ေကာင္းကင္ဘံုက ေၾကာင္ကေလးဆီစာေရးခဲ့တဲ့ ေကာင္မေလးကို ျပန္စာေပးခဲ့တဲ့ စာပို႔သမား

Nevaeh Lowe အမည္႐ွိတဲ့ အသက္ 5ႏွစ္အရြယ္ အဂၤလန္ႏိုင္ငံမွာေနထိုင္တဲ့မိန္းကေလးဟာ ေသဆံုးသြားခဲ့ၿပီးျဖစ္တဲ့ သူမရဲ႕အခ်စ္ဆံုးေၾကာင္ကေလး Tin Tin ကို Heaven ဆိုတဲ့ ေနရပ္လိပ္စာနဲ႔ စာေရးသားေပးပို႔ခဲ့ပါတယ္ ။ သူမနဲ႔ ေၾကာင္ကေလးတို႔ဟာ အခ်စ္ဆံုးသူငယ္ခ်င္းျဖစ္ခဲ့တဲ့အတြက္ ေၾကာင္ကေလး Tin Tin တစ္ေကာင္ထဲ အထီးက်န္ေနမွာကို သူမစိုးရိမ္ေနခဲ့တာပါ ။ သူမေရးသားေပးပို႔တဲ့ စာေလးထဲမွာဆိုရင္ ” ငါနင့္ကို အရမ္းလြမ္းတယ္ ၊ နင္က ငါ့ရဲ႕အေကာင္းဆံုးေၾကာင္ကေလးပဲ ၊ ငါနင့္ကိုခ်စ္တယ္ ၿပီးေတာ့ နင့္ကိုဘယ္ေတာ့မွ ေမ့ပစ္မွာမဟုတ္ဘူး ၊ နင့္အတြက္ ဓာတ္ပံုေလးထည့္ေပးလိုက္တယ္ ခ်စ္ရတဲ့ Nevaeh ” ဆိုၿပီး ေရးသားခဲ့တာပါ ။

Nevaeh ဟာ သူမရဲ႕ႏွလံုးေရာဂါေၾကာင့္ Tin Tin ေသဆံုးၿပီးေနာက္ပိုင္း ေကာင္းေကာင္းအိပ္မေပ်ာ္ခဲ့ပါဘူး ။ မိခင္ျဖစ္သူက ေကာင္းကင္ဘံုကေဝးလြန္းလို႔ စာမေရာက္ႏိုင္ဘူးလို႔ေျပာေပမဲ့ သမီးေလးက စာပို႔ခဲ့တာပါ ။ အံ့ၾသစြာနဲ႔ တစ္ပတ္အၾကာမွာေတာ့ သူမတို႔ထံ ပါဆယ္ထုပ္ေရာက္လာခဲ့ၿပီး သမီးေလးရဲ႕စာကို Tin Tin က ျပန္စာပို႔ထားတာပါ ။ စာထဲမွာေတာ့ ” ငါအဆင္ေျပေနတယ္ဆိုတာ နင့္ကိုသိေစခ်င္တယ္ ၊ ငါဒီမွာ သူငယ္ခ်င္းေတြရေနၿပီငါအဲ့မွာ မ႐ွိေတာ့လို႔ နင္ဝမ္းနည္းေနမယ္ဆိုတာသိတယ္ ဒါေပမဲ့ ဝမ္းမနည္းပါေတာ့နဲ႔ ၊ ငါနဲ႔တူတဲ့ အေမြးဖြာေလးနဲ႔ေၾကာင္႐ုပ္ေလးပို႔ထားတယ္ ၊ နင္ဝမ္းနည္းတဲ့အခ်ိန္ ဒီေၾကာင္႐ုပ္ေလးကိုဖက္ထားေပးေနာ္ ” ဆိုတဲ့ ျပန္စာေလးပါ ။

