Fashion နဲ႔ပက္သက္ရင္ ေခတ္နဲ႔အညီ လူငယ္ေတြထက္ပိုၿပီးဝတ္စားတတ္တဲ့ 83 ႏွစ္အရြယ္ အဘိုးအို (႐ုပ္သံ)

Kang အမည္႐ွိတဲ့ အသက္ 83ႏွစ္အရြယ္ အဘိုးအိုရဲ႕ ဝတ္စားဆင္ယင္တဲ့ပံုစံဟာေခတ္နဲ႔အညီ လူငယ္ေတြထက္ပိုၿပီးမိုက္ေနလို႔ social media ရဲ႕ fashion icon ႀကီးျဖစ္ေနခဲ့တာပါ ။ တ႐ုတ္ႏိုင္ငံ ၊ ဝူဟန္ၿမိဳ႕မွာေနထိုင္တဲ့ Kang ဟာ ငယ္ရြယ္စဥ္ကတည္းက fashion ပိုင္းကိုအေတာ္ေလး စိတ္ဝင္စားသူပါ ။ Kang ကေတာ့ ” ငါ့အရြယ္လူအေတာ္မ်ားမ်ားက သာမာန္အဝတ္အစားေတြပဲ ဝတ္ဆင္ၾကတယ္ ၊ အမဲေရာင္ ၊ အျဖဴေရာင္ ၊ မီးခိုးေရာင္ေတြေပါ့ ၊ ငါကေတာ့မတူဘူး ၊ ငါ့ရဲ႕ကိုယ္ပိုင္ ဝတ္စံုတြဲဖက္တဲ့နည္း႐ွိတယ္ ၊ ေခတ္ဆန္ၿပီး လူငယ္ဆန္တဲ့ဝတ္စံုမ်ိဳးကို ငါႀကိဳက္တယ္ ၊ လူအေတာ္မ်ားမ်ားက ပင္စင္ယူၿပီးတာနဲ႔ စိတ္ဓာတ္က်ေနၾကတယ္ ၊ အဲတာက မမွန္ကန္ဘူး ၊ ငါကေတာ့ လူငယ္ဆန္တဲ့ဝတ္စံုေတြဝတ္ၿပီး ေခတ္နဲ႔အညီလိုက္ေလ်ာေအာင္ေနထိုင္တယ္ ” ဆိုၿပီး ေျဖၾကားခဲ့ပါတယ္ ။ အဘိုးဟာ အဝတ္အစားသြားဝယ္တဲ့အခ်ိန္တိုင္း သူ၏ေျမးျဖစ္သူ Kangkang ႏွင့္အတူသြားေလ့႐ွိပါတယ္ ။

ေျမးျဖစ္သူ Kangkang ရဲ႕ေျပာျပခ်က္အရ ” အဘိုးက အရင္တုန္က တကၠသိုလ္ပါေမာကၡတစ္ဦးပါ ၊ သူက ေနာက္ဆံုးေပၚနည္းပညာေတြနဲ႔ပက္သက္တဲ့ဘာသာရပ္ေတြကို ေက်ာင္သားေတြထံသင္ၾကားပို႔ခ်ေပးခဲ့ရသူပါ ၊ သူ႔ရဲ႕ဗဟုသုတေတြကို ေက်ာင္းသားေတြထံေဝမ်ွေပးတယ္ ၊ အဲ့အတြက္ေၾကာင့္ သူက အသစ္ အသစ္ေသာအရာေတြကိုအျမဲစိတ္ဝင္စားေနတဲ့သူပါ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။

Kang ကေတာ့ သူ႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာေတြကို ေလ့က်င္ခန္းေတြ ၊ အားကစားေတြလုပ္ၿပီးထိန္းပါတယ္ ။ အထူးသျဖင့္ ဓားေရးယွဥ္ထိုးတာနဲ႔ ဘတ္စကတ္ေဘာ ကစားရတာကိုႀကိဳက္ႏွစ္သက္သူပါ ။ ” အားကစားက ကိုယ့္ရဲ႕ခႏၶာကိုယ္ကို တက္ႂကြလႈပ္႐ွားေစတယ္ ၊ သန္မာေစတယ္ ၊ အိမ္မွာ ဘားမွမလုပ္ပဲေနရင္ ကိုယ့္ရဲ႕စိတ္ပိုင္းဆိုင္ရာအေျခအေနကိုပါထိခိုက္ေစတယ္ ၊ အဲ့ေၾကာင့္ လူ႔အသိုင္းအဝိုင္း နဲ႔ မိသားစုကို ျပသာနာျဖစ္ေစမဲ့သူမ်ိဳး မျဖစ္ေစနဲ႔ ” ဆိုၿပီးေတာ့ Kang ကအၾကံေပးထားပါေသးတယ္ ။ လူအခ်ိဳ႕က Kang ရဲ႕အဝတ္အစားေတြက အသက္အရြယ္နဲ႔မလိုက္ဖက္ေၾကာင္း ေဝဖန္ၾကေပမဲ့လည္း ၊ Kang ကဘားမွခံစားမေနဘဲ အေကာင္းဖက္ကသာေတြးထင္ၿပီး အျမဲျပန္ေျဖၾကားေပးခဲ့ပါတယ္ ။ Kang ရဲ႕အေကာင္းဖက္ကသာ ေတြးထင္ေနထိုင္တဲ့ပံုစံေၾကာင့္ အခုလို ေခတ္ေ႐ွ႕ေျပးတဲ့အဘိုးတစ္ေယာက္လို တက္ႂကြေနတာျဖစ္ပါလိမ့္မယ္ ။ ” တစ္ခါတစ္ေလ လူတစ္ေယာက္ရဲ႕ထင္ျမင္ခ်က္က နင့္အတြက္အေႏွာင့္အယွက္ျဖစ္ေနလိမ့္မယ္ ၊ ဒါေပမဲ့ ေပ်ာ္ရႊင္စြာေနထိုင္ျခင္းက အေရးႀကီးဆံုးေသာအရာပါပဲ ” ဆိုၿပီး Kang ကေျပာျပခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: nextshark

