ဇနီးျဖစ္သူေသဆံုးသြားၿပီးေနာက္ နာက်င္ခံစားရလြန္းလို႔ ကြန္တိန္နာအတြင္းမွာသာေနထိုင္ခဲ့တဲ့ ဖိနပ္ခ်ဳပ္သမားအဘိုးအို

မေလး႐ွားႏိုင္ငံ Ipoh ၿမိဳ႕မွာေနထိုင္လ်က္႐ွိတဲ့ Uncle Osman အမည္႐ွိတဲ့ အဘိုးအိုတစ္ဦးဟာ ဇနီးျဖစ္သူေသဆံုးသြားၿပီးတဲ့ေနာက္ ဘဝတစ္ခုလံုးျပင္းျပင္းထန္ထန္ေျပာင္းလဲသြားခဲ့ရပါတယ္ ။ ဇနီးျဖစ္သူ ေသဆံုးၿပီးေနာက္ ပိုင္ဆိုင္ထားသမ်ွအရာအားလံုးကိုေရာင္းခ်ပစ္ခဲ့ၿပီး ၊ အခုခ်ိန္မွာေတာ့ ဖိနပ္ေတြျပန္ျပင္ေပးေနတဲ့ အေသးစားကြန္တိန္နာတဲေလးမွာ ေနထိုင္ေနလ်က္႐ွိေၾကာင္း Aus Meshi အမည္႐ွိတဲ့အမ်ိဳးသားက Twitter စာမ်က္ႏွာေပၚမွာ ေဖာ္ျပခဲ့ပါတယ္ ။ ‘ ကြၽန္ေတာ့္မိန္းမဆံုးသြားေတာ့ ကြၽန္ေတာ္ပိုင္ဆိုင္တဲ့အရာေတြအားလံုး ေရာင္ခ်ပစ္ခဲ့ၿပီး ၊ ဒီဆိုင္ေလးထဲမွာပဲ အိပ္တယ္ ၊ ကြၽန္ေတာ့္မွာ သားသမီးလည္း မ႐ွိပါဘူး ‘ ဆိုၿပီး Uncle Osman ကေျပာျပခဲ့ပါတယ္ ။

Aus Meshi ငယ္ရြယ္စဥ္ကေလးဘဝအခ်ိန္ကတည္းက Uncle Osman က ဖိနပ္ခ်ဳပ္တဲ့အလုပ္ကိုလုပ္ကိုင္ေနခဲ့တာပါ ။ Uncle Osman က သူ႔ရဲ႕ပိုင္ဆိုင္မႈေတြအားလံုးေရာင္းခ်ၿပီးေနာက္မွာေတာ့ ၊ လူအေတာ္မ်ားမ်ားက Uncle Osman ရဲ႕တဲအိမ္ေလးကို ကြန္တိန္နာအျဖစ္ျပဳျပင္ေျပာင္းလဲေပးခဲ့ၾကပါတယ္ ။

