ပိုင်ရှင်နဲ့ပြန်ဆုံတွေ့နိုင်ဖို့အတွက်4နှစ်လုံးလုံး လမ်းဘေးမှာရပ်စောင့်နေခဲ့တဲ့ခွေးလေး

ခွေးဆိုတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဟာ သစ္စာရှိလွန်းပြီး ကြာရှည်လွန်းတဲ့မှတ်ဥာဏ်ကောင်းတွေပိုင်ဆိုင်ထားသူတွေဖြစ်ပါတယ် ။ ပြီးတော့လူသားတွေအတွက် အကောင်းဆုံးမိတ်ဆွေတွေလည်း ဖြစ်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက Leo လို့အမည်ရှိတဲ့ခွေးလေးရဲ့ဓာတ်ပုံဟာ online ပေါ်မှာအတော်လေးရေပန်းစားနေခဲ့ပါတယ် ။ ဒေသခံတွေကတော့ ခွေးလေးဟာ လမ်းဘေးမှာသာအမြဲနေထိုင်နေခဲ့တာဖြစ်တဲ့အတွက် စွန့်ပစ်ထားခံခဲ့ရတယ်လို့သာတွေးထင်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း သူ့ ကိုအမြဲအစာကျွေးမွေးနေတဲ့အမျိုးသမီးတစ်ယောက်ရှိနေခဲ့ပြီး ကောင်းကောင်းမွန်မွန်ဂရုစိုက်ခံနေရတာကိုလည်းတွေ့ရှိရပါတယ် ။ဖော်ပြချက်အရ ခွေးလေးဟာသူ၏မူလသခင်ကို လမ်းဘေးမှာစောင့်နေခဲ့တာ 4နှစ်ရှိပြီဖြစ်ကြောင်းသိရှိရပါတယ် ။ Leo ကိုစောင့်ရှောက်နေခဲ့တဲ့အမျိုးသမီးကို မေးမြန်းခဲ့ချိန်မှာတော့ သူမလွန်ခဲ့တဲ့နှစ်အနည်းက Leo ကိုပထမဆုံးတွေ့ခဲ့ချိန်မှာတော့ ခွေးလေးဟာအတော်လေးပိန်နေခဲ့ပြီး အရေပြားမှာလည်းရောဂါတွေဖြစ်နေပါတယ် ။ ခွေးလေးကို ကုသပေးဖို့အတွက်သူမ၏နေအိမ်သို့ခေါ်ဆောင်သွားခဲ့ပါတယ် ။ ခွေလေးဟာပြန်လည်ကျန်းမာလာခဲ့ပြီး မကြာခင်မှာပဲ သူမ၏နေအိမ်ကနေထွက်သွားခဲ့ပါတော့တယ် ။ ခွေးလေးကိုပြန်လိုက်ရှာခဲ့ချိန်မှာတော့ သူ့ကိုပထမဆုံးရှာတွေ့ခဲ့တဲ့လမ်းဘေးမှာ သူ့ မူလသခင်ပြန်လာခေါ်တာကိုထိုင်စောင့်နေခဲ့တာကို တွေ့ရှိခဲ့ရပါတယ် ။

