2ႏွစ္အရြယ္သမီးေလးေၾကာင့္ ကားမွန္ပုတင္းေပါက္မွာ လည္ပင္ညႇပ္ၿပီးေသဆံုးသြားခဲ့ရတဲ့ မိခင္

အသက္ 21ႏွစ္အရြယ္မိန္းကေလးတစ္ေယာက္ဟာ သူမ၏လမ္းေလ်ွာက္တက္စအရြယ္သမီးေလးက ကားရဲ႕ပုတင္းေပါက္ကို မေတာ္တဆပိတ္မိသြားခဲ့လို႔ သူမ၏လည္ပင္းဟာ ကားပုတင္းေပါက္မွာညႇပ္မိသြားခဲ့ၿပီးေနာက္ ဦးေႏွာက္ထိခိုက္ပ်က္စီးသြားခဲ့ရၿပီး ေသဆံုးသြားခဲ့ရပါတယ္ ။အဆိုပါမေတာ္တဆမႈဟာ ၿပီးခဲ့တဲ့ August 31ရက္ေန႔က ႐ု႐ွားႏိုင္ငံမွာျဖစ္ပြားခဲ့တာျဖစ္ၿပီး ကေလးငယ္၏မိခင္ျဖစ္သူရဲ႕အသက္21ႏွစ္ျပည့္တဲ့ေမြးေန႔မွာ ျဖစ္ပ်က္ခဲ့တာပါ ။ မိခင္ျဖစ္သူက ကားထဲမွာ႐ွိေနတဲ့သမီးေလးကိုေခၚဖို႔ ကားတံခါးဖြင့္ၿပီး ေခၚထုတ္ရမယ့္္အစား ကား၏အေရွ႕ဖက္႐ွိ တစ္ဝက္ခန္႔ဖြင့္ထားေသာမွန္ပုတင္းေပါက္မွ ေခၚထုတ္ဖို႔ႀကိဳးစားခဲ့ပါတယ္ ။ သမီးေလးကိုေခၚမထုတ္ႏိုင္ေသးခင္မွာပဲ ကေလးငယ္ကမွန္ပုတင္းေပါက္ခလုတ္ကိုဖိလိုက္တဲ့အတြက္ မွန္ပုတင္းေပါက္ဟာ အလိုအေလ်ာက္ပိတ္သြားခဲ့ပါတယ္ ။

ထို႔ေနာက္ မွန္ပုတင္းေပါက္က မိခင္ျဖစ္သူ၏လည္ပင္းကိုတင္းက်ပ္ေအာင္ညစ္ပစ္လိုက္သလို ျဖစ္သြားခဲ့ေသာေၾကာင့္ ခင္ပြန္းျဖစ္သူလာေရာက္မကယ္ဆယ္ႏိုင္ေသးခင္အထိ သူမဟာသတိလစ္ေမ့ေမ်ာ့သြားခဲ့ပါတယ္ ။ ခင္ပြန္းျဖစ္သူကပုတင္းေပါက္ကို ရိုက္ခြဲဖ်က္ဆီးပစ္ခဲ့ၿပီး သူမရဲ႕ေပ်ာ့ေခြေနတဲ့ခႏၶာကိုယ္ကို ကားကေနျပန္လည္ဆြဲထုတ္ခဲ့ပါတယ္ ။ အေရးေပၚလူနာတင္ကားေခၚၿပီး သူမကိုေဆးရံုသို႔အလ်င္အျမန္ေခၚေဆာင္သြားခဲ့ၿပီးေနာက္ သူမဟာေဆးကုသမႈခံယူဖို႔ ေဆးရံုကို 8ရက္ခန္႔ တက္ခဲ့ရပါတယ္ ။ သို႔ေပမဲ့လည္း ေအာက္ဆီဂ်င္မရေတာ့တဲ့အထိမြန္းက်ပ္မႈျဖစ္ၿပီး အသက္မ႐ႈႏိုင္ခဲ့တဲ့အတြက္ သူမ၏ဦးေႏွာက္မွာပ်က္ဆီးသြားခဲ့ၿပီးေနာက္ အသက္ေသဆံုးသြားခဲ့ရပါတယ္ ။