‘ သူ႔ဇနီးဆံုးသြားေတာ့ လူအေတာ္အမ်ားက သူအတြက္ကြန္တိန္နာအိမ္ေလးေဆာက္လို႔ရေအာင္ လာေရာက္လႉတန္းေပးခဲ့ၾကတယ္ ၊ အဲ့ေတာ့မွ သူပိုၿပီး သက္ေသာင့္သက္သာျဖစ္ခဲ့ရတာပါ ‘ ဆိုၿပီး Aus Meshi ကေျပာျပခဲ့ပါတယ္ ။ ဖိနပ္ခ်ဳပ္သမား Uncle Osman က ဘယ္မွာ ေရခ်ိဳးၿပီး သန္႔စင္ခန္းကို ဘယ္နားသြားလဲဆိုၿပီး လူအမ်ားကေမးျမန္းခဲ့ခ်ိန္မွာေတာ့ ‘ အဲ့ပတ္ဝန္းက်င္နားမွ စတိုးဆိုင္တစ္ဆိုင္႐ွိတယ္ ၊ ဆိုင္႐ွင္က Uncle. Osman ကို ေနရာလြတ္တစ္ခုေပးၿပီး အဲ့မွာပဲ ေရခ်ိဳးၿပီး အိပ္ခိုင္းေစတယ္ ‘ ဆိုၿပီး Aus Meshi က ႐ွင္းျပခဲ့ပါတယ္ ။ အခုလို လူတစ္ဦးအေပၚတစ္ဦးစာနာစိတ္အျပည့္နဲ႔ ဂ႐ုစိုက္ေစာင့္ေ႐ွာက္ေပးတဲ့လုပ္ရပ္ဟာ အေတာ္ေလးမြန္ျမတ္တယ္လို႔ ေျပာရမွာပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံ Ipoh မြို့မှာနေထိုင်လျက်ရှိတဲ့ Uncle Osman အမည်ရှိတဲ့ အဘိုးအိုတစ်ဦးဟာ ဇနီးဖြစ်သူသေဆုံးသွားပြီးတဲ့နောက် ဘဝတစ်ခုလုံးပြင်းပြင်းထန်ထန်ပြောင်းလဲသွားခဲ့ရပါတယ် ။ ဇနီးဖြစ်သူ သေဆုံးပြီးနောက် ပိုင်ဆိုင်ထားသမျှအရာအားလုံးကိုရောင်းချပစ်ခဲ့ပြီး ၊ အခုချိန်မှာတော့ ဖိနပ်တွေပြန်ပြင်ပေးနေတဲ့ အသေးစားကွန်တိန်နာတဲလေးမှာ နေထိုင်နေလျက်ရှိကြောင်း Aus Meshi အမည်ရှိတဲ့အမျိုးသားက Twitter စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပါတယ် ။ ‘ ကျွန်တော့်မိန်းမဆုံးသွားတော့ ကျွန်တော်ပိုင်ဆိုင်တဲ့အရာတွေအားလုံး ရောင်ချပစ်ခဲ့ပြီး ၊ ဒီဆိုင်လေးထဲမှာပဲ အိပ်တယ် ၊ ကျွန်တော့်မှာ သားသမီးလည်း မရှိပါဘူး ‘ ဆိုပြီး Uncle Osman ကပြောပြခဲ့ပါတယ် ။

Aus Meshi ငယ်ရွယ်စဉ်ကလေးဘဝအချိန်ကတည်းက Uncle Osman က ဖိနပ်ချုပ်တဲ့အလုပ်ကိုလုပ်ကိုင်နေခဲ့တာပါ ။ Uncle Osman က သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးရောင်းချပြီးနောက်မှာတော့ ၊ လူအတော်များများက Uncle Osman ရဲ့တဲအိမ်လေးကို ကွန်တိန်နာအဖြစ်ပြုပြင်ပြောင်းလဲပေးခဲ့ကြပါတယ် ။

‘ သူ့ဇနီးဆုံးသွားတော့ လူအတော်အများက သူအတွက်ကွန်တိန်နာအိမ်လေးဆောက်လို့ရအောင် လာရောက်လှူတန်းပေးခဲ့ကြတယ် ၊ အဲ့တော့မှ သူပိုပြီး သက်သောင့်သက်သာဖြစ်ခဲ့ရတာပါ ‘ ဆိုပြီး Aus Meshi ကပြောပြခဲ့ပါတယ် ။ ဖိနပ်ချုပ်သမား Uncle Osman က ဘယ်မှာ ရေချိုးပြီး သန့်စင်ခန်းကို ဘယ်နားသွားလဲဆိုပြီး လူအများကမေးမြန်းခဲ့ချိန်မှာတော့ ‘ အဲ့ပတ်ဝန်းကျင်နားမှ စတိုးဆိုင်တစ်ဆိုင်ရှိတယ် ၊ ဆိုင်ရှင်က Uncle. Osman ကို နေရာလွတ်တစ်ခုပေးပြီး အဲ့မှာပဲ ရေချိုးပြီး အိပ်ခိုင်းစေတယ် ‘ ဆိုပြီး Aus Meshi က ရှင်းပြခဲ့ပါတယ် ။ အခုလို လူတစ်ဦးအပေါ်တစ်ဦးစာနာစိတ်အပြည့်နဲ့ ဂရုစိုက်စောင့်ရှောက်ပေးတဲ့လုပ်ရပ်ဟာ အတော်လေးမွန်မြတ်တယ်လို့ ပြောရမှာပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "ဇနီးျဖစ္သူေသဆံုးသြားၿပီးေနာက္ နာက်င္ခံစားရလြန္းလို႔ ကြန္တိန္နာအတြင္းမွာသာေနထိုင္ခဲ့တဲ့ ဖိနပ္ခ်ဳပ္သမားအဘိုးအို"

Leave a comment

Your email address will not be published.


*