မသန္စြမ္းေပမဲ့ ကိုယ္ရဲ႕အလုပ္ကို စိတ္ႏွစ္ျမဳပ္ၿပီးေစတနာအျပည့္ႏွင့္လုပ္ေပးကာ ဇြဲမေလ်ာ့တဲ့ 59ႏွစ္အရြယ္အမ်ိဳးသား (႐ုပ္သံ)

ဖိလစ္ပိုင္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 59 ႏွစ္အရြယ္ Onkol အမည္႐ွိတဲ့ ေျခလက္မသန္စြမ္းတဲ့အမ်ိဳးသားဟာ ယာဥ္ေၾကာအသြားအလာႀကီးၾကပ္ေပးတဲ့ လက္ေထာက္တစ္ေယာက္အေနနဲ႔ သူ၏အလုပ္ကိုစိတ္ႏွစ္ျမဳပ္စြာျဖင့္ လုပ္ကိုင္ေနလ်က္႐ွိပါတယ္ ။ အဆိုပါအမ်ိဳးသားဟာ ၿပီးခဲ့တဲ့ April လကမွ ဖိလစ္ပိုင္ႏိုင္ငံ ၊ Cebu ၿမိဳ႕႐ွိ Barangay Kasambagan မွာ အဆိုပါအလုပ္ကိုလက္ခံရ႐ွိခဲ့တာျဖစ္ပါတယ္ ။ ဘယ္ေလာက္ပဲမိုးရြာရြာ ၊ ေနပူပူ Onkol ဟာ သူ၏လက္တစ္ဖက္ကိုယာဥ္ေၾကာအခ်က္ျပလက္အိတ္ဝတ္ၿပီး အလုပ္ႀကိဳးစားေနခဲ့လို႔ လူတိုင္းက ေ​လးစားအားက်ခဲ့ရတဲ့အထိပါပဲ ။ ယာဥ္ထိန္းရဲဌာနရဲ့အႀကီးအကဲမႉးကေတာ့ Onkol ဟာ ေတာ္တယ္ ၊ စိတ္႐ွည္တယ္ ၊ အလုပ္ႀကိဳးစားတယ္ စတဲ့အခ်က္​ေတြေၾကာင့္ အလုပ္ေပးၿပီး ကူညီေထာက္ပံ့ေပးတာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္ ။

Onkol ဟာ အလုပ္ကို သံုးဘီးစက္ဘီးႏွင့္ ေမာင္းသြားေလ့႐ွိၿပီး ၊ မနက္ 6နာရီကေန – ညေန 6နာရီ အခ်ိန္ခန္႔ထိအလုပ္လုပ္ကိုင္ရကာ တစ္လကို $39 ရ႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ အဆိုပါဝင္ေငြဟာOnkol ႏွင့္ သူ၏အဝတ္ေတြကိုေလ်ွာ္ဖြတ္​ေပးတဲ့တူမျဖစ္သူတို႔အတြက္ လံုလံုေလာက္ေလာက္ေတာ့႐ွိပါတယ္ ။ အျခားေဆြမ်ိဳးမ်ားက အစားအေသာက္မ်ားေထာက္ပံ့ေပးေနၾကၿပီး ၊ Onkol ဟာ ငယ္ရြယ္စဥ္အခ်ိန္ကတည္းက မိဘမ်ားကိုဆံုး႐ႈံးခဲ့ရသူျဖစ္ၿပီး ၊ ယခုခ်ိန္ထိ ဇနီးႏွင့္သားသမီး မ႐ွိသူျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။

ဆံုးျဖတ္ခ်က္ခိုင္မာၿပီး ဘဝကိုလံုးဝအေလ်ွာ့မေပးတဲ့ Onkol ရဲ႕ လုပ္ရပ္ဟာ လူတိုင္းအတြက္ အားက်အတုယူစရာေတြခ်ည္းျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source: gtgoodtimes.

Unicode

ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်တဲ့ အသက် 59 နှစ်အရွယ် Onkol အမည်ရှိတဲ့ ခြေလက်မသန်စွမ်းတဲ့အမျိုးသားဟာ ယာဉ်ကြောအသွားအလာကြီးကြပ်ပေးတဲ့ လက်ထောက်တစ်ယောက်အနေနဲ့ သူ၏အလုပ်ကိုစိတ်နှစ်မြုပ်စွာဖြင့် လုပ်ကိုင်နေလျက်ရှိပါတယ် ။ အဆိုပါအမျိုးသားဟာ ပြီးခဲ့တဲ့ April လကမှ ဖိလစ်ပိုင်နိုင်ငံ ၊ Cebu မြို့ရှိ Barangay Kasambagan မှာ အဆိုပါအလုပ်ကိုလက်ခံရရှိခဲ့တာဖြစ်ပါတယ် ။ ဘယ်လောက်ပဲမိုးရွာရွာ ၊ နေပူပူ Onkol ဟာ သူ၏လက်တစ်ဖက်ကိုယာဉ်ကြောအချက်ပြလက်အိတ်ဝတ်ပြီး အလုပ်ကြိုးစားနေခဲ့လို့ လူတိုင်းက လေးစားအားကျခဲ့ရတဲ့အထိပါပဲ ။ ယာဉ်ထိန်းရဲဌာနရဲ့အကြီးအကဲမှူးကတော့ Onkol ဟာ တော်တယ် ၊ စိတ်ရှည်တယ် ၊ အလုပ်ကြိုးစားတယ် စတဲ့အချက်တွေကြောင့် အလုပ်ပေးပြီး ကူညီထောက်ပံ့ပေးတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။

Onkol ဟာ အလုပ်ကို သုံးဘီးစက်ဘီးနှင့် မောင်းသွားလေ့ရှိပြီး ၊ မနက် 6နာရီကနေ – ညနေ 6နာရီ အချိန်ခန့်ထိအလုပ်လုပ်ကိုင်ရကာ တစ်လကို $39 ရရှိကြောင်း သိရှိရပါတယ် ။ အဆိုပါဝင်ငွေဟာOnkol နှင့် သူ၏အဝတ်တွေကိုလျှော်ဖွတ်ပေးတဲ့တူမဖြစ်သူတို့အတွက် လုံလုံလောက်လောက်တော့ရှိပါတယ် ။ အခြားဆွေမျိုးများက အစားအသောက်များထောက်ပံ့ပေးနေကြပြီး ၊ Onkol ဟာ ငယ်ရွယ်စဉ်အချိန်ကတည်းက မိဘများကိုဆုံးရှုံးခဲ့ရသူဖြစ်ပြီး ၊ ယခုချိန်ထိ ဇနီးနှင့်သားသမီး မရှိသူဖြစ်ကြောင်းသိရှိရပါတယ် ။

ဆုံးဖြတ်ချက်ခိုင်မာပြီး ဘဝကိုလုံးဝအလျှော့မပေးတဲ့ Onkol ရဲ့ လုပ်ရပ်ဟာ လူတိုင်းအတွက် အားကျအတုယူစရာတွေချည်းဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မသန္စြမ္းေပမဲ့ ကိုယ္ရဲ႕အလုပ္ကို စိတ္ႏွစ္ျမဳပ္ၿပီးေစတနာအျပည့္ႏွင့္လုပ္ေပးကာ ဇြဲမေလ်ာ့တဲ့ 59ႏွစ္အရြယ္အမ်ိဳးသား (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*