Unicode

Kang အမည်ရှိတဲ့ အသက် 83နှစ်အရွယ် အဘိုးအိုရဲ့ ဝတ်စားဆင်ယင်တဲ့ပုံစံဟာခေတ်နဲ့အညီ လူငယ်တွေထက်ပိုပြီးမိုက်နေလို့ social media ရဲ့ fashion icon ကြီးဖြစ်နေခဲ့တာပါ ။ တရုတ်နိုင်ငံ ၊ ဝူဟန်မြို့မှာနေထိုင်တဲ့ Kang ဟာ ငယ်ရွယ်စဉ်ကတည်းက fashion ပိုင်းကိုအတော်လေး စိတ်ဝင်စားသူပါ ။ Kang ကတော့ ” ငါ့အရွယ်လူအတော်များများက သာမာန်အဝတ်အစားတွေပဲ ဝတ်ဆင်ကြတယ် ၊ အမဲရောင် ၊ အဖြူရောင် ၊ မီးခိုးရောင်တွေပေါ့ ၊ ငါကတော့မတူဘူး ၊ ငါ့ရဲ့ကိုယ်ပိုင် ဝတ်စုံတွဲဖက်တဲ့နည်းရှိတယ် ၊ ခေတ်ဆန်ပြီး လူငယ်ဆန်တဲ့ဝတ်စုံမျိုးကို ငါကြိုက်တယ် ၊ လူအတော်များများက ပင်စင်ယူပြီးတာနဲ့ စိတ်ဓာတ်ကျနေကြတယ် ၊ အဲတာက မမှန်ကန်ဘူး ၊ ငါကတော့ လူငယ်ဆန်တဲ့ဝတ်စုံတွေဝတ်ပြီး ခေတ်နဲ့အညီလိုက်လျောအောင်နေထိုင်တယ် ” ဆိုပြီး ဖြေကြားခဲ့ပါတယ် ။ အဘိုးဟာ အဝတ်အစားသွားဝယ်တဲ့အချိန်တိုင်း သူ၏မြေးဖြစ်သူ Kangkang နှင့်အတူသွားလေ့ရှိပါတယ် ။

မြေးဖြစ်သူ Kangkang ရဲ့ပြောပြချက်အရ ” အဘိုးက အရင်တုန်က တက္ကသိုလ်ပါမောက္ခတစ်ဦးပါ ၊ သူက နောက်ဆုံးပေါ်နည်းပညာတွေနဲ့ပက်သက်တဲ့ဘာသာရပ်တွေကို ကျောင်သားတွေထံသင်ကြားပို့ချပေးခဲ့ရသူပါ ၊ သူ့ရဲ့ဗဟုသုတတွေကို ကျောင်းသားတွေထံဝေမျှပေးတယ် ၊ အဲ့အတွက်ကြောင့် သူက အသစ် အသစ်သောအရာတွေကိုအမြဲစိတ်ဝင်စားနေတဲ့သူပါ ” ဆိုပြီး ပြောပြခဲ့ပါတယ် ။

Kang ကတော့ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာတွေကို လေ့ကျင်ခန်းတွေ ၊ အားကစားတွေလုပ်ပြီးထိန်းပါတယ် ။ အထူးသဖြင့် ဓားရေးယှဉ်ထိုးတာနဲ့ ဘတ်စကတ်ဘော ကစားရတာကိုကြိုက်နှစ်သက်သူပါ ။ ” အားကစားက ကိုယ့်ရဲ့ခန္ဓာကိုယ်ကို တက်ကြွလှုပ်ရှားစေတယ် ၊ သန်မာစေတယ် ၊ အိမ်မှာ ဘားမှမလုပ်ပဲနေရင် ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကိုပါထိခိုက်စေတယ် ၊ အဲ့ကြောင့် လူ့အသိုင်းအဝိုင်း နဲ့ မိသားစုကို ပြသာနာဖြစ်စေမဲ့သူမျိုး မဖြစ်စေနဲ့ ” ဆိုပြီးတော့ Kang ကအကြံပေးထားပါသေးတယ် ။ လူအချို့က Kang ရဲ့အဝတ်အစားတွေက အသက်အရွယ်နဲ့မလိုက်ဖက်ကြောင်း ဝေဖန်ကြပေမဲ့လည်း ၊ Kang ကဘားမှခံစားမနေဘဲ အကောင်းဖက်ကသာတွေးထင်ပြီး အမြဲပြန်ဖြေကြားပေးခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "Fashion နဲ႔ပက္သက္ရင္ ေခတ္နဲ႔အညီ လူငယ္ေတြထက္ပိုၿပီးဝတ္စားတတ္တဲ့ 83 ႏွစ္အရြယ္ အဘိုးအို (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*