သားသမီးတွေအတွက် လေးလံတဲ့ကုန်အိတ်တွေသယ်ပြီး ပိုက်ဆံရှာနေရတဲ့ မသန်စွမ်းဖခင်



Jasmine (Mckzone Daily)

Source: elitereaders

Unicode

မိဘတွေက သူတို့ဘယ်လောက်ပဲခက်ခဲကြမ်းတမ်းနေပါစေ သားသမီးအတွက်အကောင်းဆုံးဖြည့်ဆည်းပေးချင်ကြပါတယ် ။ အခြားသူတွေထက် သာလွန်အောင်မဖြည့်ဆည်းပေးနိုင်ရင်တောင်မှ သားသမီးတွေကို အစားအသောက်ပေးပြီး ၊ မိုးလုံလေလုံနေထိုင်နိုင်ဖို့ နဲ့ ပညာသင်ကြားနိုင်ဖို့ သူတို့အစွမ်းကုန်ကြိုးစားနေကြသူတွေပါ ။ ဒီတစ်ခေါက်မှာလည်း ဖိလစ်ပိုင်နိုင်ငံက ကလေး 4ယောက်ရဲ့ဖခင်ဟာ ခန္ဓာကိုယ်မသန်စွမ်းပေးမဲ့လည်း ဘယ်လောက်တောင်အလုပ်ကြိုးစားလုပ်ကိုင်နေလည်းဆိုတာ facebook စာမျက်နှာတွေပေါ်မှာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ သားသမီးတွေကို ကျွေးမွေးနိုင်ဖို့ ခြေထောက်တွေမရှိပေမဲ့လည်း ဖခင်တစ်ယောက်ရဲ့ဝတ္တရား လုံးဝမပျက်ကွက်ခဲ့သူပါ ။

အဆိုပါ အမျိုးသားဟာလေးလံလွန်းတဲ့ကုန်အိတ်ကြိုးကို ဖခုံးပေါ်မှာမတင်ပြီး ၊ ချိုင်းထောက်ကို မှီခိုအားပြုကာ ကုန်တင်ကုန်ချအလုပ်လုပ်နေခဲ့တာပါ ။ ကံဆိုးစွာနဲ့ အဆိုပါအမျိုးသားရဲ့အမည် နှင့် နေရပ်လိပ်စာတို့ကို တိကျစွာဖော်ပြပေးထားခြင်းမျိုးမရှိခဲ့ပါဘူး ။ သို့ပေမဲ့လည်း ဖခင်ဝတ္တရာကျေပွန်လှတဲ့အဆိုပါ အမျိုးသားကို လူအတော်အများကချီးကျူးထောက်ခံအားပေးနေကြလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သားသမီးတွေအတွက် လေးလံတဲ့ကုန်အိတ်တွေသယ်ပြီး ပိုက်ဆံရှာနေရတဲ့ မသန်စွမ်းဖခင်"

Leave a comment

Your email address will not be published.


*