အႁမြာကေလး 4ေယာက္ ေမြးဖြားၿပီးေနာက္ ဗိုက္ေၾကာျပတ္ရာဓာတ္ပံုကိုေဝမ်ွမိခဲ့လို႔ ကဲ့ရဲ႕ေဝဖန္ခံေနရတဲ့ မိခင္

မေလး႐ွားႏိုင္ငံမွာေနထိုင္တဲ့ အႁမြာကေလး 4ေယာက္ရဲ႕မိခင္ဟာ သူမရဲ႕ဗိုက္ေၾကာျပတ္ရာ ဓာတ္ပံုေတြကို social media ေပၚမွာေဝမ်ွခဲ့ၿပီးေနာက္ လူအေတာ္အမ်ားရဲ႕ကဲ့ရဲ႕ျခင္းကိုခံခဲ့ရၿပီး အခ်ိဳ႕ဆိုရင္ အဲ့အပိုင္းကိုပစ္ထုတ္သင့္တယ္ ဆိုၿပီးေတာ့ေတာင္ေဝဖန္ကဲ့ရဲ႕ခဲ့ၾကပါတယ္ ။ ဓာတ္ပံုေဝမ်ွခဲ့စဥ္အခ်ိန္က သူမရဲ႕အသက္ဟာ 23 ႏွစ္အရြယ္ျဖစ္ၿပီး မိခင္ျဖစ္လာၿပီးေနာက္ ယခင္လိုဝမ္းဗိုက္ပံုစံမ်ိဳးျပန္မရႏိုင္ေတာ့ေၾကာင္း သူမက social media ေပၚမွာေဝမ်ွခဲ့တာပါ ။ သူမဟာ အႁမြာ 4ေယာက္ကိုယ္ဝန္ေဆာင္ရၿပီးေနာက္မွာမွ ဝမ္းဗိုက္ပံုစံအေတာ္ေလးပ်က္ဆီးခဲ့ရၿပီး ၊ မီးဖြာခန္းထဲက ထြက္လာခဲ့တဲ့အခ်ိန္မွာဆိုရင္ ႐ုပ္ဆိုးလြန္းတဲ့ ဝမ္းဗိုက္ပံုစံကိုၾကည့္ၿပီး သူမရဲ႕အသက္ဟာ 21 ႏွစ္သာ႐ွိေသးတဲ့အတြက္ ဝမ္းနည္းၿပီးငိုခဲ့ရေၾကာင္း သူမရဲ႕အျဖစ္ကိုေျပာျပခဲ့ပါတယ္ ။

သူမဟာ ခင္ပြန္းျဖစ္သူ Toh Yang Ming ကို tag ၿပီး ‘ ငါ့ရဲ႕ဗိုက္ျပန္ေပး’ ဆိုၿပီး post တင္ခဲ့တာပါ ။ Internet ေပၚကလူအခ်ိဳ႕ဆိုရင္ သူမရဲ႕႐ုပ္ဆိုးလြန္းတဲ့ဗိုက္ေၾကာျပတ္ရာေၾကာင့္ အန္ခ်င္တယ္ဆိုၿပီး သူမကိုကဲ့ရဲ႕ခဲ့ၾကေပမဲ့ ၊ လူအေတာ္မ်ားမ်ားကေတာ့ သတၱိ႐ွိလြန္းၿပီး ၊ မိခင္ဘဝကိုခံယူခဲ့တဲ့သူမရဲ႕လုပ္ရပ္ကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၿပီး ‘နင့္ရဲ႕အလွ နဲ႔ အႂကြင္းမဲ့အခ်စ္မ်ိဳးကိုပဲျမင္တယ္ ‘ ၊ ‘ နင္ကလွပတဲ့မိခင္တစ္ေယာက္ပဲ ‘ ‘ ဂုဏ္ယူလိုက္စမ္းပါ နင္ကအရမ္းလွတယ္’ စတဲ့ comment မ်ိဳးေရးသားကာ အားေပးခဲ့ၾကပါတယ္ ။

သူမကေတာ့ မိခင္တစ္ေယာက္ျဖစ္ရတာ ဝမ္းသာဂုဏ္ယူမိေၾကာင္း ႏွင့္ သူမရဲ႕ဗိုက္ေၾကာျပတ္ရာေတြက ကိစၥမ႐ွိေၾကာင္း ၊ အိမ္မွာေနၿပီး bikini ေတြဝတ္လို႔ရေသးေၾကာင္း ႏွင့္ သူမကသာလ်ွင္ ကိုယ့္ကို perfect ျဖစ္ေအာင္လုပ္ႏိုင္သူျဖစ္ေၾကာင္း ကဲ့ရဲ႕ေဝဖန္သူေတြကို ျပန္လည္တံု့ျပန္ေျဖၾကားေပးခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: nextshark