အဆိုပါမေတာ္တဆမႈေၾကာင့္ သူမ၏ေသြးလႊတ္ေၾကာေတြဟာညႇပ္သြားခဲ့ၿပီး ခင္ပြန္းျဖစ္သူ သူမကိုကားထဲကေနဆြဲထုတ္ခဲ့တဲ့အခ်ိန္ကေန ေသဆံုးသြားခဲ့တဲ့အခ်ိန္အထိလံုးဝ သတိလစ္ေမ့ေမ်ာေနခဲ့ေၾကာင္းသိ႐ွိရပါတယ္ ။ ရဲအရာ႐ွိမ်ားကေတာ့ အဆိုပါကားထဲမွာေသဆံုးသြားခဲ့ရတဲ့ ကေလးမိခင္၏မေတာ္တဆမႈကိုစံုစမ္းစစ္ေဆးလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အသက် 21နှစ်အရွယ်မိန်းကလေးတစ်ယောက်ဟာ သူမ၏လမ်းလျှောက်တက်စအရွယ်သမီးလေးက ကားရဲ့ပုတင်းပေါက်ကို မတော်တဆပိတ်မိသွားခဲ့လို့ သူမ၏လည်ပင်းဟာ ကားပုတင်းပေါက်မှာညှပ်မိသွားခဲ့ပြီးနောက် ဦးနှောက်ထိခိုက်ပျက်စီးသွားခဲ့ရပြီး သေဆုံးသွားခဲ့ရပါတယ် ။အဆိုပါမတော်တဆမှုဟာ ပြီးခဲ့တဲ့ August 31ရက်နေ့က ရုရှားနိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ကလေးငယ်၏မိခင်ဖြစ်သူရဲ့အသက်21နှစ်ပြည့်တဲ့မွေးနေ့မှာ ဖြစ်ပျက်ခဲ့တာပါ ။ မိခင်ဖြစ်သူက ကားထဲမှာရှိနေတဲ့သမီးလေးကိုခေါ်ဖို့ ကားတံခါးဖွင့်ပြီး ခေါ်ထုတ်ရမယ့်အစား ကား၏အရှေ့ဖက်ရှိ တစ်ဝက်ခန့်ဖွင့်ထားသောမှန်ပုတင်းပေါက်မှ ခေါ်ထုတ်ဖို့ကြိုးစားခဲ့ပါတယ် ။ သမီးလေးကိုခေါ်မထုတ်နိုင်သေးခင်မှာပဲ ကလေးငယ်ကမှန်ပုတင်းပေါက်ခလုတ်ကိုဖိလိုက်တဲ့အတွက် မှန်ပုတင်းပေါက်ဟာ အလိုအလျောက်ပိတ်သွားခဲ့ပါတယ် ။

ထို့နောက် မှန်ပုတင်းပေါက်က မိခင်ဖြစ်သူ၏လည်ပင်းကိုတင်းကျပ်အောင်ညစ်ပစ်လိုက်သလို ဖြစ်သွားခဲ့သောကြောင့် ခင်ပွန်းဖြစ်သူလာရောက်မကယ်ဆယ်နိုင်သေးခင်အထိ သူမဟာသတိလစ်မေ့မျော့သွားခဲ့ပါတယ် ။ ခင်ပွန်းဖြစ်သူကပုတင်းပေါက်ကို ရိုက်ခွဲဖျက်ဆီးပစ်ခဲ့ပြီး သူမရဲ့ပျော့ခွေနေတဲ့ခန္ဓာကိုယ်ကို ကားကနေပြန်လည်ဆွဲထုတ်ခဲ့ပါတယ် ။ အရေးပေါ်လူနာတင်ကားခေါ်ပြီး သူမကိုဆေးရုံသို့အလျင်အမြန်ခေါ်ဆောင်သွားခဲ့ပြီးနောက် သူမဟာဆေးကုသမှုခံယူဖို့ ဆေးရုံကို 8ရက်ခန့် တက်ခဲ့ရပါတယ် ။ သို့ပေမဲ့လည်း အောက်ဆီဂျင်မရတော့တဲ့အထိမွန်းကျပ်မှုဖြစ်ပြီး အသက်မရှုနိုင်ခဲ့တဲ့အတွက် သူမ၏ဦးနှောက်မှာပျက်ဆီးသွားခဲ့ပြီးနောက် အသက်သေဆုံးသွားခဲ့ရပါတယ် ။

အဆိုပါမတော်တဆမှုကြောင့် သူမ၏သွေးလွှတ်ကြောတွေဟာညှပ်သွားခဲ့ပြီး ခင်ပွန်းဖြစ်သူ သူမကိုကားထဲကနေဆွဲထုတ်ခဲ့တဲ့အချိန်ကနေ သေဆုံးသွားခဲ့တဲ့အချိန်အထိလုံးဝ သတိလစ်မေ့မျောနေခဲ့ကြောင်းသိရှိရပါတယ် ။ ရဲအရာရှိများကတော့ အဆိုပါကားထဲမှာသေဆုံးသွားခဲ့ရတဲ့ ကလေးမိခင်၏မတော်တဆမှုကိုစုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "2ႏွစ္အရြယ္သမီးေလးေၾကာင့္ ကားမွန္ပုတင္းေပါက္မွာ လည္ပင္ညႇပ္ၿပီးေသဆံုးသြားခဲ့ရတဲ့ မိခင္"

Leave a comment

Your email address will not be published.


*