဆိုင္ကယ္ေသာ့ကိုဖြတ္ထားခဲ့သျဖင့္ စိတ္ဆိုးေဒါသထြက္ခဲ့သည္သူမ၏ခင္ပြန္က ဆိုးဆိုးဝါးဝါးအေျခအေနအထိသူမကို႐ိုက္ႏွက္ႏွိပ္စက္ခဲ့တာကို Twitter အသံုးျပဳသူ Ayundaa အမည္႐ွိတဲ့အမ်ိဳးသားတစ္ေယာက္က ဓာတ္ပံုႏွင့္တကြေဖာ္ျပခဲ့ပါတယ္ ။ Ayundaa ေရးသားထားခဲ့တာကေတာ့ ” Twitter အသံုးျပဳသူေတြ ခင္ဗ်ားတို႔ရဲ႕အံ့ဖြယ္အစြမ္းေတြကို သံုးၾကပါအံုး ၊ ဒါကေတာ့ ကြၽန္ေတာ့္အိမ္အနီးက ခင္ပြန္းျဖစ္သူ႐ိုက္ႏွက္တာကိုခံခဲ့ရတဲ့အမ်ိဳးသမီးပါ ၊ သူမရဲ႕ခင္ပြန္းက ေဖာက္ျပန္ၿပီးအမွားက်ဴ းလြန္တဲ့သူျဖစ္ေနေပမဲ့လည္း သူမကအႏွိပ္စက္ခံခဲ့ရတာပါ ။ သူမရဲ႕ခင္ပြန္းကိုျဖစ္ႏိုင္ရင္ ျမန္ျမန္ဖမ္းမိႏိုင္ေအာင္ ကူညီၿပီး Share ေပးၾကပါအံုး ” ဆိုၿပီးေရးသားထားခဲ့ပါတယ္ ။

အဆိုပါအမ်ိဳးသမီးဟာ သူမ၏ခင္ပြန္းျဖစ္သူအခ်ိန္အေတာ္ၾကာေဖာက္ျပန္ေနခဲ့ေပမဲ့လည္း သည္းခံခြင့္လြတ္ခဲ့သည့္အျပင္ ၊ ခင္ပြန္းျဖစ္သူအိမ္မွာအခ်ိန္ၾကာၾကာေနဖို႔အတြက္ အေပ်ာ္မယားကိုအိမ္အထိေခၚလာဖို႔ ခင္ပြန္းျဖစ္သူကိုခြင့္ျပဳခဲ့တဲ့အထိ သေဘာထားႀကီးၿပီးနားလည္ေပးခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း တစ္ရက္မွာေတာ့သူမလံုးဝမသည္းခံႏိုင္ေတာ့တဲ့အတြက္ ခင္ပြန္းရဲ႕ဆိုင္ကယ္ေသာ့ကိုဖြတ္ထားခဲ့ပါေတာ့တယ္ ။ ၎လုပ္ရပ္ေၾကာင့္ ခင္ပြန္းျဖစ္သူကစိတ္ဆိုးေဒါသထြက္ၿပီး သူမကိုကိုယ္ထိလက္ေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ပါတယ္ ။သူမကေတာ့ ယခုခ်ိန္မွာ ေဆးကုသမႈခံယူေနၿပီး ေဆးရံုတင္ထားရေၾကာင္းသိ႐ွိရပါတယ္ ။ ခင္ပြန္းျဖစ္သူကိုလည္း သူ၏စက္ဆုပ္ရြံ႐ွာဖို႔ေကာင္းတဲ့လုပ္ရပ္အတြက္ အျမန္ဆံုးဖမ္းမိၿပီး အခ်ဳပ္က်ခံေစဖို႔အတြက္ လူအမ်ားကေမ်ွာ္လင့္ေနၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အင်ဒိုနီးရှားနိုင်ငံက အမျိုးသမီးတစ်ဦးဟာခင်ပွန်းဖြစ်သူ နောက်ကွယ်မှာဖောက်ပြန်နေခဲ့တာကို သည်းခံခွင့်လွတ်ပေးခဲ့သည့်အပြင် ခင်ပွန်းဖြစ်သူစိတ်ဆိုးဒေါသထွက်ရင်လည်း ရိုက်နှက်နှိပ်စက်လေ့ရှိတာကိုခံစားခဲ့ရပါတယ် ။ ခင်ပွန်းဖြစ်သူ ဖောက်ပြန်ဖို့သွားမယ့်အချိန်မှာ ၎င်းအမျိုးသမီးကခင်ပွန်း၏ဆိုင်ကယ်သော့ကိုဖွတ်ထားခဲ့သဖြင့် စိတ်ဆိုးဒေါသထွက်ခဲ့သည်သူမ၏ခင်ပွန်က ဆိုးဆိုးဝါးဝါးအခြေအနေအထိသူမကိုရိုက်နှက်နှိပ်စက်ခဲ့တာကို Twitter အသုံးပြုသူ Ayundaa အမည်ရှိတဲ့အမျိုးသားတစ်ယောက်က ဓာတ်ပုံနှင့်တကွဖော်ပြခဲ့ပါတယ် ။ Ayundaa ရေးသားထားခဲ့တာကတော့ ” Twitter အသုံးပြုသူတွေ ခင်ဗျားတို့ရဲ့အံ့ဖွယ်အစွမ်းတွေကို သုံးကြပါအုံး ၊ ဒါကတော့ ကျွန်တော့်အိမ်အနီးက ခင်ပွန်းဖြစ်သူရိုက်နှက်တာကိုခံခဲ့ရတဲ့အမျိုးသမီးပါ ၊ သူမရဲ့ခင်ပွန်းက ဖောက်ပြန်ပြီးအမှားကျူ းလွန်တဲ့သူဖြစ်နေပေမဲ့လည်း သူမကအနှိပ်စက်ခံခဲ့ရတာပါ ။ သူမရဲ့ခင်ပွန်းကိုဖြစ်နိုင်ရင် မြန်မြန်ဖမ်းမိနိုင်အောင် ကူညီပြီး Share ပေးကြပါအုံး ” ဆိုပြီးရေးသားထားခဲ့ပါတယ် ။

