မသန္စြမ္းသားငယ္ေလးကို အျမဲခ်ီပိုးၿပီး တစ္ရက္ကို 18မိုင္ခန္႔လမ္းေလ်ွာက္ကာ ေက်ာင္းပို႔ေက်ာင္းႀကိဳလုပ္ခဲ့တဲ့ ဖခင္

တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 40 အရြယ္ Yu Xukang အမည္႐ွိတဲ့အမ်ိဳးသားဟာ သူ၏အသက္ 12ႏွစ္အရြယ္ Xiao Qing အမည္႐ွိတဲ့သားကို အျမဲခ်ီပိုးၿပီး 18မိုင္ခန္႔ေန႔စဥ္လမ္းေလ်ွာက္ကာ ေက်ာင္းပို႔ေက်ာင္းႀကိဳလုပ္ခဲ့ပါတယ္ ။ Xukang ကေတာ့ ” ကြၽန္ေတာ့္သားက ကိုယ္ခႏၶာမသန္စြမ္းမွန္း ကြၽန္ေတာ္သိတယ္ ၊ ဒါေပမဲ့ သူ႔ရဲ႕ဦးေႏွာက္ကေတာ့ ခ်ိဳ႕ယြင္းမႈမ႐ွိပါဘူး ၊ ဒါေပမဲ့ သူ႔ကိုလက္ခံေပးႏိုင္မဲ့ ေက်ာင္းမ်ိဳးမ႐ွိခဲ့လို႔ ေနာက္ဆံုး Fengxi မူလတန္းေက်ာင္း တစ္ေက်ာင္းတည္းကသာ လက္ခံေပးခဲ့လို႔ အခုလိုလမ္းေလ်ွာက္ၿပီး ႀကိဳပို႔လုပ္ေပးေနရတာပါ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။

လြန္ခဲ့တဲ့ 9ႏွစ္ကတည္းက ဇနီးျဖစ္သူႏွင့္ကြာ႐ွင္းခဲ့ၿပီးေနာက္ 3ႏွစ္အရြယ္သာ႐ွိေသးတဲ့သားငယ္ေလးကို ယခုအရြယ္ထိ Xukang တစ္ေယာက္တည္းက ျပဳစုပ်ိဳးေထာင္ခဲ့တာပါ ။ သားငယ္ေလးကိုစိတ္ထိခိုက္မႈမ႐ွိေစဘဲ ၊ သူ႔ကိုအေကာင္းအဆံုးအခြင့္အေရးမ်ိဳးေပးႏိုင္ဖို႔သာ ဆံုးျဖတ္ထားေၾကာင္း Xukang ကေျပာျပခဲ့ပါတယ္ ။ ” သူ႔ကို ဒီလိုခ်ီပိုးေနခဲ့တာ ၿပီးခဲ့တဲ့ စက္တင္ဘာလကတည္းကပါ ၊ မနက္တိုင္း 5နာရီမွာ အိပ္ယာထၿပီး သားေလးအတြက္ ေန႔လည္စာျပင္ဆင္ေပးၿပီး ၊ 4မိုင္ခြဲေလာက္အထိလမ္းေလ်ွာက္ၿပီး သူ႔ကိုေက်ာင္းပို႔တယ္ ၿပီးေတာ့အိမ္ျပန္လာၿပီး လုပ္စရာ႐ွိတဲ့အလုပ္ေတြလုပ္တယ္ ၊ ၿပီးတာနဲ႔ သားျဖစ္သူကို ေက်ာင္းျပန္သြားႀကိဳပါတယ္ ” ဆိုၿပီး ဖခင္ျဖစ္သူက ေန႔စဥ္ဘဝပံုစံကိုေျပာျပခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း သားျဖစ္သူက အတန္းထဲမွာစာေတြ အေတာ္ေလးလိုက္ႏိုင္တဲ့ေက်ာင္းသားတစ္ေယာက္ျဖစ္လို႔ ၊ သားေလး ေကာလိပ္အထိတက္ေရာက္ၿပီးပညာသင္ၾကားႏိုင္ဖို႔က Xukang ၏အိမ္မက္ျဖစ္ခဲ့ပါတယ္ ။ Local media ေတြရဲ႕ေဖာ္ျပမႈေၾကာင့္ အစိုးရကလည္း Xukang အတြက္ ေက်ာင္းႏွင့္အနီးအနားဝန္းက်င္မွာ႐ွိတဲ့အခန္းတစ္ခန္း ငွါးရမ္းေပးဖို႔ေၾကညာခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: dailymail

