တစ်ကောင်တည်းအထီးကျန်ပြီး ကျန်ရစ်နေခဲ့မှာကြောက်လို့ တစ်ချိန်တည်းမှာအတူသေဆုံးသွားခဲ့တဲ့ ခြင်္သေ့စုံတွဲ


1

2

3

4

5

6

Jasmine (Mckzone Daily)

Source: boredpanda

Unicode

Los Angeles တိရစ္ဆာန်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေရဲ့ပြောပြချက်အရ အသက်အရွယ်အိုမင်းနေပြီဖြစ်တဲ့ အသက် 21 နှစ်အရွယ် Hubert နဲ့ Kalisa အမည်ရှိတဲ့ ခြင်္သေ့စုံတွဲဟာ တစ်ချိန်တည်းမှာ ဇီဝိန်ခြွေသွားခဲ့တာဖြစ်ကြောင်းသိရှိရပါတယ် ။ အသက်အရွယ်အိုမင်းလာပြီး ကျန်းမာရေးအခြေအနေတွေလည်း ဆိုးဝါးလာခဲ့လို့ တိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ဝန်ထမ်းတွေက ခြင်္သေ့စုံတွဲနှစ်ကောင်လုံးကို ညင်သာစွာ ဇီဝိန်ခြွေပေးခဲ့ရကြောင်း သိရှိရပါတယ် ။ Hubert ဟာ ချီကာကိုမြို့ရှိ Lincoin Park Zoo မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၊ Kalisa ကတော့ Seattle မြို့ရှိ Woodland Park Zoo မှာ မွေးဖွားခဲ့တာပါ ။ 2014 ခုနှစ်မှ Los Angeles zoo ကို နှစ်ကောင်လုံးရောက်ရှိလာခဲ့ချိန်မှာတော့ တစ်ကောင်နဲ့တစ်ကောင် မခွဲနိုင်မခွာရက်အောင်ဖြစ်ခဲ့ကြရတာပါ ။ တိရစ္ဆာန်ရုံတွေမှာနေထိုင်ရတဲ့ ခြင်္သေ့တွေဟာ အသက် 20-25 အထိ သက်တမ်းအရနေထိုင်ရနိုင်ပြီး ၊ တောထဲမှာနေထိုင်တဲ့ ခြင်္သေ့ကြီးတွေဟာဆိုရင် သက်တမ်း 12-16 နှစ်ခန့် နေထိုင်ရနိုင်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "တစ်ကောင်တည်းအထီးကျန်ပြီး ကျန်ရစ်နေခဲ့မှာကြောက်လို့ တစ်ချိန်တည်းမှာအတူသေဆုံးသွားခဲ့တဲ့ ခြင်္သေ့စုံတွဲ"

Leave a comment

Your email address will not be published.


*