ဟင်းချက်တာညံ့လွန်းတဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ကို မီးရှို့ သတ်ပစ်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသား



Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အိန္နိယနိုင်ငံက ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ သူမ၏ခင်ပွန်းသည်အတွက်အစားအသောက်တွေကို ကောင်းမွန်စွာမချက်ပြုတ်ပေးနိုင်ခဲ့တဲ့အတွက် ခင်ပွန်းဖြစ်သူအမျက်ဒေါသထွက်ပြီး အပြစ်ပေးနှိပ်စက်ခြင်းကိုခံခဲ့ရပါတယ် ။ အဆိုပါအမျိုးသမီးချက်ပြုတ်တဲ့ဟင်းလျာတွေဟာ စားသောက်ဖို့တောင် အတော်လေးခက်ခဲနေခဲ့တဲ့အတွက် အစားအစာချက်ပြုတ်တာညံ့ဖျင်းတာကိုအပြစ်တင်ပြောဆိုရမယ့်အစား သူမ၏ခင်ပွန်းဟာ အမြဲတမ်းမမေ့ပျောက်နိုင် ၊ မဖျက်ဆီးနိုင်တဲ့အပြစ်ပေးခြင်းမျိုးနဲ့ ပြသာနာကိုဖြေရှင်းခဲ့ပါတယ် ။ ညစာစားပြီးနောက်မှာတော့ အခြားမိသားစုဝင်တွေကော ၊ သူ၏ အသက်26နှစ်အရွယ်ဇနီးဖြစ်သူကော အိပ်ယာဝင်တဲ့အထိကိုစောင့်ဆိုင်းနေခဲ့ပါတယ် ။ နောက်ဆုံး မိသားစုဝင်တွေအကုန်လုံးအိပ်မောကျသွားခဲ့တဲ့အချိန်မှာမှ ခင်ပွန်းဖြစ်သူဟာအိပ်မောကျနေတဲ့ဇနီးသည်ကို မီးရှို့ပစ်ခဲ့ပါတော့တယ် ။

ကံကောင်းစွာနဲ့ပဲ အနီးအနားမှာနေထိုင်နေကြတဲ့ မိသားစုဝင်များကရောက်ရှိလာခဲ့ပြီး ဇနီးသည်ကိုဝင်ရောက်ကယ်ဆယ်ပေးခဲ့ကြပါတယ် ။ ယခုချိန်မှာတော့ ခင်ပွန်းဖြစ်သူကိုရဲအရာရှိများက အဆိုပါပြစ်မှုအတွက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဟင်းချက်တာညံ့လွန်းတဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ကို မီးရှို့ သတ်ပစ်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*