Unicode

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 40 အရွယ် Yu Xukang အမည်ရှိတဲ့အမျိုးသားဟာ သူ၏အသက် 12နှစ်အရွယ် Xiao Qing အမည်ရှိတဲ့သားကို အမြဲချီပိုးပြီး 18မိုင်ခန့်နေ့စဉ်လမ်းလျှောက်ကာ ကျောင်းပို့ကျောင်းကြိုလုပ်ခဲ့ပါတယ် ။ Xukang ကတော့ ” ကျွန်တော့်သားက ကိုယ်ခန္ဓာမသန်စွမ်းမှန်း ကျွန်တော်သိတယ် ၊ ဒါပေမဲ့ သူ့ရဲ့ဦးနှောက်ကတော့ ချို့ယွင်းမှုမရှိပါဘူး ၊ ဒါပေမဲ့ သူ့ကိုလက်ခံပေးနိုင်မဲ့ ကျောင်းမျိုးမရှိခဲ့လို့ နောက်ဆုံး Fengxi မူလတန်းကျောင်း တစ်ကျောင်းတည်းကသာ လက်ခံပေးခဲ့လို့ အခုလိုလမ်းလျှောက်ပြီး ကြိုပို့လုပ်ပေးနေရတာပါ ” ဆိုပြီး ပြောပြခဲ့ပါတယ် ။

လွန်ခဲ့တဲ့ 9နှစ်ကတည်းက ဇနီးဖြစ်သူနှင့်ကွာရှင်းခဲ့ပြီးနောက် 3နှစ်အရွယ်သာရှိသေးတဲ့သားငယ်လေးကို ယခုအရွယ်ထိ Xukang တစ်ယောက်တည်းက ပြုစုပျိုးထောင်ခဲ့တာပါ ။ သားငယ်လေးကိုစိတ်ထိခိုက်မှုမရှိစေဘဲ ၊ သူ့ကိုအကောင်းအဆုံးအခွင့်အရေးမျိုးပေးနိုင်ဖို့သာ ဆုံးဖြတ်ထားကြောင်း Xukang ကပြောပြခဲ့ပါတယ် ။ ” သူ့ကို ဒီလိုချီပိုးနေခဲ့တာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းကပါ ၊ မနက်တိုင်း 5နာရီမှာ အိပ်ယာထပြီး သားလေးအတွက် နေ့လည်စာပြင်ဆင်ပေးပြီး ၊ 4မိုင်ခွဲလောက်အထိလမ်းလျှောက်ပြီး သူ့ကိုကျောင်းပို့တယ် ပြီးတော့အိမ်ပြန်လာပြီး လုပ်စရာရှိတဲ့အလုပ်တွေလုပ်တယ် ၊ ပြီးတာနဲ့ သားဖြစ်သူကို ကျောင်းပြန်သွားကြိုပါတယ် ” ဆိုပြီး ဖခင်ဖြစ်သူက နေ့စဉ်ဘဝပုံစံကိုပြောပြခဲ့ပါတယ် ။

သို့ပေမဲ့လည်း သားဖြစ်သူက အတန်းထဲမှာစာတွေ အတော်လေးလိုက်နိုင်တဲ့ကျောင်းသားတစ်ယောက်ဖြစ်လို့ ၊ သားလေး ကောလိပ်အထိတက်ရောက်ပြီးပညာသင်ကြားနိုင်ဖို့က Xukang ၏အိမ်မက်ဖြစ်ခဲ့ပါတယ် ။ Local media တွေရဲ့ဖော်ပြမှုကြောင့် အစိုးရကလည်း Xukang အတွက် ကျောင်းနှင့်အနီးအနားဝန်းကျင်မှာရှိတဲ့အခန်းတစ်ခန်း ငှါးရမ်းပေးဖို့ကြေညာခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မသန္စြမ္းသားငယ္ေလးကို အျမဲခ်ီပိုးၿပီး တစ္ရက္ကို 18မိုင္ခန္႔လမ္းေလ်ွာက္ကာ ေက်ာင္းပို႔ေက်ာင္းႀကိဳလုပ္ခဲ့တဲ့ ဖခင္"

Leave a comment

Your email address will not be published.


*