အျခားသူေတြနဲ႔ အေရာင္အသြင္မတူလို႔ အုပ္စုထဲမွာအပယ္ခံျဖစ္ေနခဲ့ရတဲ့ ပင္လယ္ဖ်ံေလး

ဓာတ္ပံုထဲမွာေတြ႔ျမင္ရတဲ့အတိုင္း လိေမၼာ္ေရာင္အေမြးႏုေလးေတြနဲ႔ ပင္လယ္ဖ်ံေလးတစ္ေကာင္ဟာ ႐ု႐ွားႏိုင္ငံမွာ႐ွိတဲ့ Okhotsk ပင္လယ္ ေပၚထြက္လာခဲ့ပါတယ္ ။ ဒီလိုအဆင္းအေရာင္႐ွိတဲ့ပင္လယ္ဖ်ံမ်ိဳးဟာ အေတာ့္ကို႐ွားပါးတယ္လို႔ေျပာရမွာပါပဲ ။ ဘာလို႔လည္းဆိုေတာ့ အေကာင္ေရေပါင္း 100,000 မွာမွ တစ္ေကာင္သာေတြ႔ရတတ္လို႔ပါပဲ ။ ဒီရဲ႕ ပင္လယ္ဖ်ံေလးက သူ႔ရဲ႕အေမြးေရာင္ နဲ႔ မ်က္လံုးအေရာင္ေတြေၾကာင့္ ပင္လယ္ဖ်ံအုပ္စုထဲမွာအေတာ္ေလးကိုကြဲထြက္ေနၿပီး ၊ ပံုမွန္ေတြ႔ေနၾကပံုစံမဟုတ္ေနတဲ့အတြက္ အပယ္ခံျဖစ္ခဲ့ရပါတယ္ ။ သို႔ေပမဲ့လည္း ဇီဝေဗဒပညာ႐ွင္ေတြရဲ႕ေလ့လာခ်က္အရ ပင္လယ္ဖ်ံေလးဟာအျမဲတက္တက္ႂကြႂကြျဖစ္ေနတဲ့အတြက္ မိခင္ရဲ႕ႏို႔ရည္ျပည့္ျပည့္ဝဝေသာက္သံုးခဲ့ရပံုပါ ၊ အျခားပင္လယ္ဖ်ံမ်ားကေတာ့ တစ္စံုတစ္ခုကိုစိုးရိမ္ေၾကာက္လန္႔ေနပံုရၿပီး အဆိုပါလိေမၼာ္ေရာင္ပင္လယ္ဖ်ံေလးရဲ႕အနားကို မကပ္ရဲ႕ၾကပါဘူး ။ ပင္လယ္ဖ်ံေလးရဲ႕ အျမင္အာရံုဟာလည္းအေတာ္ေလးကို အားနည္းေနပံု႐ွိလို႔ ပင္လယ္ဖ်ံေလးကေ႐ွ႕ဆက္႐ွင္သန္ႏိုင္ပါ့မလားဆိုၿပီး ဇီဝေဗဒပညာ႐ွင္ေတြက သံသယ႐ွိေနၾကပါတယ္ ။ လက္႐ွိမွာေတာ့ ပင္လယ္ဖ်ံေလးဟာ ေစာင္ၾကည့္ခံထားရၿပီး ၊ အျခားပင္လယ္ဖ်ံေတြရဲ႕ ပစ္ပယ္ျခင္းကိုခံထားရလို႔ ေတာ႐ိုင္တိရစာၦန္ကယ္ဆယ္ေရးအဖြဲ႔က ပင္လယ္ဖ်ံေလးကိုကယ္တင္ၿပီး dolphinarium သို႔ပို႔ေဆာင္ဖို႔ စီစဥ္ထားလ်က္႐ွိပါတယ္ ။

1

2

3

Jasmine (Mckzone Daily)

Source: .boredpanda

Unicode

ဓာတ်ပုံထဲမှာတွေ့မြင်ရတဲ့အတိုင်း လိမ္မော်ရောင်အမွေးနုလေးတွေနဲ့ ပင်လယ်ဖျံလေးတစ်ကောင်ဟာ ရုရှားနိုင်ငံမှာရှိတဲ့ Okhotsk ပင်လယ် ပေါ်ထွက်လာခဲ့ပါတယ် ။ ဒီလိုအဆင်းအရောင်ရှိတဲ့ပင်လယ်ဖျံမျိုးဟာ အတော့်ကိုရှားပါးတယ်လို့ပြောရမှာပါပဲ ။ ဘာလို့လည်းဆိုတော့ အကောင်ရေပေါင်း 100,000 မှာမှ တစ်ကောင်သာတွေ့ရတတ်လို့ပါပဲ ။ ဒီရဲ့ ပင်လယ်ဖျံလေးက သူ့ရဲ့အမွေးရောင် နဲ့ မျက်လုံးအရောင်တွေကြောင့် ပင်လယ်ဖျံအုပ်စုထဲမှာအတော်လေးကိုကွဲထွက်နေပြီး ၊ ပုံမှန်တွေ့နေကြပုံစံမဟုတ်နေတဲ့အတွက် အပယ်ခံဖြစ်ခဲ့ရပါတယ် ။ သို့ပေမဲ့လည်း ဇီဝဗေဒပညာရှင်တွေရဲ့လေ့လာချက်အရ ပင်လယ်ဖျံလေးဟာအမြဲတက်တက်ကြွကြွဖြစ်နေတဲ့အတွက် မိခင်ရဲ့နို့ရည်ပြည့်ပြည့်ဝဝသောက်သုံးခဲ့ရပုံပါ ၊ အခြားပင်လယ်ဖျံများကတော့ တစ်စုံတစ်ခုကိုစိုးရိမ်ကြောက်လန့်နေပုံရပြီး အဆိုပါလိမ္မော်ရောင်ပင်လယ်ဖျံလေးရဲ့အနားကို မကပ်ရဲ့ကြပါဘူး ။ ပင်လယ်ဖျံလေးရဲ့ အမြင်အာရုံဟာလည်းအတော်လေးကို အားနည်းနေပုံရှိလို့ ပင်လယ်ဖျံလေးကရှေ့ဆက်ရှင်သန်နိုင်ပါ့မလားဆိုပြီး ဇီဝဗေဒပညာရှင်တွေက သံသယရှိနေကြပါတယ် ။ လက်ရှိမှာတော့ ပင်လယ်ဖျံလေးဟာ စောင်ကြည့်ခံထားရပြီး ၊ အခြားပင်လယ်ဖျံတွေရဲ့ ပစ်ပယ်ခြင်းကိုခံထားရလို့ တောရိုင်တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့က ပင်လယ်ဖျံလေးကိုကယ်တင်ပြီး dolphinarium သို့ပို့ဆောင်ဖို့ စီစဉ်ထားလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အျခားသူေတြနဲ႔ အေရာင္အသြင္မတူလို႔ အုပ္စုထဲမွာအပယ္ခံျဖစ္ေနခဲ့ရတဲ့ ပင္လယ္ဖ်ံေလး"

Leave a comment

Your email address will not be published.


*