ေရနစ္ေနတဲ့ကေလးငယ္ကို ကယ္တင္ဖို႔ ေအးခဲေနတဲ့ျမစ္ေခ်ာင္းထဲသို႔ခုန္ဆင္းသြားခဲ့တဲ့ အသက္ 90အရြယ္အဘိုးအို (႐ုပ္သံ)

တ႐ုတ္ႏိုင္ငံ ၊ Sichuan ျပည္နယ္႐ွိ ရြာေလးတစ္ရြာမွာေနထိုင္တဲ့ အသက္ 90 အရြယ္အဘိုးအိုဟာ ေရနစ္ေနတဲ့ 1ႏွစ္ခြဲအရြယ္ကေလးငယ္ကို ကယ္တင္ဖို႔ ေအးခဲေနတဲ့ျမစ္ေခ်ာင္းထဲခုန္ဆင္းသြားခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ ကေလးငယ္ဟာစက္ဘီးစီးေနရင္ ေခ်ာ္ထြက္သြားၿပီးေနာက္ စက္ဘီးေကာလူပါ ျမစ္ေခ်ာင္းအတြင္းသို႔ထိုးက်သြားခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ Yue အမည္႐ွိတဲ့ကေလးငယ္၏အဘြားျဖစ္သူက အံ့ၾသထိတ္လန္႔သြားၿပီး ခ်က္ခ်င္းေဘးပတ္ဝန္းက်င္ကိုေအာ္ဟစ္အကူအညီေတာင္းခံခဲ့ပါတယ္ ။ အကူအညီေတာင္းခံသံကိုၾကားေတာ့ အဘိုးအို He Youyi ဟာအခင္းျဖစ္ရာေနရာသို႔ခ်က္ခ်င္းေရာက္႐ွိလာၿပီး ျမစ္ေခ်ာင္းထဲသို႔ခုန္ဆင္းကာ ကေလးငယ္ကိုဆြဲေခၚၿပီးေနာက္ သူ၏ပုခံုးေပၚသို႔တင္ၿပီး သယ္ေဆာင္လာရာ ၊ မိနစ္အနည္းငယ္အၾကာမွ ရြာသားအခ်ိဳ႕ေရာက္႐ွိလာၿပီး အဘိုးအိုကို ကမ္းေပၚသို႔ဆြဲတင္ေပးခဲ့ၾကပါေတာ့တယ္ ။

အဘိုးအိုကေတာ့ ‘ ငါလုပ္ေပးႏိုင္တာကို လုပ္ခဲ့တာပါ ၊ ငါေသသြားရင္ေတာ့ကိစၥမ႐ွိဘူး ဒါေပမဲ့ ကေလးငယ္ေလးက အဲ့လိုအျဖစ္မ်ိဳးနဲ႔ေတာ့ မၾကံဳသင့္ဘူး ‘ ဆိုၿပီး ေျပာျပသြားခဲ့ပါတယ္ ။ အလုပ္လုပ္ကိုင္ေနၾကတဲ့ အဘိုးအိုရဲ႕သမီး ႏွင့္ ေျမးျဖစ္သူတို႔က အဆိုပါသတင္းကိုၾကားၾကားခ်င္းမွာပဲ ရြာဆီသို႔အေျပးျပန္လာခဲ့ပါေတာ့တယ္ ။

ရြာသားေတြကေတာ့ ရႊံ့ထူလြန္းတဲ့ျမစ္ေခ်ာင္းထဲသို႔ ခုန္ခ်ၿပီး ကေလးငယ္ရဲ႕အသက္ကို ကယ္တင္ေပးခဲ့တဲ့အဘိုးအိုရဲ႕လုပ္ရပ္ကို အေတာ္ေလး ေလးစားခဲ့ၾကၿပီး အဘိုးအိုကို သူရဲေကာင္းဆိုၿပီးသတ္မွတ္ေခၚဆိုခဲ့ပါတယ္ ။ အသက္အရြယ္အရ လမ္းေလ်ွာက္ဖို႔ေတာင္ခက္ခဲေနတဲ့အဘိုးအိုက ကေလးငယ္အတြက္ ဘားမွမေတြးေတာဘဲ ခ်င္ခ်င္းလက္ငင္းကယ္တင္ေပးခဲ့တဲ့လုပ္ရပ္ဟာ အေတာ္ေလးကို ေလးစားဖြယ္ေကာင္းလြန္းလွပါတယ္ ။

Jasmine (Mckzone Daily)

Source: nextshark.

