1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
Jasmine (Mckzone Daily)
Source: boredpanda.
Unicode
ဓာတ်ပုံဆရာ နှင့် digital artist တစ်ဦးဖြစ်သူ Kevin Carden အမည်ရှိတဲ့အမျိုးသားက သူ့ရဲ့ဓာတ်ပုံတွေကို ဖန်တီးပြောင်းလဲပုံဖော်ပြခဲ့တဲ့အရည်အချင်းတွေဟာ လူအတော်အများကို အံ့သြတုန်လှုပ်စေတဲ့အထိ ကျွမ်းကျင်ပိုင်နိုင်လွန်းလှပါတယ် ။ Kevin ဟာ သူ၏ယုံကြည်မှု ၊ မိသားစု နှင့် ဖခင်တစ်ယောက်အနေနဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ဘဝပုံစံကို အနုပညာဈာန်ဝင်စွာနဲ့ သိလွယ် ၊ မြင်လွယ် ၊ ခံစားလွယ်အောင် ဖန်တီးပြခဲ့တာပါ ။ ထို့အပြင် အခြားသော artist များကိုလည်း ကိုယ့်ရဲ့အမှားကနေပြန်လေ့လာသင်ယူတာမျိုး မရပ်တန့်ကြဖို့ကိုလည်း အားပေးထားပါသေးတယ် ။ ‘ ကျွန်တော့်ရဲ့ အဓိကစိတ်အားထက်သန်မှုကတော့ ကျမ်းစာကနေလာတဲ့ပုံပြင်တွေကို သိသာမြင်သာအောင် ဖော်ပြဖို့ပါ ၊ ကျွန်တော်က အတော်ဆုံး digital ပန်ချီဆရာတစ်ယောက်မဟုတ်ခဲ့ပေမဲ့ မှန်ကန်တဲ့စိတ်ခံစားချက်တွေကို တိကျစွာပုံဖော်ပြနိုင်ဖို့ပါပဲ ” ဆိုပြီး Kevin ကပြောပြခဲ့ပါတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "ရိုးရှင်းလှတဲ့ မိသားစုဓာတ်ပုံတွေကို မှော်မျက်လှည့်ဆန်ဆန် ဖန်တီးပြသခဲ့တဲ့ အမျိုးသား"