YouTube videoထဲကအတိုင်း ပြောင်ဖူးပေါက်ပေါက်လိုက်လုပ်မိပြီး သေဆုံးသွားခဲ့ရတဲ့မိန်းကလေး

Internet ပေါ်မှာတွေဆိုရင် အရာဝတ္ထုတွေနဲ့လွယ်ကူအောင် အလုပ်တစ်ခုဘယ်လိုပြုလုပ်ရမလဲစသည့် ကြည့်ရှုသူတွေကိုသင်ပြပေးတဲ့ video တွေများစွာရှိပါတယ် ။အထူးသဖြင့် လက်မှုပညာတို့ ၊ မိတ်ကပ်ပြင်တာတို့ ၊ ကွန်ပြူတာအသုံးပြုနည်းတွေနဲ့ လက်ဝတ်ရတနာပြုလုပ်နည်းတွေ စတာတွေပါ ။ သို့ပေမဲ့လည်း အလုပ်ရုံးခန်းတစ်ခုမှာ ပတ်ပတ်လည်မှာအခြားဝန်ထမ်တွေရှိနေပြီး မိမိရဲ့စားပွဲခုံမှာရှိနေတဲ့အရာလေးတွေနဲ့ ချက်ပြုတ်တတ်တဲ့ video လေးတွေဆိုရင် အမြင်ဆန်းကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက Ms Yeah Offical Channel ရဲ့ YouTuber တစ်ယောက်ဟာ သူမရဲ့ရုံးခန်းမှာချက်ပြုတ်တဲ့အစီအစဉ်တစ်ခုကြောင့် Follower အမြောက်အများရရှိခဲ့သူဖြစ်ပါတယ် ။ သို့ပေမဲ့လည်း ပြီးခဲ့တဲ့ August 22 ရက်နေ့မှာတော့ သူမ Video အတိုင်းအတုယူပြီး လိုက်လုပ်ခဲ့တဲ့ ကြည့်ရှု့သူနှစ်ဦးအနက် တစ်ဦးမှာသေဆုံးသွားခဲ့ရပြီး ကျန်တစ်ဦးမှာတော့ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသွားခဲ့ပါတယ် ။အဆိုပါ video ထဲမှာတော့ homemade ပြောင်းဖူးပေါက်ပေါက်ကို ရုံးခန်းထဲမှာရှိနေတဲ့ ဆိုဒါဘူး ၊ အရက်မီးဖိုအသေးလေးတွေအသုံးပြုပြီး ပြုလုပ်ခဲ့တာပါ ။ ထိုအပြင် မီးအပူမပေးခင် ဆိုဒါဘူးလေးထဲကို ပြောင်းဖူး ၊ သကြား နှင့် ထောပတ်တို့ကိုလောင်းထည့်ခဲ့ခြင်းဖြစ်ပါတယ် ။

Video ကိုကြည့်ရှုခဲ့ကြတဲ့ အသက် 14နှစ်အရွယ် Zhe Zhe နှင့် အသက် 13နှစ်အရွယ် Xiao Yu ဆိုတဲ့မိန်းကလေးနှစ်ယောက်ဟာ videoထဲကအတိုင်းစမ်းလုပ်ကြည့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ် ။ ထို့ကြောင့် video ထဲကအတိုင်း ဆိုဒါဘူးထဲကိုပြောင်းဖူးစေ့ထည့်ပြီး အရက်ဖြင့်မီးအပူပေးကာ ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ခဲ့ပါတယ် ။ မိန်းကလေးငယ်လေးတွေဟာ video ထဲကအတိုင်း အတိအကျလိုက်လုပ်ခဲ့တာလား ဒါမှမဟုတ် အနည်းငယ်ပြုပြင်ပြီးလုပ်ခဲ့တာလားဆိုတာကိုတော့ မသိရှိခဲ့ရပေမယ့် လုပ်ဆောင်နေစဉ်အတွင်းပစ္စည်းတွေကရုတ်တရက်ထပြီးပေါက်ကွဲခဲ့ပါတယ် ။ အရက်မီးဖိုအသေးထဲက အရက်တွေကြောင့်လည်းဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြပါတယ် ။ Xiao Yu မှာတော့ သူမခန္ဓာကိုယ်၏နေရာအတော်များများမီးလောင်ကျွမ်းသွားခဲ့သောကြောင့် ဆေးရုံသို့အလျင်အမြန်ခေါ်ဆောင်သွားခဲ့ကြပေမဲ့လည်း Zhe Zhe မှာတော့သူမခန္ဓာကိုယ်၏ 96% လုံးမှာမီးလောင်ကျွမ်းသွားခဲ့တဲ့အတွက် သေဆုံးသွားခဲ့ရပါတယ် ။

အဆိုပါမတော်တဆမှုဖြစ်ပွားခဲ့တဲ့သတင်းဟာ အတော်လေးပျံ့နှံ့သွားပြီးချိန်မှာတော့ ၊ လူအများစုဟာ ဆိုးဝါးလွန်းတဲ့သရုပ်ပြမှုတွေကြောင့် YouTuber ကိုအပြစ်တင်ဝေဖန်ခဲ့ကြပြီး သူမကို လူသတ်သမားဆိုပြီးတော့ပါစွပ်စွဲပြောဆိုခဲ့ကြပါတယ် ။ စက်တင်ဘာလ 10ရက်နေ့မှာတော့ YouTuber ဟာ ပြီးခဲ့တဲ့ရက်တွေကသူမအတွက်အတော်လေးကိုဆိုးဝါးလွန်းကြောင်း စာရေးသားပြီးပြောဆိုခဲ့ပါတယ် ။ ” ကျွန်မ Zhe Zhe အတွက်အကြိမ်ပေါင်းများစွာ ဆုတောင်းခဲ့ပေမဲ့လည်း ဘုရားသခင်က သနားဂရုဏာမပြသခဲ့ပါဘူး ။ ကျွန်မအတော်လေးဝမ်းနည်းကြေကွဲရပါတယ် “ဆိုပြီးပြောဆိုခဲ့ပါတယ် ။

ထို့အပြင် YouTuber ဟာ သူမတစ်ယောက်တည်းကဒီနည်းလမ်းနဲ့ ပြောင်းဖူးပေါက်ပေါက်လုပ်တဲ့Video ကိုတင်ပြခဲ့တာမဟုတ်ပါဘူး ပြီးတော့ သူမဟာအန္တရာယ်ကင်းတဲ့ အရက်မီးခွက်ကိုအသုံးပြုခဲ့တာပါ ။ မိန်းကလေးငယ်နှစ်ယောက်လုံးကလည်း သူမ၏video အညွန်းအတိုင်းလိုက်လုပ်ခဲ့တာမဟုတ်ကြောင်း သူမကယုံကြည်နေခဲ့ပြီး အခြားသော video များ၏အညွှန်အတိုင်းလိုက်လုပ်ခြင်းသာဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ် ။ထို့အပြင်သူမ၏video မဖော်ပြခင်မှာ သတိပေးစားသားများလည်းဖော်ပြခဲ့ကြောင်း သိရှိရပါတယ် ။ သို့ပေမဲ့လည်း သူမကအကုန်လုံးကို တောင်းပန်စကားဆိုခဲ့ပြီး အဆိုပါ video မျိုးကိုပြုလုပ်တင်ပြခြင်းကို ရပ်တန့်တော့မည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "YouTube videoထဲကအတိုင်း ပြောင်ဖူးပေါက်ပေါက်လိုက်လုပ်မိပြီး သေဆုံးသွားခဲ့ရတဲ့မိန်းကလေး"

Leave a comment

Your email address will not be published.


*