အဆိုပါအမျိုးသမီးဟာ သူမ၏ခင်ပွန်းဖြစ်သူအချိန်အတော်ကြာဖောက်ပြန်နေခဲ့ပေမဲ့လည်း သည်းခံခွင့်လွတ်ခဲ့သည့်အပြင် ၊ ခင်ပွန်းဖြစ်သူအိမ်မှာအချိန်ကြာကြာနေဖို့အတွက် အပျော်မယားကိုအိမ်အထိခေါ်လာဖို့ ခင်ပွန်းဖြစ်သူကိုခွင့်ပြုခဲ့တဲ့အထိ သဘောထားကြီးပြီးနားလည်ပေးခဲ့ပါတယ် ။

သို့ပေမဲ့လည်း တစ်ရက်မှာတော့သူမလုံးဝမသည်းခံနိုင်တော့တဲ့အတွက် ခင်ပွန်းရဲ့ဆိုင်ကယ်သော့ကိုဖွတ်ထားခဲ့ပါတော့တယ် ။ ၎င်းလုပ်ရပ်ကြောင့် ခင်ပွန်းဖြစ်သူကစိတ်ဆိုးဒေါသထွက်ပြီး သူမကိုကိုယ်ထိလက်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ် ။သူမကတော့ ယခုချိန်မှာ ဆေးကုသမှုခံယူနေပြီး ဆေးရုံတင်ထားရကြောင်းသိရှိရပါတယ် ။ ခင်ပွန်းဖြစ်သူကိုလည်း သူ၏စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့လုပ်ရပ်အတွက် အမြန်ဆုံးဖမ်းမိပြီး အချုပ်ကျခံစေဖို့အတွက် လူအများကမျှော်လင့်နေကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေဖာက္ျပန္ေနတဲ့ခင္ပြန္းရဲ႕ ဆိုင္ကယ္ေသာ့ကိုဖြတ္ထားလို႔ဆိုၿပီး ႐ိုက္ႏွက္ႏွိပ္စက္ခံခဲ့ရတဲ့အမ်ိဳးသမီး"

Leave a comment

Your email address will not be published.


*