ခင္ပြန္း ႏွင့္ သမီးငယ္ေလးတို႔ အတူလက္တြဲလမ္းေလ်ွာက္ေနၾကတာကို 4ႏွစ္ၾကာသည္အထိ တိတ္တဆိတ္ဓာတ္ပံု႐ိုက္ကူးထားခဲ့တဲ့ အမ်ိဳးသမီး

ဖိလစ္ပိုင္ႏိုင္ငံက MrsIronBad လို႔လူသိၾကတဲ့ မိခင္တစ္ဦးဟာ သူမရဲ႕ခင္ပြန္း ႏွင့္ သမီးငယ္ေလးတို႔အတူလက္တြဲလမ္းေလ်ွာက္ေနၾကတာကို 4ႏွစ္ၾကာသည္အထိ တိတ္တဆိတ္ဓာတ္ပံု႐ိုက္ယူထားၿပီးေနာက္ အဆိုပါဓာတ္ပံုေတြကို social media ေပၚမွာျပန္လည္ေဝမ်ွခဲ့ပါတယ္ ။ ခင္ပြန္းျဖစ္သူက သမီးငယ္ေလးရဲ႕လက္ကိုဆြဲၿပီး ေနရာအႏွံ႔ေလ်ွာက္သြားေနခဲ့တဲ့ပံုေတြပါ ။ မိသားစုရဲ႕အေပ်ာ္ခရီးမွတ္တမ္းဓာတ္ပံုအေနနဲ႔ 2014 ခုႏွစ္ကတည္းက သူမတစ္ခ်ိန္လံုး႐ိုက္ယူခဲ့တာပါ ။ ” အဲ့ဒီဓာတ္ပံုေလးေတြကို စုေပါင္းၿပီး video လုပ္ၿပီးေတာ့ သမီးေလးအသက္ 18 ႏွစ္ျပည့္ရင္ ဒါမွမဟုတ္ သမီးေလးရဲ႕ လက္ထပ္ပြဲက်ရင္ ျပန္ျပႏိုင္ဖို႔ပါ ‘ ဆိုၿပီး မိခင္ျဖစ္သူကေျပာျပခဲ့ပါတယ္ ။ အဆိုပါဓာတ္ပံုေတြကိုႀကိဳက္ႏွစ္သက္သူအမ်ားအျပား႐ွိခဲ့ၿပီး အခ်ိဳ႕ကေတာ့ online ေပၚမွာတင္လိုက္ရင္း ခင္ပြန္း နဲ႔ သမီးေလးကို ဘယ္လိုဖံုးကြယ္ထားႏိုင္ေတာ့မလဲ ဆိုၿပီး သူမကိုေျပာဆိုခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ခင္ပြန္းျဖစ္သူက social media အသံုးျပဳသူမဟုတ္တဲ့အတြက္ သိ႐ွိမွာမဟုတ္ေၾကာင္း သူမကျပန္လည္ေျဖ႐ွင္းေျပာဆိုသြားခဲ့ပါတယ္ ။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

Jasmine (Mckzone Daily)

Source: nextshark

Unicode

ဖိလစ်ပိုင်နိုင်ငံက MrsIronBad လို့လူသိကြတဲ့ မိခင်တစ်ဦးဟာ သူမရဲ့ခင်ပွန်း နှင့် သမီးငယ်လေးတို့အတူလက်တွဲလမ်းလျှောက်နေကြတာကို 4နှစ်ကြာသည်အထိ တိတ်တဆိတ်ဓာတ်ပုံရိုက်ယူထားပြီးနောက် အဆိုပါဓာတ်ပုံတွေကို social media ပေါ်မှာပြန်လည်ဝေမျှခဲ့ပါတယ် ။ ခင်ပွန်းဖြစ်သူက သမီးငယ်လေးရဲ့လက်ကိုဆွဲပြီး နေရာအနှံ့လျှောက်သွားနေခဲ့တဲ့ပုံတွေပါ ။ မိသားစုရဲ့အပျော်ခရီးမှတ်တမ်းဓာတ်ပုံအနေနဲ့ 2014 ခုနှစ်ကတည်းက သူမတစ်ချိန်လုံးရိုက်ယူခဲ့တာပါ ။ ” အဲ့ဒီဓာတ်ပုံလေးတွေကို စုပေါင်းပြီး video လုပ်ပြီးတော့ သမီးလေးအသက် 18 နှစ်ပြည့်ရင် ဒါမှမဟုတ် သမီးလေးရဲ့ လက်ထပ်ပွဲကျရင် ပြန်ပြနိုင်ဖို့ပါ ‘ ဆိုပြီး မိခင်ဖြစ်သူကပြောပြခဲ့ပါတယ် ။ အဆိုပါဓာတ်ပုံတွေကိုကြိုက်နှစ်သက်သူအများအပြားရှိခဲ့ပြီး အချို့ကတော့ online ပေါ်မှာတင်လိုက်ရင်း ခင်ပွန်း နဲ့ သမီးလေးကို ဘယ်လိုဖုံးကွယ်ထားနိုင်တော့မလဲ ဆိုပြီး သူမကိုပြောဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း ခင်ပွန်းဖြစ်သူက social media အသုံးပြုသူမဟုတ်တဲ့အတွက် သိရှိမှာမဟုတ်ကြောင်း သူမကပြန်လည်ဖြေရှင်းပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ခင္ပြန္း ႏွင့္ သမီးငယ္ေလးတို႔ အတူလက္တြဲလမ္းေလ်ွာက္ေနၾကတာကို 4ႏွစ္ၾကာသည္အထိ တိတ္တဆိတ္ဓာတ္ပံု႐ိုက္ကူးထားခဲ့တဲ့ အမ်ိဳးသမီး"

Leave a comment

Your email address will not be published.


*