ခင်ပွန်းနှင့်ကွာရှင်းပြီး 3လအကြာမှာအသတ်ခံလိုက်ရတဲ့ အမျိုးသမီး

မလေးရှားနိုင်ငံက ကလေးအမေတစ်ယောက်ရဲ့ရုပ်အလောင်းကို မနေ့ညနေ ( September 11ရက်နေ့) မှာ Petaling Jaya မြို့ကသူမနေထိုင်တဲ့တိုက်ခန်းမှာ ဆောင်တွေခေါင်းအုံးတွေနဲ့ထုပ်ပိုးထားခဲ့တာကို တွေ့ရှိခဲ့ရပါတယ် ။ သတင်းအရင်းအမြစ်အရ ၎င်းအမျိုးသမီး၏ဖခင်ဖြစ်သူက သူမ၏တိုက်ခန်းသို့အလည်သွားရောက်ရင်းနဲ့ တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ် ။ အသက် 61နှစ်ရှိပြီဖြစ်တဲ့ဖခင်ဖြစ်သူဟာ သမီးဖြစ်သူ၏တိုက်ခန်းအတွင်းသို့ဝင်ရောက်ခဲ့တာနဲ့ချက်ချင်း ပုပ်နံ့ကိုရုတ်တရက်ရရှိခဲ့လို့ သမီးဖြစ်သူ၏အိပ်ခန်းအတွင်းသို့သွားရောက်စစ်ဆေးခဲ့ချိန်မှာတော့ သမီးဖြစ်သူ၏ရုပ်အလောင်းကိုဆောင်များဖြင့်ထုပ်ပိုးထားခဲ့တာကို တွေ့ရှိခဲ့ရပါတယ် ။ရဲအရာရှိတွေရဲ့ပြောကြားချက်အရ ၎င်းတိုက်ခန်းမှအရေးပေါ်တိုင်ကြားမှုကို ညနေ 5:30 အချိန်ခန့်မှာရရှိခဲ့တာဖြစ်ပြီး အဆိုပါအခင်းဖြစ်ပွားရာနေရာသို့ချက်ချင်းသွားရောက်ခဲ့ကြကြောင်း ပြောဆိုခဲ့ပါတယ် ။စုံစမ်းစစ်ဆေးမှုအရ သေဆုံးသွားခဲ့သူမှာ အသက်30အရွယ် ၊ Nor Hidayah Ahmad အမည်ရှိအမျိုးသမီးဖြစ်ပြီး ကြော်ငြာလုပ်ငန်းကုမ္ပဏီတစ်ခုမှာ အရောင်းစာရေးတစ်ယောက်အနေဖြင့် လုပ်ကိုင်လျက်ရှိနေသူဖြစ်ကြောင်းသိရှိရပါတယ် ။ထို့ကြောင့် ရဲအရာရှိများက သူမ၏ခင်ပွန်းဟောင်းဖြစ်သူ Zulkifli Joned အမည်ရှိတဲ့အသက် 40 အရွယ် Johol မြို့ရှိစက်ရုံပိုင်ရှင်အဖြစ်အလုပ်လုပ်ကိုင်နေသူကို စုံစမ်းစစ်ဆေးမှုတွင်ပါဝင်ကူညီနိုင်ဖို့အတွက် ရဲအရာရှိများကရှာဖွေနေလျက်ရှိကြောင်းသိရှိရပါတယ် ။ သေးဆုံးသွားခဲ့တဲ့အမျိုးသမီးမှာလည်း လအနည်ငယ်အကြာကမှခင်ပွန်းနှင့် ကွာရှင်းထားသူဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

၎င်းအခင်းဖြစ်ပွားရာအချိန်မှာ သူမ၏ခင်ပွန်းဟောင်းဖြစ်သူမှာ ဘယ်နေရာမှာရောက်ရှိနေလဲဆိုတာကိုတော့ ဖော်ပြခဲ့ခြင်းမျိုးမရှိပေမဲ့လည်း သတင်းအချို့အရ ဇနီးဖြစ်သူကကွာရှင်းဖို့မရမကတောင်းဆိုခဲ့လို့ ခင်ပွန်းသည်ကသူမကိုသတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု သံသယဝင်ခဲ့ကြပါတယ် ။၎င်းအမျိုးသမီးရုပ်အလောင်း၏အခြေအနေကိုကြည့်ခြင်းအားဖြင့် 24 နာရီအတွင်းမှာသေဆုံးသွားခဲ့ခြင်ဖြစ်သည်ဟုယူဆရပြီး အခင်းဖြစ်ပွားရာနေရာတွင် လူသတ်လက်နက်များကိုရှာဖွေတွေ့ရှိခဲ့ခြင်းမျိုးမရှိကြောင်း သိရှိခဲ့ရပါတယ် ။ အခင်းဖြစ်ပွာရာအချိန်မှာလည်း သူမ၏အသက်6နှစ်အရွယ်သားလေးမှာအဘိုးဖြစ်သူလာမခေါ်ခင်အချိန်ထိ တိုက်ခန်းအနီးရှိ သူငယ်တန်းကျောင်းတွင်ရှိနေခြင်းဖြစ်ကြောင်းသိရှိရပါတယ် ။

အမျိုးသမီး၏ရုပ်အလောင်းကိုခွဲစိတ်စစ်ဆေးမှုပြုလုပ်ရန်အတွက် University of Malaya Medical Center သို့ပို့ဆောင်ခဲ့ကြောင်းသိရှိရပါတယ် ။အဆိုပါလူသတ်မှုကိုတော့ ရဲအရာရှိများကစုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းသိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "ခင်ပွန်းနှင့်ကွာရှင်းပြီး 3လအကြာမှာအသတ်ခံလိုက်ရတဲ့ အမျိုးသမီး"

Leave a comment

Your email address will not be published.


*