Unicode

တရုတ်နိုင်ငံ ၊ Sichuan ပြည်နယ်ရှိ ရွာလေးတစ်ရွာမှာနေထိုင်တဲ့ အသက် 90 အရွယ်အဘိုးအိုဟာ ရေနစ်နေတဲ့ 1နှစ်ခွဲအရွယ်ကလေးငယ်ကို ကယ်တင်ဖို့ အေးခဲနေတဲ့မြစ်ချောင်းထဲခုန်ဆင်းသွားခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ ကလေးငယ်ဟာစက်ဘီးစီးနေရင် ချော်ထွက်သွားပြီးနောက် စက်ဘီးကောလူပါ မြစ်ချောင်းအတွင်းသို့ထိုးကျသွားခဲ့ပါတယ် ။ ထိုအချိန်မှာတော့ Yue အမည်ရှိတဲ့ကလေးငယ်၏အဘွားဖြစ်သူက အံ့သြထိတ်လန့်သွားပြီး ချက်ချင်းဘေးပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းခံခဲ့ပါတယ် ။ အကူအညီတောင်းခံသံကိုကြားတော့ အဘိုးအို He Youyi ဟာအခင်းဖြစ်ရာနေရာသို့ချက်ချင်းရောက်ရှိလာပြီး မြစ်ချောင်းထဲသို့ခုန်ဆင်းကာ ကလေးငယ်ကိုဆွဲခေါ်ပြီးနောက် သူ၏ပုခုံးပေါ်သို့တင်ပြီး သယ်ဆောင်လာရာ ၊ မိနစ်အနည်းငယ်အကြာမှ ရွာသားအချို့ရောက်ရှိလာပြီး အဘိုးအိုကို ကမ်းပေါ်သို့ဆွဲတင်ပေးခဲ့ကြပါတော့တယ် ။

အဘိုးအိုကတော့ ‘ ငါလုပ်ပေးနိုင်တာကို လုပ်ခဲ့တာပါ ၊ ငါသေသွားရင်တော့ကိစ္စမရှိဘူး ဒါပေမဲ့ ကလေးငယ်လေးက အဲ့လိုအဖြစ်မျိုးနဲ့တော့ မကြုံသင့်ဘူး ‘ ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။ အလုပ်လုပ်ကိုင်နေကြတဲ့ အဘိုးအိုရဲ့သမီး နှင့် မြေးဖြစ်သူတို့က အဆိုပါသတင်းကိုကြားကြားချင်းမှာပဲ ရွာဆီသို့အပြေးပြန်လာခဲ့ပါတော့တယ် ။

ရွာသားတွေကတော့ ရွှံ့ထူလွန်းတဲ့မြစ်ချောင်းထဲသို့ ခုန်ချပြီး ကလေးငယ်ရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အဘိုးအိုရဲ့လုပ်ရပ်ကို အတော်လေး လေးစားခဲ့ကြပြီး အဘိုးအိုကို သူရဲကောင်းဆိုပြီးသတ်မှတ်ခေါ်ဆိုခဲ့ပါတယ် ။ အသက်အရွယ်အရ လမ်းလျှောက်ဖို့တောင်ခက်ခဲနေတဲ့အဘိုးအိုက ကလေးငယ်အတွက် ဘားမှမတွေးတောဘဲ ချင်ချင်းလက်ငင်းကယ်တင်ပေးခဲ့တဲ့လုပ်ရပ်ဟာ အတော်လေးကို လေးစားဖွယ်ကောင်းလွန်းလှပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေရနစ္ေနတဲ့ကေလးငယ္ကို ကယ္တင္ဖို႔ ေအးခဲေနတဲ့ျမစ္ေခ်ာင္းထဲသို႔ခုန္ဆင္းသြားခဲ့တဲ့ အသက္ 90အရြယ္အဘိုးအို (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*