အဆိုပါစာေလးကိုေတာ့ Royal mail ဆိုတဲ့စာတိုက္မွ စာပို႔သမားတစ္ဦးက ဂ႐ုတစိုက္နဲ႔ သမီးေလး Nevaeh ရဲ႕စာကိုျပန္ေပးလို႔ အေတာ္ေလးဝမ္းသာအံ့ၾသမိေၾကာင္း မိခင္ျဖစ္သူကေျပာျပခဲ့ပါတယ္ ။ သမီးေလး Nevaeh ဟာ အခုခ်ိန္မွာေတာ့ အရင္ကထက္ ပိုၿပီးေပ်ာ္ရႊင္ကာ ၊ အိပ္စက္ႏိုင္ေနၿပီျဖစ္ေၾကာင္း မိခင္ျဖစ္သူက ေျပာျပသြားခဲ့ပါတယ္ ။ သမီးေလး Nevaeh ခံစားေနရတဲ့ ေသာကေဝဒနာကို နားလည္ေပးၿပီး ဂ႐ုတစိုက္စာျပန္ေပးတဲ့ စာပို႔သမားရဲ႕လုပ္ရပ္ဟာ အေတာ္ေလးကိုေလးစားဖြယ္ ေကာင္းလြန္းလွပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Nevaeh Lowe အမည်ရှိတဲ့ အသက် 5နှစ်အရွယ် အင်္ဂလန်နိုင်ငံမှာနေထိုင်တဲ့မိန်းကလေးဟာ သေဆုံးသွားခဲ့ပြီးဖြစ်တဲ့ သူမရဲ့အချစ်ဆုံးကြောင်ကလေး Tin Tin ကို Heaven ဆိုတဲ့ နေရပ်လိပ်စာနဲ့ စာရေးသားပေးပို့ခဲ့ပါတယ် ။ သူမနဲ့ ကြောင်ကလေးတို့ဟာ အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့အတွက် ကြောင်ကလေး Tin Tin တစ်ကောင်ထဲ အထီးကျန်နေမှာကို သူမစိုးရိမ်နေခဲ့တာပါ ။ သူမရေးသားပေးပို့တဲ့ စာလေးထဲမှာဆိုရင် ” ငါနင့်ကို အရမ်းလွမ်းတယ် ၊ နင်က ငါ့ရဲ့အကောင်းဆုံးကြောင်ကလေးပဲ ၊ ငါနင့်ကိုချစ်တယ် ပြီးတော့ နင့်ကိုဘယ်တော့မှ မေ့ပစ်မှာမဟုတ်ဘူး ၊ နင့်အတွက် ဓာတ်ပုံလေးထည့်ပေးလိုက်တယ် ချစ်ရတဲ့ Nevaeh ” ဆိုပြီး ရေးသားခဲ့တာပါ ။

Nevaeh ဟာ သူမရဲ့နှလုံးရောဂါကြောင့် Tin Tin သေဆုံးပြီးနောက်ပိုင်း ကောင်းကောင်းအိပ်မပျော်ခဲ့ပါဘူး ။ မိခင်ဖြစ်သူက ကောင်းကင်ဘုံကဝေးလွန်းလို့ စာမရောက်နိုင်ဘူးလို့ပြောပေမဲ့ သမီးလေးက စာပို့ခဲ့တာပါ ။ အံ့သြစွာနဲ့ တစ်ပတ်အကြာမှာတော့ သူမတို့ထံ ပါဆယ်ထုပ်ရောက်လာခဲ့ပြီး သမီးလေးရဲ့စာကို Tin Tin က ပြန်စာပို့ထားတာပါ ။ စာထဲမှာတော့ ” ငါအဆင်ပြေနေတယ်ဆိုတာ နင့်ကိုသိစေချင်တယ် ၊ ငါဒီမှာ သူငယ်ချင်းတွေရနေပြီငါအဲ့မှာ မရှိတော့လို့ နင်ဝမ်းနည်းနေမယ်ဆိုတာသိတယ် ဒါပေမဲ့ ဝမ်းမနည်းပါတော့နဲ့ ၊ ငါနဲ့တူတဲ့ အမွေးဖွာလေးနဲ့ကြောင်ရုပ်လေးပို့ထားတယ် ၊ နင်ဝမ်းနည်းတဲ့အချိန် ဒီကြောင်ရုပ်လေးကိုဖက်ထားပေးနော် ” ဆိုတဲ့ ပြန်စာလေးပါ ။

အဆိုပါစာလေးကိုတော့ Royal mail ဆိုတဲ့စာတိုက်မှ စာပို့သမားတစ်ဦးက ဂရုတစိုက်နဲ့ သမီးလေး Nevaeh ရဲ့စာကိုပြန်ပေးလို့ အတော်လေးဝမ်းသာအံ့သြမိကြောင်း မိခင်ဖြစ်သူကပြောပြခဲ့ပါတယ် ။ သမီးလေး Nevaeh ဟာ အခုချိန်မှာတော့ အရင်ကထက် ပိုပြီးပျော်ရွှင်ကာ ၊ အိပ်စက်နိုင်နေပြီဖြစ်ကြောင်း မိခင်ဖြစ်သူက ပြောပြသွားခဲ့ပါတယ် ။ သမီးလေး Nevaeh ခံစားနေရတဲ့ သောကဝေဒနာကို နားလည်ပေးပြီး ဂရုတစိုက်စာပြန်ပေးတဲ့ စာပို့သမားရဲ့လုပ်ရပ်ဟာ အတော်လေးကိုလေးစားဖွယ် ကောင်းလွန်းလှပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေကာင္းကင္ဘံုက ေၾကာင္ကေလးဆီစာေရးခဲ့တဲ့ ေကာင္မေလးကို ျပန္စာေပးခဲ့တဲ့ စာပို႔သမား"

Leave a comment

Your email address will not be published.


*