Unicode

မလေးရှားနိုင်ငံမှာနေထိုင်တဲ့ အမြွာကလေး 4ယောက်ရဲ့မိခင်ဟာ သူမရဲ့ဗိုက်ကြောပြတ်ရာ ဓာတ်ပုံတွေကို social media ပေါ်မှာဝေမျှခဲ့ပြီးနောက် လူအတော်အများရဲ့ကဲ့ရဲ့ခြင်းကိုခံခဲ့ရပြီး အချို့ဆိုရင် အဲ့အပိုင်းကိုပစ်ထုတ်သင့်တယ် ဆိုပြီးတော့တောင်ဝေဖန်ကဲ့ရဲ့ခဲ့ကြပါတယ် ။ ဓာတ်ပုံဝေမျှခဲ့စဉ်အချိန်က သူမရဲ့အသက်ဟာ 23 နှစ်အရွယ်ဖြစ်ပြီး မိခင်ဖြစ်လာပြီးနောက် ယခင်လိုဝမ်းဗိုက်ပုံစံမျိုးပြန်မရနိုင်တော့ကြောင်း သူမက social media ပေါ်မှာဝေမျှခဲ့တာပါ ။ သူမဟာ အမြွာ 4ယောက်ကိုယ်ဝန်ဆောင်ရပြီးနောက်မှာမှ ဝမ်းဗိုက်ပုံစံအတော်လေးပျက်ဆီးခဲ့ရပြီး ၊ မီးဖွာခန်းထဲက ထွက်လာခဲ့တဲ့အချိန်မှာဆိုရင် ရုပ်ဆိုးလွန်းတဲ့ ဝမ်းဗိုက်ပုံစံကိုကြည့်ပြီး သူမရဲ့အသက်ဟာ 21 နှစ်သာရှိသေးတဲ့အတွက် ဝမ်းနည်းပြီးငိုခဲ့ရကြောင်း သူမရဲ့အဖြစ်ကိုပြောပြခဲ့ပါတယ် ။

သူမဟာ ခင်ပွန်းဖြစ်သူ Toh Yang Ming ကို tag ပြီး ‘ ငါ့ရဲ့ဗိုက်ပြန်ပေး’ ဆိုပြီး post တင်ခဲ့တာပါ ။ Internet ပေါ်ကလူအချို့ဆိုရင် သူမရဲ့ရုပ်ဆိုးလွန်းတဲ့ဗိုက်ကြောပြတ်ရာကြောင့် အန်ချင်တယ်ဆိုပြီး သူမကိုကဲ့ရဲ့ခဲ့ကြပေမဲ့ ၊ လူအတော်များများကတော့ သတ္တိရှိလွန်းပြီး ၊ မိခင်ဘဝကိုခံယူခဲ့တဲ့သူမရဲ့လုပ်ရပ်ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ‘နင့်ရဲ့အလှ နဲ့ အကြွင်းမဲ့အချစ်မျိုးကိုပဲမြင်တယ် ‘ ၊ ‘ နင်ကလှပတဲ့မိခင်တစ်ယောက်ပဲ ‘ ‘ ဂုဏ်ယူလိုက်စမ်းပါ နင်ကအရမ်းလှတယ်’ စတဲ့ comment မျိုးရေးသားကာ အားပေးခဲ့ကြပါတယ် ။

သူမကတော့ မိခင်တစ်ယောက်ဖြစ်ရတာ ဝမ်းသာဂုဏ်ယူမိကြောင်း နှင့် သူမရဲ့ဗိုက်ကြောပြတ်ရာတွေက ကိစ္စမရှိကြောင်း ၊ အိမ်မှာနေပြီး bikini တွေဝတ်လို့ရသေးကြောင်း နှင့် သူမကသာလျှင် ကိုယ့်ကို perfect ဖြစ်အောင်လုပ်နိုင်သူဖြစ်ကြောင်း ကဲ့ရဲ့ဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်ဖြေကြားပေးခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အႁမြာကေလး 4ေယာက္ ေမြးဖြားၿပီးေနာက္ ဗိုက္ေၾကာျပတ္ရာဓာတ္ပံုကိုေဝမ်ွမိခဲ့လို႔ ကဲ့ရဲ႕ေဝဖန္ခံေနရတဲ့ မိခင္"

Leave a comment

Your email address will not be published.


*