ကားတိုက်သွားတဲ့သူကိုမြင်ပြီး ပညာသားပါပါလူကူးမျဉ်းကျားကနေ လမ်းဖြတ်ကူးခဲ့တဲ့ ခွေးလေး (ရုပ် / သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ စက်တင်ဘာလ 7ရက်နေ့က တရုတ်နိုင်ငံက လူကူးမျဉ်းကျားတစ်ခုမှာရိုက်ကူးထားခဲ့တဲ့ video လေးတစ်ခုကြောင့် ခွေးငယ်လေးတစ်ကောင်ဟာ အတော်လေးကိုနာမည်ကြီးသွားခဲ့ပါတယ် ။ ဘာလို့လည်းဆိုတော့ ၎င်းခွေးလေးဟာ လမ်းဆုံတစ်ခုမှာလမ်းဖြတ်ကူးနေတဲ့လူတစ်ယောက်ကို ကားတိုက်သွားတဲ့အဖြစ်အပျက်ရဲ့ အဓိကမျက်မြင်သက်သေဖြစ်ခဲ့တဲ့အတွက်ပါ ။ Video ထဲမှာတော့ အမျိုးသားတစ်ယောက်ဟာ လမ်းဆုံမှာလမ်းဖြတ်ကူးဖို့အတွက် ပလပ်ဖောင်းပေါ်ကနေဆင်းပြီးလမ်းလျှောက်လာတုန်း အနီရောင်ကားတစ်စီးကအနီးကပ်ရောက်ရှိလာခဲ့ပြီး သူ၏ခြေထောက်ကိုတိုက်သွားခဲ့ပါတယ် ။ သတင်းဖော်ပြချက်အရ ကားဆရာဟာလူတစ်ယောက်လမ်းပေါ်မှာရုတ်တရက်ပေါ်လာမယ်လို့မထင်ထားတဲ့အတွက် အချိန်မီ ဘရိတ်မနင်းနိုင်ခဲ့လို့ အဆိုပါအမျိုးသားကိုကားဖြင့်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ် ။ နမော်နမဲ့လမ်းဖြတ်ကူးတဲ့ အမျိုးသားကိုပြင်းပြင်းထန်ထန်တိုက်မိခဲ့တာတော့ မဟုတ်ပေမဲ့လည်း ကားတိုက်မိပြီးနောက်လေပေါ်မှာမြှောက်တက်သွားခဲ့ပြီး မြေပြင်ပေါ်သိုလူးလိမ့်ပြီးပြန်လည်ကျသွားခဲ့တဲ့အတွက် အတော်လေးတော့အထိနာသွားခဲ့ပုံပါပဲ ။ ၎င်းအချိန်မှာပဲ လမ်းဖြတ်ကူးဖို့လုပ်နေခဲ့တဲ့ခွေးကလေးဟာ အဆိုပါယာဉ်မတော်တဆမှုကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ပြီးနောက် အချိန်အနည်းငယ်တွန့်ဆုတ်သွားခဲ့ပြီး လူကူးမျဉ်းကျားကနေလမ်းဖြတ်ကူးသွားခဲ့ပါတယ် ။

ထို့်အပြင်ခွေးလေးဟာ ယာဉ်အသွားအလာရှင်းသွားတဲ့အထိ ထိုင်စောင့်နေခဲ့ပြီး မော်တော်ဆိုင်ကယ်တွေဖြတ်သွားပြီးတဲ့အချိန်ကျမှ လူကူးမျဉ်းကျားကနေလမ်းဖြတ်ကူးသွားခဲ့တာဖြစ်ပါတယ် ။ ခွေးလေးဟာ အခြားလမ်းတစ်ဖက်သို့ အန္တရာယ်ကင်းစွာနဲ့ရောက်ရှိသွားခဲ့ပေမဲ့လည်း နမော်နမဲ့လမ်းဖြတ်ကူးခဲ့တဲ့သူကတော့ လမ်းပေါ်မှာထိုင်နေခဲ့ပြီး ဒဏ်ရာရလို့မျက်နှာရှုံ့မဲ့မဲ့ဖြစ်နေကာ သူ၏ကျောကိုပွတ်သပ်နေခဲ့ပါတယ် ။

လူအများစုကတော့ ခွေးလေးရဲ့အပြုအမှုကိုချီးကျူ းခဲ့ကြပြီး နမော်နမဲ့လမ်းဖြတ်ကူးခဲ့သူကိုတော့ ” ခွေးကတောင် လမ်းမကူးခင် စောင့်ရမယ်ဆိုတာကိုသိတယ် ” ၊ ” ကြည့်ပါအုံး ၊ ခွေးကတောင် လူထပ်ပိုပြီးထက်မြတ်နေသေးတယ် ” ဆိုပြီးဝေဖန်ပြောဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကားတိုက်သွားတဲ့သူကိုမြင်ပြီး ပညာသားပါပါလူကူးမျဉ်းကျားကနေ လမ်းဖြတ်ကူးခဲ့တဲ့ ခွေးလေး (ရုပ် / သံ)"

Leave a comment

Your email address will not be published.


*