အျမင္အာရံုဆံုး႐ႈံးေတာ့မယ့္ 6ႏွစ္အရြယ္သမီးေလးအတြက္ စြန္႔စားခန္းဖြင့္ခဲ့တဲ့ မိခင္

Catrina Frost အမည္႐ွိတဲ့မိခင္တစ္ေယာက္အတြက္ကေတာ့ ရင္ကြဲဖြယ္ရာအျဖစ္အပ်က္တစ္ခုပါပဲ ။ ဘာလို႔လည္းဆိုေတာ့ သူမရဲ႕ 6ႏွစ္အရြယ္ သမီးေလး Cailee Herrell ဟာ Familial Exudative Vitreoretinopathy (FEVR) ဆိုတဲ့ေရာဂါလကၡဏာကိုခံစားေနရၿပီးေနာက္ မၾကာခင္အခ်ိန္မွာသူမရဲ႕အျမင္အာရံုေတြကို ဆံုး႐ႈံးရေတာ့မွာ မို႔လို႔ပါ ။ သမီးေလးက 3ႏွစ္အရြယ္ကတည္းက 5ႀကိမ္ခန္႔ ေလဆာျဖင့္မ်က္လံုးကုသမႈမ်ားျပဳလုပ္ခဲ့ရၿပီး ၊ မၾကာခင္မွာေတာ့ အျမင္အာရံုအားလံုးဆံုး႐ွံုးရေတာ့မည္ျဖစ္ေၾကာင္း ဆရာဝန္က အသိေပးခဲ့ပါတယ္ ။ ထို႔ေၾကာင့္ မိခင္ျဖစ္သူက အျမင္အာရံုဆံုး႐ွံုးေတာ့မဲ့ သမီးေလးအတြက္ စြန့္စားခန္းဖြင့္ခဲ့ပါတယ္ ။ ပထမဆံုး Cartrina က အျမင္အာရံုဆံုး႐ွံုးသြားတဲ့ သူမရဲ႕သူငယ္ခ်င္းတစ္ေယာက္ဆီ အေတြ႔အၾကံဳေမးျမန္ခဲ့ခ်ိန္မွာေတာ့ ၊ သူမရဲ႕သူငယ္ခ်င္းက ဘားမွမျမန္ရဘဲ ၊ အမဲေရာင္သက္သက္ကိုသာျမင္ေနရေၾကာင္း ၊ သို႔ေပမဲ့လည္း အရင္ခ်ိန္ကမွတ္ဥာဏ္ေတြေၾကာင့္ အဝါေရာင္အက်ႌလို႔ေျပာလိုက္တာနဲ႔ အေတြးထဲမွာခ်က္ခ်င္းျမင္ေယာင္လို႔ ယခုလိုလူအမ်ားနဲ႔ေျပာဆိုဆက္ဆံႏိုင္တာျဖစ္ေၾကာင္း Cartrina ကို႐ွင္းျပခဲ့ပါတယ္ ။

ထို႔ေၾကာင့္ Cartrina က သမီးေလးကို San Diego မွာ႐ွိတဲ့ သမုဒၵရာဆီသို႔အလည္​ေခၚသြားၿပီး​ေနာက္ ၊ Disneyland သို႔အလည္ေခၚသြားခဲ့ကာ Disney မင္းသမီးအေယာက္တိုင္းနဲ႔ မ်က္ျမင္ေတြ႔႐ွိေအာင္အလည္ေခၚခဲ့ပါတယ္ ။ ဒါတင္မကဘူး သမီးေလးအျမင္အာရံုမဆံုး႐ႈံးခင္ အျပင္သို႔အျမဲအလည္ေခၚထြက္ၿပီး ၊ အတူေတာင္တက္ျခင္း ၊ ျမင္းစီးျခင္း ႏွင့္ ေက်ာက္ေဆာင္ေတြေပၚတက္ျခင္းတို႔ကို သမီးေလးမွတ္ဥာဏ္ထဲမွာစြဲက်န္ရစ္ေနေအာင္ ႀကိဳးစားေပးခဲ့ပါတယ္ ။

‘ ဒီအေၾကာင္းေတြးလိုက္တိုင္း ကြၽန္မအျမဲမ်က္ရည္က်ရပါတယ္ ၊ ဘယ္မိဘကမွ ကိုယ့္ရဲ႕ကေလးကို ဒီလိုအျမင္အာရံု ဆံုး႐ႈံးေစခ်င္မွာမဟုတ္ပါဘူး ‘ ဆိုၿပီး Catrina ကေျပာျပခဲ့ပါတယ္ ။ ထို႔အျပင္ သူမက သမီးေလးကို ပင္လယ္အနားသို႔အျမဲေခၚသြားၿပီး ၊ သမီးေလးနဲ႔အျပင္ကမာၻဆီသို႔ အတူအလည္ေခၚထြက္ေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