Leo ကသူမနောက်ကိုပြန်မလိုက်ချင်ခဲ့တဲ့အတွက် ရွေးချယ်ဖို့မရှိတော့တဲ့အဆုံး သူမဟာလမ်းဘေးသို့နေ့စဉ်လာရောက်ပြီး Leo ကိုအစာလာကျွေးခဲ့ပါတော့တယ် ။ တစ်ခါတစ်လေ သူမ မအားလပ်တဲ့နေ့တွေမှာဆိုရင် သူမရဲ့မိသားစုဝင်တွေကိုခိုင်းပြီး Leo ကိုအစာလာကျွေးစေခဲ့ပါတယ် ။ ဒေသခံတစ်ဦးက သခင်ကိုလမ်းဘေးမှာအမြဲလာစောင့်နေတဲ့ Leo လေးကိုသနားသွားခဲ့ပြီး Leoအကြောင်းကို Online ပေါ်မှာတင်ပြီး သူ၏သခင်ပြန်ရှာတွေ့နိုင်ဖို့ရည်ရွယ်ခဲ့ပါတယ် ။ ထို့နောက်မကြာခင်မှာဘဲ လူတစ်ယောက်ကသူတို့ဆွေးမျိုးဟာ Bon Bon အမည်ရှိတဲ့ခွေးလေးကို လွန်ခဲ့တဲ့ 4နှစ်က ပျောက်ဆုံးသွားခဲ့ကြောင်း ပြောပြလာခဲ့ပါတယ် ။ ခွေးပိုင်ရှင်က BonBon ကိုခရီးခေါ်ထွက်ခဲ့ပြီး သွားတဲ့ခရီးလမ်းမှာလည်း ခွေးလေဟာပျောက်သွားခဲ့သည့်အတွက် ကားပေါ်ကနေခုန်ချသွားခဲ့တာဆိုပြီး ယူဆခဲ့ကြပါတယ် ။ ခွေးပိုင်ရှင်များကလည်း စိုးရိမ်ပူပန်ပြီး အဆိုပါနေရာဒေသမှာတစ်ပတ်လောက် ရှာဖွေခဲ့ပေမဲ့လည်း အစအနတောင်မတွေ့ရှိခဲ့ကြောင်း သိရှိရပါတယ် ။

ခွေးလေးရဲ့မူလပိုင်ရှင်က နှစ်များစွာကြာခဲ့ပေမဲ့လည်း BonBon လေးကိုအသက်ရှင်လျက်ပြန်လည်တွေ့ခဲ့တဲ့အတွက် အတော်လေးဝမ်းသာပီတိဖြစ်ခဲ့ကြပြီး ခွေးလေးကိုကြည့်ရှုစောင့်ရှောက်ပေးခဲ့တဲ့အမျိုးသမီးကိုလည်း ကျေးဇူးတင်ကြောင်းပြောဆိုခဲ့ကြပါတယ် ။ ရက်အနည်ငယ်အကြာမှာပဲ ခွေးလေးရဲ့မူလပိုင်ရှင်ဟာ BonBon ကိုနေအိမ်သို့ခေါ်ပြန်သွားခဲ့ပါတော့တယ် ။သို့ပေမဲ့လည်း ခွေးလေးဟာသူစောင့်မျှော်နေခဲ့တဲ့ပိုင်ရှင်က အိမ်ပြန်ဖို့လာခေါ်တာဖြစ်ပေမဲ့လည်း အိမ်ကိုပြန်မလိုက်ချင်တော့ပါဘူး ။ ခွေလေးပိုင်ရှင်ကတော့ BonBon ဟာသူတို့နဲ့တွေ့လို့ပျော်ရွှင်နေပေမယ့်လည်း အဲ့နေရာကနေထွက်သွားဖို့တော့အင်တင်နင်ဖြစ်နေကြောင်း ပြောဆိုသွားခဲ့ပါတယ် ။

ဒါကြောင့် ခွေလေးကိုသူ၏ပိုင်ရှင်အသစ်အမျိုးသမီးနှင့် ထားခဲ့ပြီး BonBon အနားမကြာခဏအလည်လာဖို့သာဆုံးဖြတ်ခဲ့ကြပါတယ် ။ ခွေးလေးရဲ့မူလပိုင်ရှင်ကတော့ BonBon လေးကိုနောက်ထပ်မနာကျင်စေတော့လို့ နေရာအသစ်လေးကိုကြိုက်နှစ်သက်နေတဲ့BonBon ကိုနေခဲ့ဖို့ခွင့်ပြုလိုက်ကြောင်းလည်း ပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "ပိုင်ရှင်နဲ့ပြန်ဆုံတွေ့နိုင်ဖို့အတွက်4နှစ်လုံးလုံး လမ်းဘေးမှာရပ်စောင့်နေခဲ့တဲ့ခွေးလေး"

Leave a comment

Your email address will not be published.


*