သားငယ္ေလးကို က်န္းမာေရးေကာင္းေအာင္ဆိုၿပီး ဖားေလာင္းအ႐ွင္လတ္လတ္ေတြ ေကြၽးခဲ့တဲ့မိခင္ (႐ုပ္သံ)

တ႐ုတ္ႏိုင္ငံက မိခင္တစ္ဦးကေတာ့ သူမရဲ႕သားေလးအသက္႐ွည္အနာကင္းၿပီးက်န္းမာေအာင္ဆိုၿပီးေတာ့ ဖားေလာင္းအ႐ွင္လတ္လတ္တစ္ပန္းကန္လံုးကို သားငယ္ေလးအားတိုက္ေကြၽးခဲ့ပါတယ္ ။ အဆိုပါ video ဟာ social media ေပၚမွာ အေတာ္ေလးပ်ံ့ႏွံ႔သြားခဲ့ၿပီးေနာက္ လူအေတာ္အမ်ားက ဗဟုသုတမ႐ွိဘဲညံ့ဖ်င္းလြန္းတဲ့မိခင္ ဆိုၿပီးဝိုင္းဝန္းအျပစ္တင္ခဲ့ၾကပါေတာ့တယ္ ။ တ႐ုတ္ႏိုင္ငံ႐ွိဆရာဝန္မ်ားကေတာ့ မခ်က္ျပဳတ္ထားတဲ့အစားအစာေတြဆီကေန ရွားပါးေရာဂါကူးစက္ႏိုင္ၿပီး တုတ္ျပားေကာင္စတဲ့ေရာဂါမ်ားကူးစက္ႏိုင္ေၾကာင္း ႐ွင္းျပခဲ့ပါတယ္ ။ သို႔ေပမဲ့ကေလးငယ္ရဲ႕မိခင္ကေတာ့ ဖားေလာင္းအ႐ွင္လတ္လတ္စားသံုးျခင္းဟာ က်န္းမာေရးေကာင္းမြန္ေစေၾကာင္း ခိုင္ခိုင္မာမာတံု႔ျပန္ေျပာဆိုခဲ့ပါတယ္ ။

ဆရာဝန္မ်ားကေတာ့ ေကာင္မြန္စြာခ်က္ျပဳတ္ထားျခင္းမ႐ွိတဲ့အေကာင္ေတြကေန ျပင္ထန္တဲ့ေရာဂါမ်ိဳးကူးစက္ႏိုင္ေၾကာင္း ႏွင့္ ဖားေလာင္းမ်ားမွာလည္း ကပ္ပါးေကာင္မ်ားပါ႐ွိတဲ့အတြက္ ခႏၶာကိုယ္အတြင္းေရာဂါျပန္႔ပြားမႈမ်ားအလ်င္အျမန္ျဖစ္ေစေၾကာင္း သတိေပးေျပာဆိုခဲ့ရပါတယ္ ။

Social media အသံုးျပဳသူအေတာ္မ်ားမ်ားကလည္း မိခင္ျဖစ္သူကို ကေလးငယ္အားအႏၱရာယ္မ်ားလြန္းတဲ့အစားအစာမ်ားေကြၽးခဲ့လို႔ အျပင္းအထန္ေဝဖန္ခဲ့ၾကၿပီး ၊ အခ်ိဳ႕ဆိုရင္ ကေလးငယ္ရဲ႕မိခင္ေတြအေနနဲ႔ ကေလးေတြကိုဘယ္လိုျပဳစုပ်ိဳးေထာင္ရမလဲဆိုတာ အစိုးရဖက္က ပညာေပးသင္ၾကားေပးသင့္ေၾကာင္း ထင္ျမင္ခ်က္မ်ားေျပာဆိုေရးသားခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: DailyMail

Unicode

တရုတ်နိုင်ငံက မိခင်တစ်ဦးကတော့ သူမရဲ့သားလေးအသက်ရှည်အနာကင်းပြီးကျန်းမာအောင်ဆိုပြီးတော့ ဖားလောင်းအရှင်လတ်လတ်တစ်ပန်းကန်လုံးကို သားငယ်လေးအားတိုက်ကျွေးခဲ့ပါတယ် ။ အဆိုပါ video ဟာ social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီးနောက် လူအတော်အများက ဗဟုသုတမရှိဘဲညံ့ဖျင်းလွန်းတဲ့မိခင် ဆိုပြီးဝိုင်းဝန်းအပြစ်တင်ခဲ့ကြပါတော့တယ် ။ တရုတ်နိုင်ငံရှိဆရာဝန်များကတော့ မချက်ပြုတ်ထားတဲ့အစားအစာတွေဆီကနေ ရှားပါးရောဂါကူးစက်နိုင်ပြီး တုတ်ပြားကောင်စတဲ့ရောဂါများကူးစက်နိုင်ကြောင်း ရှင်းပြခဲ့ပါတယ် ။ သို့ပေမဲ့ကလေးငယ်ရဲ့မိခင်ကတော့ ဖားလောင်းအရှင်လတ်လတ်စားသုံးခြင်းဟာ ကျန်းမာရေးကောင်းမွန်စေကြောင်း ခိုင်ခိုင်မာမာတုံ့ပြန်ပြောဆိုခဲ့ပါတယ် ။

ဆရာဝန်များကတော့ ကောင်မွန်စွာချက်ပြုတ်ထားခြင်းမရှိတဲ့အကောင်တွေကနေ ပြင်ထန်တဲ့ရောဂါမျိုးကူးစက်နိုင်ကြောင်း နှင့် ဖားလောင်းများမှာလည်း ကပ်ပါးကောင်များပါရှိတဲ့အတွက် ခန္ဓာကိုယ်အတွင်းရောဂါပြန့်ပွားမှုများအလျင်အမြန်ဖြစ်စေကြောင်း သတိပေးပြောဆိုခဲ့ရပါတယ် ။

Social media အသုံးပြုသူအတော်များများကလည်း မိခင်ဖြစ်သူကို ကလေးငယ်အားအန္တရာယ်များလွန်းတဲ့အစားအစာများကျွေးခဲ့လို့ အပြင်းအထန်ဝေဖန်ခဲ့ကြပြီး ၊ အချို့ဆိုရင် ကလေးငယ်ရဲ့မိခင်တွေအနေနဲ့ ကလေးတွေကိုဘယ်လိုပြုစုပျိုးထောင်ရမလဲဆိုတာ အစိုးရဖက်က ပညာပေးသင်ကြားပေးသင့်ကြောင်း ထင်မြင်ချက်များပြောဆိုရေးသားခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သားငယ္ေလးကို က်န္းမာေရးေကာင္းေအာင္ဆိုၿပီး ဖားေလာင္းအ႐ွင္လတ္လတ္ေတြ ေကြၽးခဲ့တဲ့မိခင္ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*