Catrina Frost အမည်ရှိတဲ့မိခင်တစ်ယောက်အတွက်ကတော့ ရင်ကွဲဖွယ်ရာအဖြစ်အပျက်တစ်ခုပါပဲ ။ ဘာလို့လည်းဆိုတော့ သူမရဲ့ 6နှစ်အရွယ် သမီးလေး Cailee Herrell ဟာ Familial Exudative Vitreoretinopathy (FEVR) ဆိုတဲ့ရောဂါလက္ခဏာကိုခံစားနေရပြီးနောက် မကြာခင်အချိန်မှာသူမရဲ့အမြင်အာရုံတွေကို ဆုံးရှုံးရတော့မှာ မို့လို့ပါ ။ သမီးလေးက 3နှစ်အရွယ်ကတည်းက 5ကြိမ်ခန့် လေဆာဖြင့်မျက်လုံးကုသမှုများပြုလုပ်ခဲ့ရပြီး ၊ မကြာခင်မှာတော့ အမြင်အာရုံအားလုံးဆုံးရှုံးရတော့မည်ဖြစ်ကြောင်း ဆရာဝန်က အသိပေးခဲ့ပါတယ် ။ ထို့ကြောင့် မိခင်ဖြစ်သူက အမြင်အာရုံဆုံးရှုံးတော့မဲ့ သမီးလေးအတွက် စွန့်စားခန်းဖွင့်ခဲ့ပါတယ် ။ ပထမဆုံး Cartrina က အမြင်အာရုံဆုံးရှုံးသွားတဲ့ သူမရဲ့သူငယ်ချင်းတစ်ယောက်ဆီ အတွေ့အကြုံမေးမြန်ခဲ့ချိန်မှာတော့ ၊ သူမရဲ့သူငယ်ချင်းက ဘားမှမမြန်ရဘဲ ၊ အမဲရောင်သက်သက်ကိုသာမြင်နေရကြောင်း ၊ သို့ပေမဲ့လည်း အရင်ချိန်ကမှတ်ဉာဏ်တွေကြောင့် အဝါရောင်အင်္ကျီလို့ပြောလိုက်တာနဲ့ အတွေးထဲမှာချက်ချင်းမြင်ယောင်လို့ ယခုလိုလူအများနဲ့ပြောဆိုဆက်ဆံနိုင်တာဖြစ်ကြောင်း Cartrina ကိုရှင်းပြခဲ့ပါတယ် ။

ထို့ကြောင့် Cartrina က သမီးလေးကို San Diego မှာရှိတဲ့ သမုဒ္ဒရာဆီသို့အလည်ခေါ်သွားပြီးနောက် ၊ Disneyland သို့အလည်ခေါ်သွားခဲ့ကာ Disney မင်းသမီးအယောက်တိုင်းနဲ့ မျက်မြင်တွေ့ရှိအောင်အလည်ခေါ်ခဲ့ပါတယ် ။ ဒါတင်မကဘူး သမီးလေးအမြင်အာရုံမဆုံးရှုံးခင် အပြင်သို့အမြဲအလည်ခေါ်ထွက်ပြီး ၊ အတူတောင်တက်ခြင်း ၊ မြင်းစီးခြင်း နှင့် ကျောက်ဆောင်တွေပေါ်တက်ခြင်းတို့ကို သမီးလေးမှတ်ဉာဏ်ထဲမှာစွဲကျန်ရစ်နေအောင် ကြိုးစားပေးခဲ့ပါတယ် ။

‘ ဒီအကြောင်းတွေးလိုက်တိုင်း ကျွန်မအမြဲမျက်ရည်ကျရပါတယ် ၊ ဘယ်မိဘကမှ ကိုယ့်ရဲ့ကလေးကို ဒီလိုအမြင်အာရုံ ဆုံးရှုံးစေချင်မှာမဟုတ်ပါဘူး ‘ ဆိုပြီး Catrina ကပြောပြခဲ့ပါတယ် ။ ထို့အပြင် သူမက သမီးလေးကို ပင်လယ်အနားသို့အမြဲခေါ်သွားပြီး ၊ သမီးလေးနဲ့အပြင်ကမ္ဘာဆီသို့ အတူအလည်ခေါ်ထွက်နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အျမင္အာရံုဆံုး႐ႈံးေတာ့မယ့္ 6ႏွစ္အရြယ္သမီးေလးအတြက္ စြန္႔စားခန္းဖြင့္ခဲ့တဲ့ မိခင္"

Leave a comment

Your email address will not be published.


*